Port News

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် LNG (သဘာဝ ဓာတ်ငွေ့ရည်) တင်သွင်းမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်စီစဉ်နေ

အိန္ဒိယနိုင်ငံက မြန်မာနိုင်ငံတွင် LNG (သဘာဝ ဓာတ်ငွေ့ရည်) တင်သွင်းမည့် ဆိပ်ကမ်းတစ်ခု တည်ဆောက်ရန်စီစဉ်နေ google.com

          အိန္ဒိယနိုင်ငံက မြန်မာ နိုင်ငံတွင် LNG (သဘာဝဓာတ် ငွေ့ရည်) တင်သွင်းမည့် ဆိပ်ကမ်းတစ်ခုတည်ဆောက်ရန် စီစဉ်နေကြောင်း

သြဂုတ် ၄ ရက် က SPUTNIK သတင်းတွင် ဖော်ပြထားခဲ့ပါတယ်။

 

          အိန္ဒိယက ဘင်္ဂလားဒေ့ရှ်နှင့် သီရိလင်္ကာကို စွမ်းအင်ထောက်ပံ့စီမံကိန်းနှင့်အတူ မြန်မာနိုင်ငံတွင်လည်း LNG ဆိပ်ကမ်းတည် ဆောက်မည်ဟု အိန္ဒိယရေနံဝန်ကြီး Dharmendra Pradhan က ဆိုခဲ့ပါတယ်။ ‘‘အိန္ဒိယ ရေနံကော်ပိုရေးရှင်းက LPG (ရေနံဓာတ်ငွေ့ရည်) သိုလှောင်ရေးနဲ့ပတ်သက်ပြီး မြန်မာကုမ္ပဏီတွေနဲ့ ဆွေးနွေးနေတယ်။ Petronet LNG ကုမ္ပဏီ က LNG ဆိပ်ကမ်းစတင်နိုင်ဖို့ လုပ်နေပြီ’’ ဟု ပြောထားခဲ့ပါတယ်။

 

          သို့သော် မြန်မာနိုင်ငံ၌ မည်သည့်နေရာတွင် တည်ဆောက်မည်ကို ပြောကြားခြင်းမရှိသေးပေ။လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဌာနသည် ပြည်ပမှ သဘာဝဓာတ် ငွေ့ရည် (LNG) တင်သွင်း၍ပြည်တွင်း၌ လျှပ်စစ်ထုတ်လုပ်ရန် မူဝါ ဒအသစ်ကို ၂၀၁၇ တွင် ချမှတ်ခဲ့ပါတယ်။ ထို့ကြောင့် စွမ်းအင်ကုမ္ပဏီများသည် မြန်မာနိုင်ငံသို့ LNG တင်သွင်း၍ လျှပ်စစ်ထုတ်လုပ် ရောင်းချရန်စီစဉ်ခြင်းဖြစ်ပါတယ်။

 

          LNG မှ လျှပ်စစ်ထုတ်လုပ်မည့် စီမံကိန်းလေးခုအားလုပ်ငန်း စတင်ခွင့်လက်မှတ်များကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာနက ၂၀၁၈ ဇန်နဝါရီ ၃၁ ရက်တွင် ပေးအပ်ခဲ့ပါတယ်။ LNG အသုံးပြု ၍ ပြည်တွင်း၌လျှပ်စစ်မဂ္ဂါဝပ် ၃၀၀၀ ကျော် ထုတ်လုပ်ရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနကထုတ် ပြန်ထားချက်အရ သိခဲ့ရပါတယ်။

 

          ခွင့်ပြုထားသည့် စီမံကိန်းများတွင် ပြင်သစ်၊ တရုတ်နှင့် ထိုင်း ကုမ္ပဏီများ ပါဝင်တယ်။ LPG တင်သွင်းခွင့်ကို ၂၀၁၁ က စတင်ခွင့်ပြုပြီးနောက် ထိုင်းနိုင်ငံမှတစ်ဆင့် ကုန်းလမ်းမှတင်သွင်းခဲ့ပါတယ်။

 

          ထို့အပြင် ဝန်ကြီးဌာနက ပြည်ပမှ LPG (ရေနံဓာတ်ငွေ့ ရည်) တင်သွင်းရန် မြန်မာ့ရေနံ နှင့် ဓာတုဗေဒလုပ်ငန်းပိုင်ဆိုင်သည့် ဆိပ်ကမ်းကို ပါရမီစွမ်း အင်ကုမ္ပဏီအုပ်စုသို့ ၂၀၁၇ နှစ် ကုန်ပိုင်းက စတင်အငှားချထားခဲ့ပါတယ်။ ပြည်တွင်း ကုမ္ပဏီ Elite Petrochemical ကုမ္ပဏီက LPG တင်သွင်းခွင့်ကို ၂၀၁၃ ဇန်နဝါရီတွင် ရင်းနှီးမြှုပ်နှံမှုကော်မရှင်ထံမှ ခွင့်ပြုချက်ရရှိထားပါတယ်။

 

Source: 7Day New

 

ReadMore : ROYAL HOSKENING ကုမ္ပဏီ နှင့်ပူးပေါင်း၍ ဆိပ်ကမ်းများ အဆင့်မြှင့်တင် တည်ဆောက်မည်

Read times
Rate this item
(0 votes)