Thursday, 15 November 2018 04:49
မော်တော်ယာဉ် ရာဖြတ်အခွန် တန်ဖိုးများ သတ်မှတ်ရာတွင် အက္ခရာနံပါတ်စဉ်အလိုက် C,D,E,F,H,I,G,K,L,M,N, စသည့် အက္ခရာနံပါတ်အနိမ့်အမြင့် ပေါ်မူတည်၍ ဈေးနှူန်း သိန်း၃၀ ခန့်ပိုမိုနိုင်ကြောင်း ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ် Brand New မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ရေယာဉ်နှင့် ထော်လာဂျီ စံနှူန်းများနှင့်ပတ်သက်၍ ပြည်တွင်းအခွန်များဦးစီးဌာနက ပေးပို့ထားချက်အရ သိရပါတယ်။
ထို့ပြင် ရန်ကုန်လိုင်စင်များသည် နယ်လိုင်စင်များထက် သိန်း၃၀ မှ သိန်း၅၀ အထိ ပိုမိုနိုင်ကြောင်းနှင့် မော်တော်ယာဉ်များအား စံနှူန်းသတ်မှတ်ရာတွင် ထည့်သွင်းစဉ်းစားရမည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနက စံနှူန်း များ ပေးပို့ထားပါတယ်။
အခွန်ထမ်းကြီးများဆိုင်ရာ အခွန်ရုံး၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံး( ၁)(၂)(၃)၊ တိုင်းဒေသကြီး ပြည်နယ်အခွန်ဦးစီးဌာနမှူးရုံးများနှင့် ပြည်ထောင်စုနယ်မြေ အခွန်ဦးစီးဌာနမှူးရုံးတို့က ဈေးကွက်အတွင်း အရောင်းအဝယ်ဈေးနှူန်းများကို စုံစမ်းပြုစု၍ ပေးပို့ရန် ရည်ညွှန်းပါစာများဖြင့် အကြောင်းကြားခဲ့ပါတယ်။
ထိုသို့ အကြောင်းကြားခဲ့ခြင်းမှာ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အတွက် မော်တော်ယာဉ် Brand New မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်၊ သုံးဘီးဆိုင်ကယ်၊ ရေယာဉ်နှင့် ထော်လာဂျီ စံနှူန်းသတ်မှတ်ရန်အတွက်ဖြစ်ပါတယ်။ရည်ညွှန်းပါစာများဖြင့် အကြောင်းကြားချက်အရ ပြန်လည်တင်ပြလာခဲ့သည့်ဈေးနှူန်းများကို အခြေခံ၍ သင့်လျော်သော ဈေးနှူန်းများသတ်မှတ်ပြီး ပေးပို့ထားခဲ့ခြင်းဖြစ်ပါတယ်။
ပြင်ပကားအရောင်းအဝယ်ပြုလုပ်ရာ၌ ကားအရောင်ပေါ်မူတည်၍ ဈေးနှူန်းကွာခြားမှူရှိခြင်း ၊ ကားအရောင်အဖြူနှင့် အနက်မှာ အခြားအရောင်များထက် ကျပ်၁၀သိန်းမှ ၁၅သိန်း ခန့်အထိပိုမိုကုန်ကျခြင်း ၊ ထုတ်လုပ်သော ခုနှစ်တူသော်လည်း ကားအတွင်းပိုင်းတွင်ပါဝင်သော ပစ္စည်းများကွာခြား၍ ဈေးနှုန်းကွာခြားမှူရှိခြင်းတို့ကြောင့် ယခုသတ်မှတ်ထားသော စံနှူန်းများမှာ ကြမ်းခင်းဈေးဖြစ်၍ အခွန်ထမ်းမှ စံနှူန်းထက် ပိုမိုတင်ပြလာသော အမှန်တန်ဖိုး ဖြစ်ပါက အမှန်တန်ဖိုးကိုသာအသုံးပြုရန် ညွှန်ကြားထားခဲံပါတယ်။
Source : myanmar time