Port News

ယခုနှစ်အတွင်း ဆိပ်ကမ်းရောက် ကားအရေအတွက်

ယခုနှစ်အတွင်း ဆိပ်ကမ်းရောက် ကားအရေအတွက် google.com

          ၂၀၁၈ ခုနှစ်အတွင်း ကားတင်သင်္ဘော ၃၉ စင်း ဆိုက်ကပ်ခဲ့ပြီးကားအစီးရေ ၂၇,၀၀၀ ကျော် ကမ်းချခဲ့ကြောင်း

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။

 

         ၂၀၁၈ ခုနှစ်၏ မော်တော်ယာဉ်တင်သွင်းခွင့်ဆိုင်ရာ မူဝါဒများအရ ၂၀၁၄ မော်ဒယ်နှင့်အထက် ဘယ်မောင်းကားများသာ တင်သွင်းခွင့်ရှိတော့၍ ကားတင်သွင်းမှုမှာ ယခင်နှစ်များထက် သိသိသာသာ လျော့နည်းသွားခဲ့ပြီး တစ်လလျှင် ပျမ်းမျှအစီး လေးထောင်ဝန်းကျင်သာ ကမ်းချခဲ့ကြောင်းသိရပါတယ်။

 

         ယခုနှစ်အတွင်းကားတင်သွင်းမှုသိသိသာသာလျော့နည်းသွားကြောင်းယမန်နှစ်ပါမစ်တွေနဲ့လျှောက်ထားသောကားတွေလောက်သာ တင်သွင်းမှုရှိတော့ကြောင်း၊ကားတင်သွင်းမှုနည်းသွားသည့်အတွက် ကားတင်သင်္ဘောဆိုက်ကပ်မှုလည်း နည်းသွားပြီး ကွန်တိန်နာသင်္ဘောဖြင့်သာ သယ်ယူတာများကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်၊ ကိုယ်စားလှယ်လုပ်ငန်းဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရပါတယ်။

 

         ယခုနှစ် ဇူလိုင်လကုန်အထိ ကားတင်သင်္ဘော ၃၉ စင်း ဆိုက်ကပ်ခဲ့ပြီး ကား ၂၇,၂၉ စီး ကမ်းချခဲ့ရာ ဇန်န၀ါရီလတွင် သင်္ဘော ခုနှစ်စင်းမှ ကား ၅,၁၄၇ စီး၊ ဖေဖော်ဝါရီလတွင် သင်္ဘောရှစ်စင်းမှ ကား ၆,၂၀၇ စီး၊ မတ်လတွင် သင်္ဘောရှစ်စီးမှ ကား ၅,၇၈၄ စီး၊ ဧပြီလတွင် သင်္ဘောလေးစီးမှ ကား ၃,၃၅၃ စီး၊ မေလတွင် သင်္ဘော လေးစင်းမှ ကား ၂,၈၀၇ စီး၊ ဇွန်လတွင် သင်္ဘောငါးစင်းမှ ကား ၃,၄၁၈ စီးနှင့် ဇူလိုင်လတွင် သင်္ဘောသုံးစင်း ဆိုက်ကပ်မှုမှ ကားအစီးရေ ၅၈၀ ကမ်းချခဲ့ကြောင်း မြန်မာ့ဆိပ်ကမ်းအာဏာပိုင်မှ သိရပါတယ်။

 

Source : Source: Automobile
 

ReadMore : ရန်ကုန်လိုင်စင်ဖြင့် ကားတင်သွင်းခွင့်ကြောင့် ကားဈေးအနည်းငယ်လှုပ်ခတ်ခဲ့

Read times
Rate this item
(1 Vote)