Tenders
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး တင်ဒါအောင်မြင်ကြောင်း အသိပေးအကြောင်းကြားခြင်း
ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်တွင်းရေကြောင်းပို့ဆောင်ရေး တင်ဒါအောင်မြင်ကြောင်း အသိပေးအကြောင်းကြားခြင်း google
အကြောင်းအရာ ။ တင်ဒါအောင်မြင်ကြောင်း အသိပေးအကြောင်းကြားခြင်း
ရည်ညွှန်းချက် ။ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန(တင်ဒါကော်မတီ)၏
                           (၂၂.၁.၂၀၂၀)ရက်စွဲပါစာအမှတ်၊ ပဆ-၁/လစ(ဝယ်ယူရေး)/၂၀၂၀(၁၉၅)
၁။ ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ သာမန်အသုံးစရိတ်ဖြင့် စစ်တွေ အခြေပြုရေယာဉ်များအတွက် အသုံးပြုရန်လိုအပ်သော ဒီဇယ်ဆီ (၁၈၀၀၀) ဂါလန်ကို အိတ်ဖွင့်တင်ဒါခေါ်ယူ၍ (၉.၁.၂၀၂၀) ရက်နေ့၌ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး(ရုံးချုပ်) အစည်းအဝေးခန်းမတွင် တင်ဒါလက်ခံရေးနှင့် စိစစ်ရေးကော်မတီဝင်များမှ တင်ဒါဈေးနှုန်း အဆိုပြုလွှာများကို လက်ခံစိစစ်ခဲ့ရာ Petro&Trans Co,Ltd ထံမှ ဈေးနှုန်းအနည်းဆုံးဖြင့် စိစစ်ရရှိခဲ့ပါသည်။
၂။ သို့ဖြစ်ပါ၍ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန (တင်ဒါကော်မတီ) ထံသို့ (၁၀.၁.၂၀၂၀) နေ့တွင်တင်ပြခဲ့ရာ ရည်ညွှန်းပါစာဖြင့် စစ်တွေအခြေပြုရေယာဉ်များအတွက် ဒီဇယ်ဆီ (၈၁၈၂၈ လီတာ) = (၁၈၀၀၀) ဂါလန်ကို ဈေးနှုန်းအနည်းဆုံးဖြင့် တင်သွင်းရောင်းချနိုင်မည့် Petro& Trans Co,Ltd ထံမှ ဝယ်ယူခွင့်ပြုခဲ့ပါသဖြင့် ဌာနနှင့် အရောင်းအဝယ်စာချုပ်ချုပ်ဆိုခြင်း ပစ္စည်းများတင်သွင်းခြင်း စသည့်လုပ်ငန်းများ ဆောလျင်စွာ ဆက်လက်ဆောင်ရွက်နိုင်ရန် အကြောင်းကြားပါသည်။
>>>Zawgyi<<<
FB IMG 1580222325971
Myanmar Logistics Guide
Read times
Rate this item
(0 votes)