Tenders

တံတားဦးစီးဌာနမှ အတ္တရံမြစ်ကူးတည်ဆောက်ခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ

တံတားဦးစီးဌာနမှ အတ္တရံမြစ်ကူးတည်ဆောက်ခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ google

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန၊ တံတားအထူးအဖွဲ့ (၁၄) ၊ မော်လမြိုင်မှ မွန်ပြည်နယ်အတွင်း တာဝန်ယူတည်ဆောက်လျှက်ရှိသော ကျိုက်မရောမြို့နယ်၊ ကျိုက်မရော-စံပယ်ဂူ-ကော့ပနော လမ်းပေါ်ရှိ အတ္တရံမြစ်ကူးတံတား တည်ဆောက်ခြင်း လုပ်ငန်းများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းဖြစ်သည်။

 

အဆိုပါ တင်ဒါကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်ထောင်စုရန်ပုံငွေ၊ ပြည်နယ်ရန်ပုံငွေတို့ဖြင့် လိုအပ်သော ဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းများ လုပ်ငန်းခွင်အရောက်ဝယ်ယူခြင်း၊ စက်ယာဉ်ယန္တရား ငှားရမ်းခြင်းနှင့် သံမဏိသံပေါင် သယ်ယူပို့ဆောင်ခြင်း လုပ်ငန်းများကို မြန်မာငွေကျပ်ဖြင့် အိတ်ဖွင့်တင်ဒါ ခေါ်ယူနေကြောင်းသိရသည်။

 

ဝယ်ယူမည့်ပစ္စည်းများ

 

-H.S.D (ရိုးရိုး၊ premium) , J-Wood


-10 mm thk; M.S Plate (5'×20')


- 100 mm× 100mm× 4.5 mm Steel Box (6 m Length)


-75 mm× 45 mm× 302 mm Steek Box × (6 Length)

ငှားရမ်းမည့်စက်ပစ္စည်းများ


-80 Ton Crawler Crane နှင့် 120 Ton Crawler Crane, Loader

 

သယ်ယူပို့ဆောင်ခြင်း

 

-သံမဏိသံပေါင်

 

တင်ဒါလျှောက်လွှာပုံစံနှင့် စည်းကမ်းချက်များမှာ တံတားအထူးအဖွဲ့(၁၄) ရုံးတွင်၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၇ ရက်နေ့ ရုံးချိန်အတွင်းမှ စတင် ဝယ်ယူနိုင်ပြီး ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက် ညနေ ၄ နာရီအထိ နောက်ဆုံးထား၍ တင်သွင်းရမည်။

 

တင်ဒါဖွင့်မည့်ရက်မှာ ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ နံနက် ၁၀ နာရီတွင် ညွှန်ကြားရေးမှူး (မြို့ပြ) ရုံး၊ လမ်းဦးစီးဌာန၊ မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် တင်ဒါစိစစ်ရွေးချယ်မည် ဖြစ်သည်။

 

အသေးစိတ် အချက်အလက်များ သိရှိလိုပါက ဖုန်း ၀၉-၄၂၆၉၈၀၈၉၈၊ ၀၉-၇၉၂၃၉၈၇၀၀၊ ၀၉-၄၅၂၉၀၄၅၅၉ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

---Zawgyi---

 


 


 


 


 



-10 mm thk; M.S Plate (5'×20')





 




 

သယ်ယူပို့ဆောင်ခြင်း


-သံမဏိသံပေါင်

 


 


 


 


 

Myanmar Logistics Guide

Read times
Rate this item
(0 votes)