ငပလီရွိ သံတြဲေလဆိပ္ကို အျပည္ျပည္ဆိုင္ရာ ေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ရန္ ေလေၾကာင္းပို႔ေဆာင္ေရး ၫြန႔္ၾကားမႈဦးစီးဌာနက ေအာက္တိုဘာ ၁၅ ရက္တြင္ အိတ္ဖြင့္တင္ဒါ စတင္ဖိတ္ေခၚခဲ့ပါတယ္။
လက္ရွိ ျပည္တြင္းေလဆိပ္အျဖစ္ အသုံးျပဳေနသည့္ သံတြဲ ေလဆိပ္ရွိ ေလယာဥ္ေျပးလမ္းကို ခ်ဲ႕ထြင္မည္ဟု ေၾကညာျခင္းျဖစ္ပါတယ္။
သံတြဲေလဆိပ္ လက္ရွိ ေလယာဥ္ေျပးလမ္း အက်ယ္ေပ ၁၀၀ ကို ေပ ၁၅၀ အထိ ခ်ဲ႕ထြင္မည္ဟု ဦးစီးဌာနက ဆိုထားခဲ့ပါတယ္။အဆိုပါ ေလဆိပ္ အဆင့္ျမႇင့္တင္ျခင္းကို ျပည္ေထာင္စု အစိုးရ ဘ႑ာရန္ပုံေငြျဖင့္ တည္ေဆာက္မည္ဟု ပို႔ေဆာင္ေရးႏွင့္ ဆက္သြယ္ေရး ဝန္ႀကီးဌာန ဒုတိယဝန္ႀကီး ဦးေက်ာ္မ်ိဳးက ေျပာၾကားခဲ့ပါတယ္။
ရခိုုင္ျပည္နယ္ရွိ ေျမာက္ဦး ေလဆိပ္ႏွင့္ သံတြဲေလဆိပ္တို႔ကို အျပည္ျပည္ဆိုင္ရာ ေလဆိပ္ အျဖစ္ ျမႇင့္တင္မည္ျဖစ္ေၾကာင္း ရခိုင္ျပည္နယ္အစိုးရအဖြဲ႕၊ ဘ႑ာေရး၊ အခြန္၊ စီမံကိန္းႏွင့္ စီးပြားေရးဝန္ႀကီးဌာန ဝန္ႀကီး ဦးေက်ာ္ေအးသိန္းက ၂၀၁၉ ေဖေဖာ္ဝါရီ ရခိုင္ျပည္နယ္ ရင္းႏွီးျမႇဳပ္ႏွံမႈျပပြဲတြင္ ေၾကညာခဲ့ပါတယ္။
ဥေရာပခရီးစဥ္မ်ား ငပလီသို႔ တိုက္႐ိုက္ပ်ံသန္းေျပးဆြဲေရး ထိုေလဆိပ္ကို အဆင့္ျမႇင့္တင္ရန္ ပုဂၢလိဘက္က တင္ျပျခင္းျဖစ္သည္ဟု ၎ကဆိုထားခဲ့ပါတယ္။ျပည္တြင္း ေလဆိပ္ ၃၁ ခု အနက္ ခရီးသြားက႑ဖြံ႕ၿဖိဳးေရးအတြက္ ေလဆိပ္ ၁၄ ခုကို အဆင့္ျမႇင့္တင္ရန္ ႏိုင္ငံေတာ္သမၼတက ၂၀၁၆ တြင္ သေဘာတူညီခဲ့တယ္လို့လဲ သိခဲ့ရပါတယ္။
ထိုထဲတြင္ သံတြဲႏွင့္ ေကာ့ေသာင္း ေလဆိပ္မ်ားကို ႏိုင္ငံတကာ ေလဆိပ္အျဖစ္ အဆင့္ျမႇင့္တင္ရန္ သေဘာတူခဲ့ပါတယ္။
>>>Thandwe Airport Information<<<
Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>
သံတွဲလေဆိပ် အဆင့်မြှင့်တင်ရန် အိတ်ဖွင့်တင်ဒါခေါ်
ငပလီရှိ သံတွဲလေဆိပ်ကို အပြည်ပြည်ဆိုင်ရာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် လေကြောင်းပို့ဆောင်ရေး ညွန့်ကြားမှုဦးစီးဌာနက အောက်တိုဘာ ၁၅ ရက်တွင် အိတ်ဖွင့်တင်ဒါ စတင်ဖိတ်ခေါ်ခဲ့ပါတယ်။
လက်ရှိ ပြည်တွင်းလေဆိပ်အဖြစ် အသုံးပြုနေသည့် သံတွဲ လေဆိပ်ရှိ လေယာဉ်ပြေးလမ်းကို ချဲ့ထွင်မည်ဟု ကြေညာခြင်းဖြစ်ပါတယ်။
သံတွဲလေဆိပ် လက်ရှိ လေယာဉ်ပြေးလမ်း အကျယ်ပေ ၁၀၀ ကို ပေ ၁၅၀ အထိ ချဲ့ထွင်မည်ဟု ဦးစီးဌာနက ဆိုထားခဲ့ပါတယ်။အဆိုပါ လေဆိပ် အဆင့်မြှင့်တင်ခြင်းကို ပြည်ထောင်စု အစိုးရ ဘဏ္ဍာရန်ပုံငွေဖြင့် တည်ဆောက်မည်ဟု ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်မျိုးက ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ်ရှိ မြောက်ဦး လေဆိပ်နှင့် သံတွဲလေဆိပ်တို့ကို အပြည်ပြည်ဆိုင်ရာ လေဆိပ် အဖြစ် မြှင့်တင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့၊ ဘဏ္ဍာရေး၊ အခွန်၊ စီမံကိန်းနှင့် စီးပွားရေးဝန်ကြီးဌာန ဝန်ကြီး ဦးကျော်အေးသိန်းက ၂၀၁၉ ဖေဖော်ဝါရီ ရခိုင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုပြပွဲတွင် ကြေညာခဲ့ပါတယ်။
ဥရောပခရီးစဉ်များ ငပလီသို့ တိုက်ရိုက်ပျံသန်းပြေးဆွဲရေး ထိုလေဆိပ်ကို အဆင့်မြှင့်တင်ရန် ပုဂ္ဂလိဘက်က တင်ပြခြင်းဖြစ်သည်ဟု ၎င်းကဆိုထားခဲ့ပါတယ်။ပြည်တွင်း လေဆိပ် ၃၁ ခု အနက် ခရီးသွားကဏ္ဍဖွံ့ဖြိုးရေးအတွက် လေဆိပ် ၁၄ ခုကို အဆင့်မြှင့်တင်ရန် နိုင်ငံတော်သမ္မတက ၂၀၁၆ တွင် သဘောတူညီခဲ့တယ်လို့လဲ သိခဲ့ရပါတယ်။
ထိုထဲတွင် သံတွဲနှင့် ကော့သောင်း လေဆိပ်များကို နိုင်ငံတကာ လေဆိပ်အဖြစ် အဆင့်မြှင့်တင်ရန် သဘောတူခဲ့ပါတယ်။
>>> ေလဆိပ္ ၂၆ ခုမာတိကာ သိရိွလိုပါက <<<
Source :7daydaily