Tenders

မြို့နယ် ၁၁ခုတွင် တိုးဂိတ်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူ

မြို့နယ် ၁၁ခုတွင် တိုးဂိတ်တည်ဆောက်ရန်အတွက် တင်ဒါခေါ်ယူ google.com

ရန်ကုန်မြို့တော် စည်ပင်သာယာကော်မတီနယ်နိမိတ်ပြင်ပရှိ မြို့နယ် ၁၁မြို့နယ်တွင်အဆင့်မြင့်မြို့ဝင်တိုးဂိတ်များအား လာမည့်မတ်လအတွင်း ဆောက်လုပ်သွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်များထံမှ သိရသည်။

ဆောက်လုပ်မည့်မြို့နယ်များမှာ မှော်ဘီ၊တိုက်ကြီး၊လှည်းကူး၊သန်လျင်၊ကျောက်တန်း၊ခရမ်း၊သုံးခွ၊တွံတေး၊ကွမ်းခြံကုန်း၊ကော့မှူးနှင့် ထန်းတပင် မြို့နယ်တို့ဖြစ်ပြီး မြို့အဝင် တိုးဂိတ်တစ်ခုစီဆောက်လုပ်မည်ဖြစ်ကြောင်း၊

ယခုအခါယင်းတိုးဂိတ်များဆောက်လုပ်ရန်အတွက် ဆောက်လုပ်မည့် နေရာများရွေးချယ်နေပြီး ပြည်တွင်း ကုမ္ပဏီများကို တင်ဒါခေါ်ယူနေပြီဖြစ်ကြောင်းသိရသည်။

မှော်ဘီတွင် သတ်မှတ်ထားသော နေရာအား သဘောမကျ၍ နေရာပြောင်းခိုင်းထားသည်။ယခုဘဏ္ဍာနှစ်ထဲတွင် ဆောက်မည်ဖြစ်ပြီး လက်ရှိတွင် မြို့ဝင်ကြေး မတောင်းခံ သေးဘဲ ဂိတ်ဆောက်လုပ်ပြီးမှ တောင်းခံမည်ဟုမှော်ဘီမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် မှ ပြောကြားကြောင်း သိရသည်။

လက်ရှိ မြို့ဝင်ကြေးကောက်ခံမှုပုံစံမှာ လမ်းတံတားကြေးကောက်ခံသည့် တိုးဂိတ်များနှင့် ပူးပေါင်း၍လည်းကောင်း၊လမ်းများတွင် နေရာတစ်ခုသတ်မှတ်၍ လည်းကောင်း စနစ်မကျသည့် ကောက်ယူမှုပုံစံဖြစ်နေသောကြောင့် ယခုကဲ့သို့ အဆင့်မြင့်မြို့ဝင်ဂိတ် များဆောက်လုပ်ရခြင်းဖြစ်ကြောင်း သိရသည်။

ယင်းမြို့ဝင်ဂိတ်များ ဆောက်လုပ်မှုအား ယခုနှစ် ၂ဝ၁၇-၂ဝ၁၈ ဖြည့်စွက်ရန်ပုံငွေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ပြီး မြို့ဝင်ဂိတ်တစ်ဂိတ်ကို ကျပ်သိန်း ၅ဝဝကျော်မှ ကျပ်သိန်း ၉ဝဝကျော်ခန့် ကုန်ကျမည်ဟု

ခန့်မှန်းတွက်ချက်ထားသောကြောင့် ခန့်မှန်းခြေကျပ်သိန်း ၇ဝဝဝခန့်ကုန်ကျနိုင်မည်ဖြစ်ကြောင်း သိရသည်။

စိတ်ဝင်စားသော လုပ်ငန်းရှင်များအနေဖြင့်တင်ဒါလျှောက်လွှာများအား ၁၅.၁.၂ဝ၁၈ ခုနှစ်တွင် ထုတ်ယူနိုင်ပြီး နောက်ဆုံးတင်သွင်းရမည့် နေ့မှာ ၆.၂.၂ဝ၁၈ ဖြစ်သည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊၆၁ရပ်ကွက်၊ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၊အင်ဂျင်နီယာဌာနတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ကြောင်း သိရသည်။

တင်ဒါခေါ်ယူခြင်းနှင့် စပ်လျဉ်း၍ သိရှိလိုသော အချက်များကို ရန်ကုန်တိုင်းဒေသကြီးစည်ပင်သာယာရေးအဖွဲ့ရုံး၊အင်ဂျင်နီယာဌာန၊ဖုန်းနံပါတ်-(ဝ၉-၉၅၃၁၂၉၆၆ဝ၊ဝ၉-၉၇၆၆၈ဝ၄၇၉၊ဝ၉-၂ဝ၄၂၇၅၉)သို့ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

Source:PyiMyanmar and Myanmar Time

Read times
Rate this item
(1 Vote)