Tenders

စစ်တကောင်းဆိပ်ကမ်းမှာ တန်းမြင့်ကား ၁၁၂ စီး လေလံတင်ခဲ့ရာ ၅ စီးသာ ဝယ်သူရရှိ

စစ်တကောင်းဆိပ်ကမ်းမှာ တန်းမြင့်ကား ၁၁၂ စီး လေလံတင်ခဲ့ရာ ၅ စီးသာ ဝယ်သူရရှိ

ဘင်္ဂလားဒေ့ရှ် အကောက်ခွန်က Mitsubishi ၂၆ စီး ၊ Mercedes ၂၅ စီး ၊ BMW ၂၅ စီး ၊ Land Rovers ၇ စီး၊ Land Cruisers ၇ စီး၊ Honda CRV ၁ စီး၊ Lexus ၆ စီး၊ Ford ၅ စီး၊ Jaguar ၃ စီး အပါအဝင် တန်းမြင့်ကား ၁၁၂ စိးကို စုစုပေါင်းကြမ်းခင်းဈေး တာကာ ၁၈ ကုဋေ(အမေရိကန်ဒေါ်လာ သန်း ၂၁ ခန့်)ဖြင့် လေလံတင်ပါတယ်။ ၅ စီးကိုသာ ဝယ်သူရရှိပြီး ၁၀၇ စီး ရောင်းမထွက်ခဲ့ပါဘူး။ လေလံဆွဲကြသူတွေက ကြမ်းခင်းဈေးထက် ပိုပေးရမယ့်အစား ကြမ်းခင်းဈေးရဲ့ ၆၀% အောက်မှာသာ ဈေးပေးကြလို့ မရောင်းရတာ ဖြစ်ပါတယ်။
အခုလို ရောင်းမထွက်တဲ့အတွက် လက်ကျန် တန်းမြင့်ကား ၁၀၇ စီးကို လုပ်ထုံးလုပ်နည်းအရ အရည်ကြိုဖို့ ပေးပို့ရမှာ ဖြစ်ပါတယ်။

စစ်တကောင်း ဆိပ်ကမ်းအတွင်း ၈ နှစ်တာအတွင်း လာရောက် ရွေးထုတ်ခြင်းမရှိတဲ့ ကွန်တိန်ာများထဲမှ တန်းမြင့်ကား ၁၁၂ စီးကို လုပ်ထုံးလုပ်နည်းအရ လေလံပစ်တာ ဖြစ်ပါတယ်။ အခုလို နှစ်ကြာတဲ့အတွက် အင်ဂျင်၊ ဘက်ထရီနဲ့ ဘီးတွေအပါအဝင် ယာဉ်အစိတ်အပိုင်းတွေ ယိုယွင်းပျက်စီးမှုများ ရှိနေတဲ့အတွက် လေလံဆွဲသူတွေက ဈေးကို ခေါက်ချိုးနီးပါး လျှော့ချပြီး ကမ်းလှမ်းကြတာ ဖြစ်ပါတယ်။

အခုလို ကားထည့်ထားတဲ့ ကွန်တိန်နာ ၁၁၂ လုံး ဆိပ်ကမ်းထဲ ကာလရှည်ကြာ နေရာယူထားတဲ့အတွက် ဆိပ်ကမ်းနေရာပုပ်တာကြောင့် အနည်းဆုံး ကွန်ထိန်နာ ၃၃,၅၀၀ လုံးစာ နစ်နာခဲ့တယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းကြပါတယ်။

စစ်တကောင်းဆိပ်ကမ်းက တစ်နှစ်လျှင် ပေ ၂၀ ကွန်တိန်နာနှင့် ညီမျှသောပမာဏဖြစ်တဲ့ TEU (twenty-foot equivalent unit) ၄၉.၀၁၈ ခု ထားသိုနိုင်ပါတယ်။ တစ်နှစ်မှာ ကွန်တိန်နာ TEU ၃ သန်းကျော် ကိုင်တွယ်ပေးပါတယ်။

နိုင်ငံတကာ အကောက်ခွန် အင်္ဂါရပ်အရ နိုင်ငံထဲသို့ ယာယီလာရောက်တဲ့သူက သူ့ကိုယ်ပိုင်ကားကို ယာယီ တင်သွင်းတဲ့အခါ အကောက်ခွန် စည်းကြပ်ခြင်းမှ ကင်းလွတ်ခွင့် ရတဲ့ ကားပတ်စ်ပို့ဖြစ်တဲ့ Carnet de Passage ဖြင့် အဆိုပါ ကားတွေကို တင်သွင်းထားတာ ဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်မှာ Carnet de Passage ဖြင့် တင်သွင်းပြီး သုံးစွဲခွင့်ပြုပေးတာ သတ်မှတ်ကာလတစ်ရပ်အတွက်သာ ဖြစ်ပြီး ကာလကုန်ဆုံးတဲ့အခါ ပြည်ပသို့ ပြန်လည်တင်ပို့ရမှာ ဖြစ်ပေမဲ့ ပြန်မတင်ပို့ဘဲ ပြည်တွင်းမှာ ဆက်လက်သုံးစွဲကြလေ့ ရှိပါတယ်။ ကားပတ်စ်ပို့ဖြစ်တဲ့ Carnet de Passage ဖြင့် ဈေးကြီးတဲ့ တန်းမြင့်ကားတွေ တင်သွင်းကြလေ့ ရှိပါတယ်။ Carnet de Passage သက်တမ်းကုန်တဲ့အခါ ပြန်တင်ပို့ဖို့ ပျက်ကွက်ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ အကောက်ခွန် ၁၀၀% မှ ၅၀၀% အထိ ယာဉ်ကာလပေါက်ဈေးတန်ဖိုးအပေါ် စည်းကြပ်တဲ့အတွက် ဈေးကြီးတဲ့ sport utility vehicles (SUVs) များကို အခွန်လွတ် တင်သွင်းတဲ့ Carnet de Passage ဖြင့် နိုင်ငံခြားသား အမည်ခံပြီး တင်သွင်းလေ့ ရှိပါတယ်။ အလည်အပတ်လာတဲ့ နိုင်ငံခြားသား၊ သံတမန် အစရှိသူတွေအနေဖြင့် Carnet de Passage ဖြင့် ကားတင်သွင်းခွင့် ရှိပါတယ်။

တန်းမြင့်ကား ၁၁၂ စီးကို လေလံပစ်မယ့်အကြောင် သတင်းစာတွေမှာ ငွေကုန်ခံပြီး ကြော်ငြာခဲ့ပါတယ်။ အွန်လိုင်းမှာလည်း လေလံပစ်ပါတယ်။ မြေပြင်မှာလည်း တင်ဒါခေါ်ခြင်း၊ လေလံပစ်ခြင်းများ ဆောင်ရွက်ခဲ့ပါတယ်။ ယခု ပဉ္စမအကြိမ်နှင့် နောက်ဆုံးအကြိမ်အဖြစ် လေလံတင်ခဲ့တာ ဖြစ်ပါတယ်။

အကောက်ခွန်လုပ်ထုံးလုပ်နည်းအရ ဆိပ်ကမ်းမှာ ရက်ပေါင်း ၃၀ အတွင်း လာမရွေးခဲ့ရင် အကောက်ခွန်အာဏာပိုင်တွေက တင်သွင်းသူကို နို့တစ်ပေးပို့ပါတယ်။ နောက်ထပ် ၁၅ ရက် ကြာသည်အထိ လာမရွေးသေးရင် အကောက်ခွန်အာဏာပိုင်တွေက လေလံပစ်ခွင့် ရှိပါတယ်။ စည်းမျဉ်းစည်းကမ်းအရ တစ်လအတွင်း လေလံပစ်ရမှာ ဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် ယခုလို နှစ်ချီပြီး ကြာမြင့်ခဲ့တာ ဖြစ်ပါတယ်။

ပုံမှန်အားဖြင့် လေလံဆွဲနေကျ စီးပွားရေးသမား ၈၀ ဦး ဝန်းကျင် ရှိပါတယ်။ စစ်တကောင်း အကောက်ခွန်ရုံးရဲ့ လေလံတွေကို ဆွဲနေကျ ဖြစ်ပေမဲ့ ယခုတစ်ကြိမ်မှာတော့ လေလံလာဆွဲသူ လျော့နည်းနေခဲ့ပါတယ်။

အခက်အခဲ တစ်ခုက ကားကို ဆိပ်ကမ်းထဲကနေ ထုတ်ဖို့အတွက် စီးပွားကူးသန်း ဝန်ကြီးဌာနမှ clearance permit (CP) ရယူဖို့ လိုအပ်ပါတယ်။ CP ရထားတဲ့ ကားကိုသာ လေလံဆွဲဖို့ ပါဝင်လုပ်ဆောင်မှာ ဖြစ်ပါတယ်။ CP ရဲ့ သက်တမ်းက ၅ နှစ်ပဲ ရှိတာကြောင့် ၅ နှစ်အထက်ကြာနေတဲ့ ကားတွေအတွက် CP ပြန်လျှောက်ထားရမှာ ဖြစ်ပြီး ရဖို့အတွက် ကြန့်ကြာတတ်ပါတယ်။ လေလံဆွဲသူက ကားပိုင်ရှင် မဖြစ်သေးတဲ့အတွက် လေလံဆွဲမယ့်ကားအတွက် CP လျှောက်လို့ မရနိုင်တာကြောင့် လမ်ကြောင်းပိတ်နေပါတယ်။
စစ်တကောင်း အကောက်ခွန်ရုံးရဲ့ ပိုင်ဆိုင်မှုအောက်မှာ ရောက်ရှိနေတဲ့အတွက် အကောက်ခွန်ရုံးက CP ကို လျှောက်ထားရမှာ ဖြစ်ပါတယ်။ အဲဒီ အခက်အခဲကြောင့် လေလံဆွဲသူ နည်းပါးခဲ့တယ်လို့ ဆိုပါတယ်။

tbsnews.net

 

ctg_port_luxury_car_news_photo05.jpg

 

ctg_port_luxury_car_news_photo01.jpg

 

Read times
Rate this item
(3 votes)