Transportation

Saturday, 27 October 2018 08:42

ဖောက်စွပ်ကား အစီး ၂၆၀ အထိ စစ်ဆေးတွေ့ရှိသော်လည်း ၄၇ စီးသာ အပ်နှံ

ဖောက်စွပ်ကား အစီး ၂၆၀ အထိ စစ်ဆေးတွေ့ရှိသော်လည်း ၄၇ စီးသာ ကားအပ်နှံထားကြောင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနမှ Body Coach (အခွန်ချိန်း၊ အလုံးချိန်း) ပြောင်းကားများကို ၂၀၁၅ မော်တော်ယာဉ်ဥပဒေ၊ အခန်း-၄၊ အပိုဒ်-၁၈(င) တွင် ပါရှိသည့် ခွင့်ပြုချက်မရဘဲ မော်တော်ယာဉ်အမျိုးအမည်၊ ခုနှစ်၊ ပုံစံ၊ ခွင့်ပြု၍မရသော ပုံစံအနေအထား၊ ကိုယ်ထည်ပြောင်းလဲထားကြောင်း စစ်ဆေးတွေ့ရှိပါက မော်တော်ယာဉ် မှတ်ပုံတင်ခြင်းကို ခေတ္တရပ်စဲခြင်း၊ ဖျက်သိမ်းခြင်း စသည့်အချက်အပေါ် အခြေခံကာ အရေးယူဆောင်ရွက်လျက်ကြောင်း သိရပါတယ်။ ဖောက်စွပ်ကားများကို စစ်ဆေးရာတွင် ဇွန် ၁၁ ရက်မတိုင်မီအထိ ၂၁၃ စီးတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ဒုတိယပတ်အထိ ၄၇ စီး ထပ်မတွေ့ရှိခဲ့ပြီး အောက်တိုဘာလ ဒုတိယအပတ်အထိ ၄၇ စီး ထပ်မံတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဇွန် ၁၁ ရက်မတိုင်မီ တွေ့ရှိခဲ့သော ဖောက်စွပ်ကား ၂၁၃ စီးတွင် သုံးစီးသာ သက်ဆိုင်ရာရဲစခန်းများထံ သွားရောက်အပ်နှံမှုရှိကြောင်း သိရပါတယ်။ Source: automobile

Friday, 26 October 2018 10:27

Omni Focus မှ YBS ယာဉ်များညပိုင်းပြေးဆွဲရန် စီစဉ်နေ

ရန်ကုန်ဘတ်စ်ကားအများပိုင်ကုမ္ပဏီတစ်ခုဖြစ်သော Omni Focus ကုမ္ပဏီမှ တာဝန်ယူပြေးဆွဲနေသည့် YBS ယာဉ်လိုင်းများကို ညပိုင်းပြေးဆွဲနိုင်ရန် စီမံချက်ရေးဆွဲနေကြောင်း သိရပါတယ်။ YBS ယာဉ်လိုင်းများအားလုံး ညမှာ နံနက် ၅ နာရီမှ ည ၁၀ နာရီကျော်အထိသာ ပြေးဆွဲနေကြပြီး ညလုံပေါက်ပြေးဆွဲပေးသည့်ယာဉ်လိုင်း မရှိသေးကြောင်း သိရပါတယ်။ omni Focus ကုမ္ပဏီအနေဖြင့် တစ်ညလုံးပြေးဆွဲပေးနိုင်ရန် စီစဉ်နေခြင်းဖြစ်ပြီး ယခုနှစ်အတွင်း ပြေးဆွဲနိုင်ရန် စီမံချက်အသေးစိတ်ရေးဆွဲနေကြောင်း Omni Focus ကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။ ညပိုင်းပြေးဆွဲမည်ဆိုပါက ကုမ္ပဏီပိုင်ယာဉ်လိုင်းများအားလုံး တစ်ပြိုင်နက်ပြေးဆွဲခြင်း သို့မဟုတ် ဦးစားပေးယာဉ်လိုင်းသတ်မှတ်ပြေးဆွဲပေးခြင်းနှင့် ညပိုင်းပြေးဆွဲလျှင် ယာဉ်စီးဆနှုန်းထားသတ်မှတ်ချက်တို့ကို အသေးစိတ်ရေးဆွဲတွက်ချက်နေဆဲဖြစ်ကြောင်း သိရပါတယ်။ ယခင်မထသစနစ်တွင် ညဥ့်နက်ပိုင်းအထိ လိုင်းကားများပြေးဆွဲပေးမှုရှိခဲ့သော်လည်း YBS စနစ် ပြောင်းလဲချိန်တွင် ည ၁၀ နာရီကျော်လျှင် လိုင်းကားအခက်အခဲရှိသည့်အတွက် ထိုသို့ညလုံးပေါက်ကားများ ပြေးဆွဲပေးလျှင် ခရီးသည်များအတွက် များစွာအဆင်ပြေနိုင်မည်ဖြစ်ကြောင်း ခရီးသည်တစ်ဦးက ပြောပါတယ်။ ရန်ကုန်လေဆိပ်- ဆူးလေ(ကမ္ဘာအေးဘုရားလမ်း) ၊ ရန်ကုန်လေဆိပ်-ဆူးလေ(ပြည်လမ်း) ၊ YBS 20 YBS 83 YBS 56 YBS 98 YBS 99 တို့ကို Omni Focus ကုမ္ပဏီကတာဝန်ယူပြေးဆွဲနေခြင်းဖြစ်ပြီး ယာဉ်အစီးရေ ၃၀၀ ကျော်ခန့်ဖြင့် ပြေးဆွဲနေခြင်းဖြစ်ကြောင်း သိရပါတယ်။ Source: democracy

Friday, 26 October 2018 09:03

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေးစီမံကိန်း

မူဆယ်-မန္တလေး ရထားလမ်းဖောက်လုပ်ရေး စီမံကိန်းလုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာမှု (Feasibility Study) ဆောင်ရွက်ရန် မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံတို့အကြား အောက်တိုဘာ ၂၂ ရက်က နား လည်မှုစာချွန်လွှာလက်မှတ်ရေး ထိုးခဲ့သည်။ ‘‘ဒီစီမံကိန်းဟာ အရင်းအနှီး ကြီးမားသလို အခက်အခဲတွေလည်း ကြီးမားမှာဖြစ်ပါတယ်။ အဲဒီလိုပဲ လူမှုရေး၊ စီးပွားရေးအ ကျိုးအမြတ်တွေလည်း အများကြီး ရရှိမှာဖြစ်ပါတယ်’’ဟု ပို့ဆောင် ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဦးသန့်စင်မောင်က ပြောသည်။ယင်းစီမံကိန်းအတွက် ပို့ ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန် ကြီးဌာန၊ မြန်မာ့မီးရထား နှင့် တရုတ်နိုင်ငံ China Railway Eryuan Engineering Group တို့ နားလည်မှုစာချွန်လွှာလက်မှတ် ရေးထိုးသည့်အခမ်းအနားတွင် ဦးသန့်စင်မောင်က ထည့်သွင်း ပြောကြားသည်။ ‘‘ဒီနေရာမှာ ရထားလမ်းဖောက်လုပ်ရေးအတွက် အရေးအကြီးဆုံးစိန်ခေါ်မှုအနေနဲ့ နံပါတ်(၁)အချက်ကတော့ နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးပဲ ဖြစ်ပါတယ်။ ဒုတိယအချက်ကတော့ ပြည်သူလူထုတွေရဲ့ သဘောထား၊ ပူးပေါင်းဆောင်ရွက်မှုက ပိုပြီးအရေးကြီးပါတယ်။ ဒီလမ်း ကြောင်းအတွက် ပိုပြီး အရေးကြီးတာကတော့ Social Impact ပဲ ဖြစ်ပါတယ်’’ဟု ပြည်ထောင်စုဝန် ကြီးက ပြောသည်။တရုတ်ကုမ္ပဏီအနေဖြင့် လုပ်ငန်းဖြစ်မြောက်နိုင်ခြေလေ့လာမှုဆောင်ရွက်ရန် ၂၀၁၇ မေလကတည်းက တင်ပြထားကြောင်း၊ အဆင့်ဆင့်စိစစ်ဆောင်ရွက်ချက်များအရ ယခုကဲ့သို့ ခွင့်ပြုခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း အထွေထွေမန်နေဂျာ (မြို့ပြ)ဦးမောင်မောင်သိန်းက ဆိုသည်။ လေ့လာဆန်းစစ်မှုတွင် လမ်းကြောင်းတစ်လျှောက် ပတ် ဝန်းကျင်ထိခိုက်မှုဆန်းစစ်မှုများ၊ လူမှုရေးထိခိုက်မှု ဆန်းစစ်ခြင်း များအပြင် ဖြတ်ကျော်ရမည့် တောင်တန်း၊ မြစ်ချောင်းများ၊ ဖြတ်သန်းသွားသင့်သည့် မြို့များ စသည့်လမ်းကြောင်းတစ်လျှောက် ဆောင်ရွက်ရမည့် ကိစ္စရပ်များပါဝင်ပြီး မြန်မာ့မီးရထား မြို့ပြအင်ဂျင်နီယာဌာနအနေဖြင့် တရုတ်နိုင်ငံကို တွဲဖက်ကူညီ ဆောင်ရွက်မည်ဖြစ်ကြောင်း ၎င်းကပြောသည်။ မြေပုံအတွင်းတွက်ချက်မှုများအရ မူဆယ်-မန္တလေးရထားလမ်းသည် ၄၂၁ ကီလိုမီတာ(၂၆၇ ဒသမ ၈၁ မိုင်)ခန့် ကွာဝေးပြီး မူဆယ်၊ ကွတ်ခိုင်၊ သိန်းနီ၊လားရှိုး၊ ကျောက်မဲ၊ သီပေါ၊ မေမြို့စသည့်မြို့များကို ဖြတ်သန်းမည်ဖြစ်ကြောင်း ဦးမောင်မောင်သိန်းကပြောသည်။ ‘‘ဖြတ်သန်းတဲ့နေရာမှာ လမ်းကြောင်းတစ်လျှောက် တောတောင်က တော်တော်ထူထပ်တယ်။ ပြီးတော့ မြစ်ချောင်းတွေ၊ လျှိုတွေလည်းများတယ်။ ဒါကြောင့် ဒီအပိုင်းတွေမှာ ဖြတ်သန်းဖောက်လုပ်မယ်ဆိုရင် အ ကြမ်းဖျင်းလေ့လာချက်အရ ဥမင်လိုဏ်ခေါင်းတွေ မလွဲမသွေထည့်ပြီး ဖောက်လုပ်ရမှာ ဖြစ်တယ်။ နောက်တစ်ခုက မြစ်ကူး၊ ချောင်းကူး လျှိုမြောင်ကြီးတွေကို ဖြတ်သန်းတဲ့ တံတားကြီးတွေကို ထည့် ပြီးဆောက်ရမှာဖြစ်တယ်’’ဟု ၎င်းက ဆိုသည်။ အောက်တိုဘာ ၂၂ ရက် တွင် လက်မှတ်ရေးထိုးသည့် MoU သည် ၂ နှစ်သက်တမ်းဖြစ်ပြီး လုပ်ငန်းဖြစ်မြောက်နိုင်ခြေ လေ့လာရန် တစ်နှစ်အချိန်ရမည်ဟု ၎င်းကပြောသည်။ Source:7day Daily

Tuesday, 23 October 2018 14:27

အောက်တိုဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ်လိုက်သည့် Sky Link

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ယာဉ်ရပ်နားရာနေရာနှင့် လေဆိပ်အဆောက်အအုံအားဆက်သွယ်ထားသည့် sky link အား ခရီးသည်များအသုံးပြုနိုင်ရန် အောက်တိုဘာ ၂၂ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး လေဆိပ်ကားရပ်နားရာနေရာမှ တစ်ဆင့် Terminal 1 သို့တိုက်ရိုက်သွားလာနိုင်ပြီဖြစ်ကြောင်း လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။ ၂ဝ၁၆ ခုနှစ်မတ် ၁၂ရက်က ဖွင့်လှစ်ခဲ့သည့် ခရီးသည် အဆောက်အအုံသစ် Terminal 1 သည် အလျားမီတာ ၂၄ဝ၊အကျယ် ၉၇ ဒသမ ၇မီတာ ရှိ RC & Steel building ဖြစ်ပြီး ၊basement အပါအဝင် ငါးထပ်အဆောက်အအုံဖြစ်သည်။ အဆိုပါလေဆိပ်အဆောက်အအုံအား ကားရပ်နားရာနေရာမှ ဝင်ရောက်ထွက်ခွာနိုင်မည့် အလျား ၁ဝ၁ မီတာ၊အမြင့် ၂၄ ဒသမ၄၈ မီတာရှိ Sky Link နှင့် ဆက်သွယ်ဆောက်လုပ်ထားခြင်းဖြစ်သည်။ ယင်းကဲ့သို့ လေဆိပ်ကားပါကင်နှင့်လေဆိပ်အဆောက်အအုံအားဆက်သွယ်ထားသည့် Sky Line အား ထည့်သွင်းတည်ဆောက်ထားသော်လည်း ယခုထိအသုံးပြုနိုင်ရန် ဖွင့်လှစ်ထားခြင်းမရှိသေးကြောင်းသိရသည်။ ယင်းကဲ့သို့ Sky Link အား ပြည်သူများအသုံးပြုနိုင်ရန် ဖွင့်လှစ်ပေးခြင်းမရှိသည့်အကြောင်းရင်းမှာ အဆိုပါ Sky Link မှ လေဆိပ်အဆောက်အုံသို့ဝင်ရောက်သည့် အထပ်သည်လေဆိပ်အဆောက်အအုံ၏ level 4 အထပ်ဖြစ်ပြီး Duty Free အရောင်းဆိုင်များနှင့် အပန်းဖြေနေရာများ ပါဝင်သည့် Level ဖြစ်ပြီး အဆိုပါအပန်းဖြေနေရာများအား တည်ဆောက်ပြီးစီးခြင်းမရှိသေးသည့်အတွက် Sky Link အား အသုံးပြုနိုင်ရန် ခွင့်မပြုထားခြင်းဖြစ်သည်။ လက်ရှိအချိန်ထိ အဆိုပါ အပန်းဖြေရာနေရာများတည်ဆောက်ပြီးစီးခြင်းမရှိ သော်လည်း ခရီးသည်များသွားလာမှုအဆင် ပြေစေရန်အတွက် Sky Link အား ဖွင့်လှစ် နိုင်ရန် စီစဉ်ခြင်းဖြစ်ကြောင်း သိရသည်။ Terminal 1 ၏Basement တွင် Arrivaland Departure Bassage Handling ဧရိယာ၊Check-in Hall & Counter ဧရိယာ၊ Arrival Immigration Custom 2 Duty FreeShop ဧရိယာများပါဝင်ကာပထမ ထပ်တွင် Passport Control Area Security Check Ceparture Gate Lounge နှင့် Duty Free Shopဧရိယာ၊ ဒုတိယထပ်တွင် Retial Area နှင့် တတိယထပ်တွင် Recreation Are များ ပါဝင်တည်ဆောက်ထားကြောင်း သိရသည်။ ယခုထပ်မံတိုးချဲ့တည်ဆောက်ခဲ့သည့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အား မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့် ပြုချက်ရပြီး ၂ဝ၁၄ ခုနှစ် ဩဂုတ်တွင် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်ကာ ဒေါ်လာ သန်း ၆၆ဝ ခန့် ရင်းနှီးမြှုပ်နှံတည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းအရ လေဆိပ်အဆောက်အအုံသစ်အား တည်ဆောက်ရာတွင် ယခင်အသုံးပြုခဲ့သည့် ပြည်တွင်းခရီးသည် ဆိုက်ရောက်ထွက်ခွာဆောင်အား ဖြိုချ၍ အသစ်တည်ဆောက်ကာ ပြည်ပထွက် ခွာ၊ ဆိုက်ရောက်ဆောင်နှင့်တစ်ဆက်တည်း တည်ဆောက်သည့် လုပ်ငန်းအား လုပ်ကိုင် လျက်ရှိသည်။ အေးရှားဝေါလ်ကုမ္ပဏီလက်အောက်ရှိ Pioneer Aerodrome Services Co.ltd သည် နေပြည်တော်အပြည်ပြည်ဆိုင်ရာလေ ဆိပ်ဝန်ဆောင်မှုလုပ်ငန်းများသာမက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ဝန်ဆောင်မှု လုပ်ငန်းကိုလည်းလုပ်ကိုင်ခွင့်ရရှိထားသည်။ Source:Daily Eleven

Monday, 22 October 2018 07:00

အဝေးပြေးယာဉ်လက်မှတ်ဝယ်ယူရာတွင် အခက်အခဲရှိသူများကို ယာဉ်ကြီးကြပ်ကော်မတီမှ ကူညီမည်

သီတင်းကျွတ်ကာလတွင် မန္တလေးမြို့မှ နေရပ်ပြန်မည့်သူများအနေဖြင့် အဝေးပြေးယာဉ်လက်မှတ်ဝယ်ယူရာတွင်အခက်အခဲရှိပါက လက်မှတ်ရရှိအောင် ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများကြီးကြပ်မှုကော်မတီမှ သိရပါတယ်။ လက်ရှိတွင် မန္တလေးမြို့ အဝေးပြေးယာဉ်လိုင်းများတွင် စက်တင်ဘာလဆန်းပိုင်းမှစတင်၍ ကြိုတင်လက်မှတ်များ ၀ယ်ယူမှုများရှိသဖြင့် နေရပ်ပြန်ရန် အနီးကပ်ဝယ်ယူသူများအနေဖြင့် အခက်အခဲ ဖြစ်ပေါ်လျက်ရှိပြီး အမှန်တကယ် နေရပ်ပြန်လိုသူများအနေဖြင့် လူကိုယ်တိုင် မှတ်ပုံတင်ပြ၍ မန္တလေးမြို့ယာဉ်ရပ်နားစခန်းများရှိ မန္တလေးတိုင်းဒေသကြီး ယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီမက ဖွင့်လှစ်ထားသော ဂိတ်တဲများတွင် အကူအညီတောင်းခံနိုင်မည်ဖြစ်ပြီး မူလဈေးနှုန်းအတိုင်း ယာဉ်လက်မှတ်ခ ပေးဆောင်ရမည်ဖြစ်ကြောင်း သိရပါတယ်။ မန္တလေးတိုင်းဒေသကြီးယာဉ်လုပ်ငန်းများ ကြီးကြပ်မှုကော်မတီ ကြီးကြပ်မှုအောက်တွင် အဝေးပြေးယာဉ်ရပ်နားစခန်းငါးခုရှိပြီး ယာဉ်အသင်းပေါင်း ၅၅၀ ကျော်ရှိကာ ယာဉ်အစီးရေ ငါးထောင်ကျော်ရှိကြောင်း သိရပါတယ်။ Source: democrac

Monday, 22 October 2018 06:51

မြန်မာ့မီးရထား၏အငွေ့အသက်များ ခံစားလေ့လာနိုင်ရန် ရေနွေးငွေ့စက်ခေါင်းနှင့် ရထားတွဲများထားရှိပြသမည်

မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံဟောင်းနေရာတွင် တည်ဆောက်နေသည့် Pininsula Yangon Hotel တည်ဆောက်မှုပြီးစီးပါက မြန်မာ့မီးရထား၏အငွေ့အသက်များခံစားလေ့လာနိုင်ရန် ဟိုတယ်ရှေ့တွင် ရေနွေးငွေ့စက်ခေါင်းနှင့် ရထားတွဲများထားရှိပြသမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။ ရန်ကုန်မြို့၊ဗိုလ်ချုပ်အောင်ဆန်းလမ်းပေါ်ရှိ မြန်မာ့မီးရထားရုံးချုပ်အဆောက်အအုံဟောင်းအား Pininsula Yangon Hotel အဖြစ်တည်ဆောက်မှုပြီးစီးသည့်အခါ မြန်မာ့မီးရထားဆိုင်ရာ ရှေးဟောင်းအမွေအနှစ်များကို ထိန်းသိမ်းရန်နှင့် ဟိုတယ်သို့လာရောက်လည်ပတ်တည်းခိုသူများမြန်မာ့မီးရထား၏ အငွေ့အသက်များခံစားလေ့လာနိုင်ရန် ဟိုတယ်ရှေ့တွင် ရေနွေးငွေ့စက်ခေါင်းနှင့် ရထားတွဲများထားရှိပြသရန် ရည်ရွယ်ထားကြောင်း သိရသည်။ သို့ဖြစ်၍ The Hong Kong & Shanghai Hotel Limited (HSH)မှ တာဝန်ရှိသူများသည် မြန်မာ့မီးရထားမြစ်ငယ်တွဲပြင်စက်ရုံ၊အင်းစိန်စက်ခေါင်းရုံများအပါအဝင်မြန်မာ့မီးရထားရုံးအချို့သို့သွားရောက်လေ့လာမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ “မီးရထားရုံးချုပ်အဆောက်အအုံဟောင်းကို Pininsula Yangon Hotel အဖြစ်တည်ဆောက်ပြီးသည့်အခါမှာ မြန်မာ့မီးရထားဆိုင်ရာရှေးဟောင်းအမွေအနှစ်တွေကို ထိန်းသိမ်းသည့်သဘောနှင့် ဟိုတယ်ကို လာပြီး လည်ပတ်တည်းခိုတဲ့သူတွေ မြန်မာ့မီးရထား၏ အငွေ့အသက်များကို ခံစားလေ့လာနိုင်ဖို့ ဟိုတယ်ရှေ့တွင် ရေနွေးငွေ့စက်ခေါင်းနှင့် ရထားတွဲများ ထားရှိပြသနိုင်ရန် (HSH) က တာဝန်ရှိသူများက မြန်မာ့မီးရထားအလုပ်ရုံနေရာ များကို သွားပြီးလေ့လာနေကြတာပါ " ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်ဘူတာကြီး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် မြေပြင်ကွင်းဆင်းညှိနှိုင်းဆောင်ရွက်မှုလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ကြောင်း မြန်မာ့မီးရထားလုပ်ငန်းမှ သိရသည်။ စီမံကိန်းတည်ဆောက်မှု ရှစ်နှစ်ခန့်ကြာမြင့်မည်ဖြစ်သည့် ရန်ကုန်ဘူတာကြီးဘက်စုံဖွံ့ဖြိုးစီမံကိန်းတွင် ကန်ဒေါ်လာ ၂ ဒသမ ၅ဘီလျံရင်းနှီးမြှုပ်နှံကာပြည်တွင်းအလုပ်အကိုင်ပေါင်း တစ်သိန်းခန့်ဖန်တီးပေးနိုင်မည်ဖြစ်ကြောင့် အဆိုပါစီမံကိန်းအား ဦးစားပေးညှိနှိုင်းမှုပြုလုပ်ရန် ရွေးချယ်ခံရသည့် Central Transport Development Consortium(CTDC)၏ သတင်းထုတ်ပြန်ထားချက်အရ သိရသည်။ Source:Daily Eleven

Friday, 19 October 2018 10:18

အများပြည်သူသယ်ယူပို့ဆောင်ရေး YBS အတွက် လမ်းညွှန်မိုဘိုင်းလ်အပလီကေးရှင်းများ

မြန်မာနိုင်ငံရဲ့ မြို့ကြီးတစ်မြို့ဖြစ်တဲ့ ရန်ကုန်မြို့တော်ကြီးမှာ ယခုနှစ်ဇန်န၀ါရီလ(၁၆)ရက်နေ့ကစတင်ပြီး ဘတ်စ်ကားလမ်းကြောင်းတွေအားလုံး အပြောင်းအလဲဖြစ်ခဲ့တယ်။ ဘတ်စ်ကားကုမ္ပဏီတွေအများစုကို Yangon Bus Service (YBS) ဆိုတဲ့ ခေါင်းစဉ်အောက်မှာထားပြီး၊ ယခင်ကရှိခဲ့တဲ့ လမ်းကြောင်းပေါင်း(၃၀၀)လောက်ကို (၈၀)လောက်အထိလျော့ချပြီး အသစ်တဖန်ပြေးဆွဲစေခဲ့တယ်။ အဲ့ဒီလိုဘတ်စ်ကားလိုင်းများ ပြောင်းလဲမှုအစမှာ ခရီးသည်အများစုကတော့ မိမိတို့ခရီးအတွက် ဘယ်ကားစီးရမယ်ဆိုတာ အခက်အခဲဖြစ်လို့နေပါလိမ့်မယ်။ ဒီလိုပြဿနာတွေကို ဖြေရှင်းဖို့အတွက် လူသုံးများတဲ့ YBS လမ်းညွှန်အပလီကေးရှင်းလေးတွေကို ဖော်ပြပေးသွားပါမယ်။ 39 Bite Pu – Yangon Bus Guide ====================== ပထမဆုံးအနေနဲ့ 39 Bite Pu(Yangon Bus Guide) ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီအပလီကေးရှင်းကို သုံးဖို့အတွက် ပထမဆုံးအနေနဲ့ အင်တာနက်လိုင်းဖွင့်ဖို့ လိုအပ်ပါလိမ့်မယ်။ မိမိသွားလိုတဲ့လမ်းကြောင်းများကို မှတ်တိုင်အမည်တွေနဲ့တကွ ရှာဖွေနိုင်ပါတယ်။ ထို့ပြင်အခြားသောရွေးချယ်နိုင်သော လမ်းကြောင်းများရှိလျင်လည်း ဖော်ပြပေးပါသေးတယ်။ ယာဉ်လိုင်းတစ်ခုစီရဲ့ ခရီးစဉ်များကိုမှတ်တိုင်များနှင့်တကွ အသေးစိပ်ဖော်ပြပေးထားပြီး၊ GPS စနစ်များလည်းပါဝင်ကာ ဇော်ဂျီနှင့်ယူနီကုဒ်နှစ်မျိုးစလုံးနှင့် အသုံးပြုနိုင်ပါတယ်။ ဒီအပလီကေးရှင်းကို Google Play Store မှာ အခမဲ့ဒေါင်းယူနိုင်ပါတယ်။ App link: https://play.google.com/store/apps/details?id=com.ygnpublictransit Yangon Bus (YBus) ============ ဒုတိယတစ်ခုအနေနဲ့ Yangon Bus (YBus) ဆိုတဲ့ မိုဘိုင်းလ်အပလီကေးရှင်းလေးနဲ့ မိတ်ဆက်ပေးပါမယ်။ ဒီအပလီကေးရှင်းလေးမှာလည်း ခရီးသွားများအဆင်စေဖို့ လိုအပ်ချက်တွေ အစုံအလင် ထည့်သွင်းဖော်ပြထားပါတယ်။ မိမိသွားလိုတဲ့ခရီးအတွက် လမ်းကြောင်းရှာဖွေရာတွင် မှတ်တိုင်ဖြင့်သော်လည်းကောင်း၊ ယာဉ်လိုင်းနံပါတ်ဖြင့်သော်လည်းကောင်း လွယ်ကူစွာရှာဖွေနိုင်မှာဖြစ်ပါတယ်။ ထို့ပြင် GPS စနစ်ကိုသုံးပြီး မိမိရောက်ရှိနေသော နေရာအနီးတွင်ရှိသော ဘတ်စ်ကားမှတ်တိုင်များကိုလည်း ရှာဖွေနိုင်ပါသေးတယ်။ YBS နှင့်သက်ဆိုင်သော သတင်းအချက်အလက်များကိုလည်း ဖော်ပြပေးထားပြီး အင်တာနက်လိုင်းဖြင့် အသုံးပြုရမည်ဖြစ်သည်။ App link: https://play.google.com/store/apps/details?id=com.searchmyanmar.yangonbus Yangon Bus Service Official ================= ဒီတခါမှာတော့ Yangon Bus Service Official ဆိုတဲ့ လူသုံးအများဆုံး အပလီကေးရှင်းလေးကို ဖော်ပြပေးသွားပါမယ်။ ဒီအပလီကေးရှင်းလေးကတော့ YBS လမ်းကြောင်းအားလုံးရဲ့ တစ်ခုချင်းစီကို မြေပုံအညွှန်းနဲ့တကွ ကြည့်ရှနိုင်မှာဖြစ်ပါတယ်။ ဘတ်စ်ကားမှတ်တိုင်များအပြင် မှတ်တိုင်တစ်ခုချင်းစီကို ဖြတ်သွားသော ယာဉ်လိုင်းများရဲ့ခရီးစဉ် အစကနေအဆုံးထိအောင် အသေးစိပ် ဖော်ပြပေးထားပါသေးတယ်။ GPS စနစ်အပြင် မိမိသွားလိုတဲ့ခရီးအကွာအ​​​ဝေးကိုလည်း တွက်ချက်နိုင်ပါသေးတယ်။ ဒီအပလီကေး:ရှင်းကိုလည်း အင်တာနက်လိုင်းနဲ့ အသုံးပြုရမှာဖြစ်ပါတယ်။ App link: https://play.google.com/store/apps/details?id=mm.technomation.yangonbus Yangon Bus Service (Offline) ================= နောက်ဆုံးတစ်ခုအနေနဲ့ အင်တာနက်လိုင်းဖွင့်စရာမလိုတဲ့ Yangon Bus Service (Offline) ဆိုတဲ့ အပလီကေးရှင်းလေးကို ဖော်ပြပေးပါမယ်။ ဒီအပလီကေးရှင်းကတော့ Offline ဖြစ်တာနဲ့အညီ အခြားသောအပလီကေးရှင်းတွေထက် အားနည်းချက်တော့ အနည်းငယ်ရှိနေပါတယ်။ မိမိသွားလိုတဲ့ ခရီးရဲ့ယာဉ်လိုင်းနံပါတ်တွေကို တိုက်ရိုက်ရှာဖွေလို့ မရခြင်းပဲဖြစ်ပါတယ်။ ယာဉ်လိုင်းတစ်ခုစီရဲ့ ခရီးစဉ်အစအဆုံးအတွင်း ပါဝင်နေသော မှတ်တိုင်တွေကိုတော့ ဖော်ပြပေးထားပါတယ်။ မြို့နယ်တစ်ခုချင်းစီအတွင်း ဖြတ်သန်းသွားတဲ့ ယာဉ်လိုင်းနံပါတ်တစ်ခုစီကို ဖော်ပြပေးရုံပါပဲ။ ခရီးသည်တွေအနေနဲ့ မိမိတို့ရဲ့သွားလာရေးများ အဆင်ပြေစေဖို့ YBS လမ်းညွှန်အပလီကေးရှင်းလေးတစ်ခုကိုတော့ ဖုန်းထဲထည့်ထားဖို့ တိုက်တွန်းချင်ပါတယ်။ App link: https://play.google.com/store/apps/details?id=com.kzlmycodes.codezillion.yangonbus Ref: myanmar tech press

Thursday, 18 October 2018 03:28

ပို့ဆောင်ရေးနှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Transport & Logistics) ကဏ္ဍ

လယ်ယာထွက်ကုန်/ သီးနှံ စတင်စိုက်ပျိုးရန် စီစဉ်သည့် အဆင့်မှစပြီး နောက်ဆုံးအဆင့်ဖြစ်သော ဈေးကွက် မှ တစ်ဆင့် စားသုံးသူ လက်ဝယ်သို့ ရောက်ရှိအောင် ဆောင်ရွက်သည်အထိ လုပ်ငန်းစဉ်ကွင်းဆက်များ (Supply Chain) တွင် ပါဝင်သော ပို့ဆောင်ရေး နှင့် ထောက်ပံ့ဖြည့်ဆည်း စီမံဆောင်ရွက်မှု (Transport & Logistics) ကဏ္ဍသည် လွန်စွာအရေးပါသည့် ကဏ္ဍတစ်ရပ် ဖြစ်ပါတယ်။အဆိုပါကဏ္ဍကို ကောင်းမွန်အောင် ဆောင်ရွက်နိုင်ခြင်းဖြင့် Logistics Cost ကုန်ကျစရိတ် သက်သာပြီး လယ်ယာထွက်ကုန်/ သီးနှံများ ဈေးနှုန်း၊ အရည်အသွေး စသည်တို့တွင် နိုင်ငံတွင်းသာမက၊ ဒေသတွင်း နိုင်ငံများ ဈေးကွက်တွင်ပါ ယှဉ်ပြိုင်နိုင်သည့် အခွင့်အခါကောင်းများ ရရှိလာနိုင်မည် ဖြစ်ပါတယ်။ ကုန်စည် သယ်ယူပို့ဆောင်ရေး ဆောင်ရွက်ရာတွင် မတူညီသော ပို့ဆောင်ရေး နည်းလမ်းပုံစံ (Transport Mode)များ ဖြစ်ကြသည့် ကားဖြင့်ပို့ဆောင်ခြင်း (Road Transport)၊ ရထားဖြင့် တင်ပို့ခြင်း (Rail Transport)၊ ရေကြောင်းဖြင့် သယ်ဆောင်ခြင်း (Maritime/Water Transport or Sea/ River Transport) se scusme: wwB8: (Air Transport) စသည့် ပို့ဆောင်ရေးနည်းလမ်း ပုံစံများကွဲပြားခြားနားစွာတည်ရှိကြပြီး၊သည် လွန်စွာအရေးထက်ကဏ္ဍကို ကောင်းရွက်နိုင်ခြင်းဖြင့် အရည်အခ ကုန်ကျစရိတ်တွင် နိုင်ငံတွင်းသာမယ်ယာ ထွက်ကုန်ဒေါက်တာမျိုးငြိမ်းအေး (ပို့ဆောင်ရေး)ကုန်သည်များ အနေဖြင့် ၎င်းတို့ပို့ဆောင် ကုန်သွယ်မည့်လုပ်ငန်း နှင့် အဆင်အပြေဆုံး ဖြစ်မည့် ပို့ဆောင်ရေးနည်းလည်း တစ်မျိုး သို့မဟုတ် တစ်မျိုးထက်ပိုသော နည်းလမ်းများကို ပေါင်းစပ်အသုံးပြုခြင်းကို အသုံးပြုဆောင်ရွက်လေ့ ရှိကြပါတယ်။ သို့ဖြစ်ပါ၍ လုပ်ငန်း၏သဘာဝအရလည်းကောင်း၊ ကုန်ကျစရိတ် ပါဝင်မှုအရလည်းကောင်း ကွဲပြားခြားနားသည့် ပို့ဆောင်ရေးနည်းလမ်းများကို မှန်ကန်ထိရောက်စွာ အသုံးပြုပြီး လယ်ယာထွက်ကုန် သီးနှံများကို သယ်ယူတင်ပို့ နိုင်ခြင်းဖြင့် လည်းကောင်း၊ လိုအပ်ပါက ပို့ဆောင်ရေးနည်းလမ်း တစ်ခုထက်ပိုမိုသည့် ဘက်စုံပို့ဆောင်ရေးစနစ် (Multimodal Transport) ကို မှန်ကန်စွာ ပေါင်းစပ်အသုံးပြုနိုင်ရန် စီစဉ်ဆောင်ရွက်ခြင်းဖြင့် လည်းကောင်း လယ်ယာထွက်ကုန် နှင့် သီးနှံထုတ်ကုန် လုပ်ငန်းများကို ထိရောက်စွာ ကူညီပံ့ပိုးနိုင်မည် ဖြစ်ပါတယ်။ Source : Dr.Myo

Thursday, 18 October 2018 02:45

သီတင်းကျွတ်ရုံးပိတ်ရက်တွင် မုံရွာ-ဟုမ္မလင်း သင်္ဘောခရီးစဉ် ပြေးဆွဲပေးမည်

ခရီးသည် နှင့် ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် မုံရွာ-ဟုမ္မလင်း ချင်းတွင်းရေကြောင်းသွား သင်္ဘောခရီးစဉ်ကို သီတင်းကျွတ်ရုံးပိတ်ရက်ကာလ အောက်တိုဘာ ၁၉ရက်တွင် မုံရွာမြို့မှ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ချင်းတွင်းဌာနခွဲ)က အတည်ပြုခဲ့ပါတယ်။ ချင်းတွင်းမြစ်ရေနည်းချိန်ကာလဖြစ်၍ ရပ်နားခဲ့သော မုံရွာ-ဟုမ္မလင်း ချင်းတွင်းရေကြောင်းသင်္ဘောခရီးစဉ်ကို ခရီးသည်များ၏ တောင်းဆိုချက်အရ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်သည်။ ``လက်ရှိရေနည်းကာလမှာ ပြည်သူလူထုနဲ့ ကျောင်းသား ကျောင်းသူတွေတောင်းဆိုချက်အရ မြစ်ရေနည်းပါးပြီး သင်္ဘောသွားလာရေး အခက်အခဲမရှိတဲ့အချိန်အထိ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။´´ဟု ပြည်တွင်းရေကြောင်း(ချင်းတွင်းဌာနခွဲ)လက်ထောက်ညွှန်ကြားရေးမှူးဦးလေးနိုင်က ပြောပြချက်အရ သိခဲ့ရပါတယ်။ မိုးရာသီ ချင်းတွင်းမြစ်ရေများချိန်ကာလတွင် ခရီးသည်နှင့်ကုန်စည်များ သယ်ယူပို့ဆောင်ရေးလွယ်ကူစေရန်အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေး နှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ အကျိုးတူပူးပေါင်း၍ ယခုနှစ် ဇူလိုင်လ ၂ရက်မှ စက်တင်ဘာလ တတိယပတ်အထိ မုံရွာ-ဟုမ္မလင်းခရီးစဉ်အား သင်္ဘောနှစ်စီးဖြင့် ပြေးဆွဲခဲ့ပါတယ်။ စက်တင်ဘာလကုန်ရက်ပိုင်းမှစတင်၍ သင်္ဘောတစ်စီးဖြင့်သာ ပြေးဆွဲခဲ့ပါတယ်။လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေနည်းပါးလာသဖြင့် ဖောင်းပြင်မြို့ နှင့် ဟုမ္မလင်းမြို့အကြား နေရာ၃နေရာတွင် သောင်တင်ခြင်းများ ဖြစ်ပေါ်နေ၍ သင်္ဘောခရီးစဉ်ကိုအောက်တိုဘာလ ၁၃ရက်က ရပ်နားခဲ့ကြပါတယ်။ ချမ်းငြိမ်းသင်္ဘောသည် ခရီးသည် ၄၀၅ဦး ကုန်တန်ချိန်၇၀ခန့် တင်ဆောင်နိုင်ပြီး ခရီးသည်တစ်ဦးလျှင် မုံရွာ-ဟုမ္မလင်း ခရီးစဉ်အတွက် ရိုးရိုးတန်း ၁၁၀ဝ၀ကျပ် ၊ အထူးတန်း ၂၂၀ဝ၀ကျပ် ၊ ကုန်တစ်တန်လျှင် ၂၅၀ဝ၀ကျပ်မှ ၃၀ဝ၀ဝကျပ်အထိ သတ်မှတ်တင်ဆောင်ပြေးဆွဲခဲ့ပါတယ်။ Source ; Myanmar Time