Tenders

ကုန်သွယ်ရေးဦးစီးဌာနရှိ အခန်း (၁)ခန်း၊ မြေကွက် (၁) ကွက်၊ သိုလှောင်ရုံ (၅)လုံးနှင့် ရေဆင်းတံတားတို့အား ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူခြင်း

ကုန်သွယ်ရေးဦးစီးဌာနရှိ အခန်း (၁)ခန်း၊ မြေကွက် (၁) ကွက်၊ သိုလှောင်ရုံ (၅)လုံးနှင့် ရေဆင်းတံတားတို့အား ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူခြင်း google

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အခန်း (၁)ခန်း၊ မြေကွက် (၁) ကွက်၊ သိုလှောင်ရုံ (၅)လုံးနှင့် ရေဆင်းတံတားတို့အား ငှားရမ်းရန်အတွက် တင်ဒါခေါ်ယူထားသည်။

 

အဆိုပါငှားရမ်းမှု သက်တမ်း (၅)နှစ်၊ (၁)နှစ် တစ်ကြိမ်စာချုပ်စနစ်၊ ငှားရမ်းမှုတန်ဖိုး၏ (၁)လစာအား စပေါ်ငွေအဖြစ် ထားရှိ၍ ငှားရမ်းခနှင့် ကုန်သွယ်လုပ်ငန်းခွန် (၅) ရာခိုင်နှုန်းတို့အား (၁၂)လစာ ကြိုတင်ပေးသွင်းခြင်းစနစ်ဖြင့် နှစ်စဉ်ငှားရမ်းခကို (၅) ရာခိုင်နှုန်းတိုးမြှင့် ၍ ငှားရမ်းသွားမည်ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ဆိပ်ကမ်းသာလမ်း၊ အမှတ် (၂၇၄/၂၇၆)ရှိ အခန်း (၁)ခန်း၊

 

>>> Cold Storages အအေးခန်းသိုလှောင်ရုံဝန်ဆောင်မှုပေါင်း ၇၇ ခုကိုရှာဖွေရန်နှိပ်ပါ<<<

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ P3 ၀င်းအတွင်းရှိ ဘုန်းကြီးကျောင်းနှင့် ဂိုဒေါင်အကြားရှိ ပေ (၃၆x၄၀) မြေကွက် (၁)ကွက်၊

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ P3 ၀င်းအတွင်းရှိ သိုလှောင်ရုံအမှတ် (၅၀) သိုလှောင်ရုံး (၁) လုံး၊

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အထက်ပုဇွန်တောင်လမ်း၊ P3 ၀င်းအတွင်းရှိ ရေဆင်းတံတား (၁)ခု၊

 

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ်၊ အမှတ် (၂၄၀) ၀င်း၊ သိုလှောင်ရုံအမှတ် (၁ ၊ ၂ ၊ ၃ ၊ ၄) သိုလှောင်ရုံ (၄)လုံး၊

 

တင်ဒါပုံစံရောင်းချမည့်ရက်မှာ (၁၆.၁၀.၂၀၁၉) ရက်မှ (၁၆.၁၀.၂၀၁၉) ရက်အထိ ရုံးချိန်အတွင်း ရောင်းချသွားမည်ဖြစ်သည်။

 

တင်ဒါပိတ်မည့်ရက်မှာ (၁၆.၁၀.၂၀၁၉) ရက် ညနေ (၃)နာရီ အထိဖြစ်သည်။

 

တင်ဒါပုံစံရောင်းချမည့်နေရာမှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၊ ရုံးအမှတ် (၃) ၊ နေပြည်တော်ဖြစ်ကြောင်း သိရသည်။

 

>>> Storage Services သိုလှောင်ရေးကဏ္ဍနှင့်ပက်သတ်ပြီး ၀န်ဆောင်မှု ၁၄ ခုကိုရှာဖွေရန်နှိပ်ပါ<<<

 

တင်ဒါစည်းကမ်းချက်ရှင်းလင်းချက်မှာ (၁၇.၁၀.၂၀၁၉) ရက် မွန်းတည့် (၁၂)နာရီ ရှင်းလင်းသွားမည်ဖြစ်ပြီး အဆိုပါ နေ့လည် (၁)နာရီတွင် တင်ဒါ တင်သွင်းဖွင့်ဖောက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

တင်ဒါတင်သွင်းဖွင့်ဖောက်မည့်ရက်တွင် တင်ဒါတင်သွင်းသူကိုယ်တိုင် ၀န်ကြီးဌာန၊ တင်ဒါကော်မတီ၏ ရှေ့မှောက်တွင် အဆိုပြု လွှာများအား တင်ဒါပုံးတွင် ထည့်သွင်းယှဉ်ပြိုင်ရမည်ဖြစ်ပြီး ကုန်သွယ်ရေးဦးစီးဌာနမှ ငှားရမ်းမည့် အခန်း/မြေကွက်/သိုလှောင်ရုံ နှင့် ရေဆင်းတံတားများ၏ မျက်မြင်အခြေအနေအား သက်ဆိုင်ရာ မြို့နယ်သို့ သွားရောက် ကြည့်ရှုနိုင်မည်ဖြစ်သည်။

 

အသေးစိတ်အချက်အလက်များကို သိရှိလိုပါ လူကိုယ်တိုင်ဖြစ်စေ၊ ဖုန်း ၀၆၇- ၄၀၈၄၁၀ သို့ ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

 

မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တွင် စက်သုံးဆီများ ၀ယ်ယူရန် တင်ဒါခေါ်ခြင်း

 

Source : မြန်မာ့အလင်း

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)