>>>> Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ <<<<
Unicode ဖြင့် ဖက်ရှု့လိုပါက
>>>>>>>>>>>>>>>
ရှမ်းပြည်နယ် (မြောက်ပိုင်း) ဂုတ်တွင်းတံတား ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ
ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မန္တလေးမြို့၊ တံတားဦးစီးဌာနတွင် ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ်တွင် ဂုတ်တွင်းတံတား ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါခေါ်ခြင်း ဖြစ်ပါတယ်။
မန္တလေးမြို့မှ ၂ဝ၁၉-၂ဝ၂ဝ ဘဏ္ဍာနှစ် အရေးပေါ်ရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မန္တလေး-လားရှိုး-မူဆယ်လမ်း၊ မိုင် (၈၄/ဝ) ရှိ ဂုတ်တွင်းတံတား ဆောက်လုပ်ရန် အိတ်ဖွင့်တင်ဒါပေးသွင်းရန် ခေါ်ယူခြင်းဖြစ်ပါတယ်။
အဆိုပါ တံတားမှာ (၂၁ဝ) ပေရှည် သံကူကွန်ကရစ် နှစ်လမ်းသွားတံတားသစ် တည်ဆောက်ခြင်း လုပ်ငန်းတွင် အသုံးပြုရန်အတွက် လိုအပ်သော လုပ်ငန်းသုံး တည်ဆောက်ရေးပစ္စည်းများ ဝယ်ယူခြင်းနှင့်သယ်ယူပို့ဆောင်ခြင်းများအား မြန်မာနိုင်ငံသား လုပ်ငန်းရှင်များထံမှ မြန်မာငွေကျပ်ဖြင့် လုပ်ငန်းခွင်အရောက် ဝယ်ယူလိုပါသဖြင့်ခေါ်ခြင်း ဖြစ်ကြောင်းသိရပါတယ်။
လျှောက်လွှာကို ၂ဝ၁၉ ဒီဇင်ဘာ ၂၃ ရက် မှစတင်ရောင်းချပေးမည်ဖြစ်ပြီး ၂ဝ၂ဝ ဇန်နဝါရီ ၁၄ရက် ညနေ ၁၄ နာရီအထိ တင်သွင်းနိုင်ကြောင်း သိရသည်။တင်ဒါစိစစ် ရွေးချယ်မည့်ရက်မှာ ၂ဝ၂ဝ ဇန်နဝါရီ ၁၅ရက် မနက် ၁ဝနာရီတွင်ဖြစ်ကြောင်း သိရပါတယ်။
တင်ဒါလျှောက်လွှာပုံစံ၊ စည်းကမ်းချက်များနှင့် အသေးစိတ်အချက်အလက်များကို တံတားအထူးအဖွဲ့(၄)၊ မန္တလေး၊ ဒု-ညွှန်ကြားရေးမှူး (မြို့ပြ)ရုံးနှင့် နောင်ချိုမြို့နယ်၊ လမ်းဦးစီးဌာန၊ဦးစီးအရာရှိ (မြို့ပြ)ရုံးတို့တွင် ရုံးချိန်အတွင်း စုံစမ်းဝယ်ယူနိုင်ပါတယ်။
ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ဝ၉-၂၅၁၇၆၉၂၂၃၊ ဝ၉-၇၇၂၉၅၂၂ဝ၂၊ ဝ၈၂-၈၅ဝ၁၅၊ ဝ၉-၄၅၈ဝ၃၃၈၁၈ သို့ ဆက်သွယ်မေးမြန်းနိုင်ပါတယ်။