Tenders

ပြည်ပကုမ္ပဏီများ ပြန်အပ်ခဲ့သည့် ကမ်းလွန်လုပ်ကွက်များကို ယခုနှစ်အတွင်း တင်ဒါခေါ်ယူ

ပြည်ပကုမ္ပဏီများ ပြန်အပ်ခဲ့သည့် ကမ်းလွန်လုပ်ကွက်များကို ယခုနှစ်အတွင်း တင်ဒါခေါ်ယူ google.com

နိုင်ငံခြားရေနံ ကုမ္ပဏီများက ပြန်လည်အပ်နှံခဲ့သည့် သဘာဝဓာတ်ငွေ့ကမ်းလွန် လုပ်ကွက်များကို ယခုနှစ်အတွင်း၌ တင်ဒါပြန်ခေါ်မည်ဖြစ်သည်ကို လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန ပြောကြားချက်အရ သိခဲ့ရပါတယ်။

ထိုသို့ခေါ်ယူခဲ့ရာတွင် ပြန်လည်အပ်နှံခဲ့သည့် သဘာဝဓာတ်ငွေ့ ကမ်းလွန်လုပ်ကွက်များအပါအ၀င် ယခင်တင်ဒါခေါ်ရန်ကျန်ရှိသည့် လုပ်ကွက်များလည်း ပါဝင်မည်ဖြစ်သည်ဟု ဆက်လက်၍ ပြောခဲ့ပါတယ်။

 

သူတို့တွေဘက်ကလည်း သက်တမ်းတိုးနေခဲ့ရာမှ အချိန်ကြာမြှ့င်ခဲ့ပါတယ်။ ကျွန်တော်ဝန် ကြီးဖြစ်လာတော့ လုပ်ချင်လည်း ဆက်လုပ်၊ မလုပ်ချင်ရင်လည်း ကိုယ့်ဘာသာဆုံးဖြတ်ကြ၊နောက် လုပ်ချင်တဲ့သူတွေ အများကြီး။မင်းတို့ကန့်လန့်လုပ်နေတော့ နောက်လူလည်း လုပ်လို့မရဘူးဆိုတော့ ပြန်သွားကြပါတယ်။ ဒါကြောင့် လုပ်ဆောင်ရန် ကျန်ရှိနေသေးတာတွေကိုစုပြီး တင်ဒါပြန်ခေါ်မည်ဟု ဦးဝင်းခိုင်ပြောကြားချက် အရသိခဲ့ရပါတယ်။

 

လျှပ်စစ် နှင့် စွမ်းအင်ဝန်ကြီးဌာန အချက်အလက်များအရ မြန်မာ့ကမ်းလွန်ပင်လယ်ပြင်တွင် သဘာဝဓာတ်ငွေ့လုပ်ကွက် ၅၁ ကွက်ရှိခဲ့ပြီး ယခင်အစိုးရလက် ထက်တွင် ၃၈ ကွက်ကို တင်ဒါပေး ခဲ့ပါတယ်။ ဒါကြောင့် တင်ဒါခေါ် ယူရန် ၁၃ ကွက်ကျန်ရှိနေသေး ခဲ့ပါတယ်။နော်ဝေးအစိုးရပိုင် ရေန နှင့် သဘာဝဓာတ်ငွေ့ကုမ္ပဏီ Statoil သည် ရခိုင်ကမ်းလွန်ရှိ AD-10 လုပ်ကွက်ကို စီးပွားရေးအရတွက် ခြေမကိုက် ဟုဆိုကာ ပြန်လည်အပ်နှံပြီး မြန်မာနိုင်ငံမှထွက်ခွာ တော့မည်ဟု ၂၀၁၇ တွင်ထုတ်ပြန်ထားခဲ့ပါတယ်။

 

 

ထိုလုပ်ကွက်အတွက် နော်ဝေးကုမ္ပဏီ၏ စမ်းသပ်ရှာဖွေခွင့်လိုင်စင်သည် ၂၀၁၈ မတ်လတွင် သက်တမ်း ကုန်ဆုံးမည်။၂၀၁၇ တွင် အိန္ဒိယရေနံကုမ္ပဏီReliance  က ၎င်းတို့သည် ရေနံလုပ်ငန်းမှ အိုင်တီလုပ်ငန်းကိုလည်းပဲ ချဲ့ထွင်မည် ဖြစ်ကာ ကမ်းလွန်ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ကွက် M-17 နှင့် M-18 နှစ်ခုကို ပြန်လည်အပ်နှံရန်စီစဉ်ထားခဲ့ပါတယ်။ ဩစတြေးလျနိုင်ငံ Tap Oil ကုမ္ပဏီသည် M-7 လုပ်ကွက်ကိုလည်းကောင်း၊ Oil India ကုမ္ပဏီသည် M-4 လုပ် ကွက်ကိုလည်းကောင်း ရပ်ဆိုင်းမည် ဖြစ်ပါတယ်။

 

ရေနံ နှင့် သဘာဝဓာတ်ငွေ့တူးဖော်ရာတွင် အမှန်တကယ်ရှိ၊ မရှိ ပညာရပ်ပေါင်းမြောက်မြားစွာဖြင့် အချိန်ယူလေ့လာကာ ဆုံးဖြတ်ရကြောင်း၊ အပြင်ပိုင်းလေ့ လာကြည့်ရုံဖြင့် ရေနံနှင့်သဘာဝ ဓာတ်ငွေ့ရှိ၊ မရှိဆုံးဖြတ်၍ မရ ကြောင်း ရေနံနှင့်သဘာဝဓာတ် ငွေ့စီမံကိန်းဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ်ဦးဇော်အောင်က ပြောဆိုချက်အရ သိခဲ့ပါတယ်။

 

ကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၅၁ ကွက်အနက် ရခိုင် ကမ်းရိုးတန်း၊ မုတ္တမကမ်းလွန်၊ တနင်္သာရီကမ်းရိုးတန်းတို့တွင် ရေတိမ်လုပ်ကွက် ၂၆ ကွက် နှင့် ရေနက်ပိုင်းလုပ်ကွက် ၂၅ ကွက်ရှိ ပါတယ်။ ရေနက်ပိုင်း လုပ်ကွက်များသည်လည်း ရင်းနှီးမြှုပ်နှံမှု့ ပမာဏကြီမားခဲ့ပါတယ်။ထိုင်း၊ ပြင်သစ်၊ တရုတ်နှင့် ဩစတြေးလျကုမ္ပဏီများသည် ကမ်းလွန်လုပ်ကွက် များတွင်လည်း  သဘာဝဓာတ်ငွေ့ရှာဖွေရေး လုပ်ငန်းလုပ်ကိုင်နေခဲ့ပါတယ်။

 

Source ; 7 Day Daily

Read times
Rate this item
(0 votes)