Tenders

မြို့တွင်း (၆)မြို့နယ်ရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန်များတွင် Smart Parking လုပ်ငန်း ဆောင်ရွက်ရန် EOI ခေါ်ယူခြင်း အပါအ၀င် ယနေ့တင်ဒါသတင်းများ

မြို့တွင်း (၆)မြို့နယ်ရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန်များတွင် Smart Parking လုပ်ငန်း ဆောင်ရွက်ရန် EOI ခေါ်ယူခြင်း အပါအ၀င် ယနေ့တင်ဒါသတင်းများ google

ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ မြို့တွင်း (၆)မြို့နယ်ရှိ ယာဉ်ရပ်နား ကန့်သတ်ဇုန်များတွင် Smart Parking လုပ်ငန်းကို အကောင်အထည်ဖော်ဆောင်ရွက်ရန်အတွက် ပြည်တွင်းကုမ္ပဏီ (သို့) ပြည်တွင်း+ပြည်ပ ဖက်စပ်ကုမ္ပဏီများ စိတ်ပါဝင်စားမှုဖော်ပြခြင်းအဆိုပြုလွှာ (EOI) တင်သွင်းနိုင်ရန် ဖိတ်ခေါ်ထားခဲ့ပါတယ်။

 

Smart Parking ဆောင်ရွက်မည့်နေရာများမှာ ရန်ကုန်တိုင်းဒေသကြီး၊ မြို့တွင်း (၆)မြို့နယ်ရှိ လမ်းများဖြစ်ပါတယ်။

 

EOI အဆိုပြုလွှာများကို (၂.၄.၂၀၁၉) ရက်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ မြို့တော်ခန်းမ၊ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား)တွင် ရုံးချိန်အတွင်း ၀ယ်ယူနိုင်ကြောင်း သိရပါတယ်။

 

EOI အဆိုပြုလွှာစာရွက်စာတမ်းများ အပြည့်အစုံကို အထက်ဖော်ပြပါဌာနသို့ (၂၄.၄.၂၀၁၉) ရက် ညနေ (၄)နာရီ နောက်ဆုံးထား၍ တင်သွင်းရမည်ဖြစ်ပြီး နောက်ကျတင်သွင်းသော EOI အဆိုပြုလွှာများကို လက်ခံမည် မဟုတ်ကြောင်း သိရပါတယ်။

 

EOI နှင့် စပ်လျဉ်း၍ သိရှိလိုသောအချက်များကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ၊ အင်ဂျင်နီယာဌာန (လမ်းနှင့် တံတား) ၊ ဖုန်း ၀၉ ၅၁၀ ၃၂၅၀ သို့ ရုံးချိန်အတွင်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရပါတယ်။

 

Source : မြန်မာ့အလင်း

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)