၁။ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနတွင် အောက်ပါပစ္စည်းများအား မြန်မာကျပ်ငွေဖြင့် ဝယ်ယူခြင်းတို့အတွက် အိတ်ဖွင့်တင်ဒါ ပေးသွင်းရန် ဖိတ်ခေါ်အပ်ပါသည်။
(က) မော်တော်ယာဉ်များတွင် တပ်ဆင်အသုံးပြုရသော ရောင်ပြန်ပြား (၅)မျိုး
၂။ တင်ဒါခေါ်ယူသည့်အကြောင်းအရာနှင့် စံချိန်စံညွှန်းအရည်အသွေး သတ်မှတ်ချက်များ၊ တင်ဒါတင်သွင်းသူ၏ အရည်အချင်းဆိုင်ရာလိုအပ်ချက်များ၊ တင်ဒါစာရွက်စာတမ်းများအတွက် ကျသင့်သည့်ဈေးနှုန်း၊ တင်ဒါတင်သွင်းရမည့်နည်းလမ်းများကို ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ်(၂၉)နေပြည်တော် တွင် ရုံးချိန်အတွင်းရယူနိုင်ပြီး အသေးစိတ်အချက်အလက်များကိုလည်း ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ပါသည်။
(က) တင်ဒါပုံစံရောင်းချမည့်ရက် - ၈.၁.၂၀၂၀ ရက်မှ ၇.၂.၂၀၂၀ ရက်အထိ
( ခ) တင်ဒါတင်သွင်းရမည့်ရက် - ၁၀.၁.၂၀၂၀ ရက်မှ ၁၀.၂.၂၀၂၀ ရက် (၁၄:၀၀) နာရီအထိ (ရုံးချိန်အတွင်း)
(ဂ) တင်ဒါဖွင့်လှစ်မည့်ရက် - ၁၉.၂.၂၀၂၀ ရက်(ဗုဒ္ဓဟူးနေ့) နံနက် (၁၀:၀၀)နာရီ
(ဃ) တင်ဒါဖွင့်လှစ်မည့်နေရာ - ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အစည်းအဝေးခန်းမ ၊နေပြည်တော်။
တင်ဒါလက်ခံရေးနှင့်စိစစ်ရေးကော်မတီ
(ဖုန်း) ၀၆၇-၄၀၅၃၆၂၊ ၀၆၇-၄၀၅၁၈၃
Zawgyi ဖြင့်ဖက်ရှု့ရန်
>>>>>>>>>>
ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ မော်တော်ယာဉ်များတွင်တပ်ဆင်အသုံးပြုရသော ရောင်ပြန်ပြား(၅) မျိုး ဝယ်ယူရန် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်း
Myanmar Logistics Guide