Transportation

Friday, 05 October 2018 08:25

မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ကားငှားခြင်းကို Yoma Fleet က မကြာခင်စတင်မည်

မိုဘိုင်းအပလီကေးရှင်းဖြင့် ကားငှားခြင်းကို အောက်တိုဘာလလယ်တွင် စတင်အသုံးပြုနိုင်တော့မည်ဖြစ်ကြောင်း Yoma Fleet မှ operation manager ဦးဇေယျာဦးကပြောသည်။ လတ်တလောတွင်မူ အန်းဒရွိုက်ဖုန်းများတွင် စတင်အသုံးပြုနိုင်မည်ဖြစ်ပြီး အိုင်အိုအက်စ် ဖုန်းများတွင် အသုံးပြုရန်မှာ မူ အချိန်ကြာဦးမည်ဖြစ်ကြောင်းသိရသည်။ ''အက်ပလီကေးရှင်းကတော့အဆင်သင့်ဖြစ်နေပြီ။ ကျွန်တော်တို့စမ်းသပ်နေတယ်။ အဘက်ဘက်က အကုန်စိတ်ချရပြီ ဆိုရင် ဒီလလယ်လောက်မှာထွက်နိုင်ဖို့မှန်းထားတယ်။ အက်ပလီကေးရှင်းအနေနဲ့ကတော့ ဒါပထမဆုံးပါပဲ။ ကျွန်တော် တို့ ဝက်ဘ်ဆိုဒ်ကိုဝင်ဖို့အတွက်ဆိုရင် အက်ပလီကေးရှင်းကနေဆို ပိုမြန်သွားမယ်။ အိုင်အိုအက်စ်ဖုန်း အသုံးပြုသူ တွေအတွက်လည်း အက်ပလီကေးရှင်းရေးဖို့အစီအစဉ်ရှိတယ်။ ဒါပေမယ့်နည်းနည်းကြာအုံးမယ်'' ဟု ဦးဇေယျာဦးက ပြောသည်။ မြန်မာနိုင်ငံ၏ ပထမဆုံး ကိုယ်တိုင်မောင်းနှင်ပြီးအသုံးပြုသည့်အချိန်အတွက်သာ ကုန်ကျမည့် ကားအငှားဝန်ဆောင် မှုဖြစ်သော Yoma Car share ကိုလည်း Yoma Fleet က ၂ဝ၁၈ ခုနှစ်ဇွန်လတွင် ဈေးကွက်တွင်း စတင်မိတ်ဆက်ခဲ့သည်။ နာရီပိုင်း၊ ရက်ပိုင်း၊ ရက်သတ္တပတ်၊ လအလိုက် မိမိတို့အဆင်ပြေသလိုငှားရမ်းနိုင်ပြီး ကားအမျိုးအစားပေါ်မူတည်ကာ တစ်နာရီလျှင် ကျပ် ၁၃ဝဝ ကျပ်မှာ ကျပ် ၁၂,ဝဝဝ အထိ ကျသင့်မည်ဖြစ်ကာ တစ်ကီလိုမီတာလျှင် ၈၁ ကျပ်မှ ၁၁ဝ ကျပ်ကျသင့်မည်ဖြစ်သည်။ အိမ်သုံး၊ ရုံးသုံး ဆီဒင်ကားများမှစကာ လုပ်ငန်းသုံး ထရပ်ကားများနှင့် နောက်တွဲယာဉ်များကိုပါ ငှားရမ်းနိုင်ပြီး ကားအငှားဝန်ဆောင်မှု လုပ်ငန်းခွဲ ၁၅ ခုကို ရန်ကုန်၊ မန္တလေး၊ နေပြည်တော်၊ မကွေး၊ ပုဂံ၊ ဟဲဟိုး၊ စစ်တွေ၊ လားရှိုး၊ မြစ်ကြီးနားနှင့်ထားဝယ်မြို့များတွင်ဖွင့်လှစ်ထားသည်။ '' Yoma Car share ကို ၂ဝ၁၇ ခုနှစ်မှ စတင်အသုံးပြုဖို့ပြင်ဆင်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်မှာတော့ Tab Card Software လေးထွက်လာခဲ့တယ်။ ၂ဝ၁၈ ဇွန်လမှာ ဒီ စနစ်ကိုစတင် လည်ပတ်နိုင်ခဲ့ပါတယ်။ အခုဆိုရင် အဖွဲ့ဝင်ပေါင်း ၁,၈ဝဝ ကျော်ရှိသွားပါပြီ'' ဟု ဦးဇေယျာဦး ကပြောသည်။ ထို့ပြင် Yoma Car share မှ စီဘီဘဏ်ကတ် ကိုင်ဆောင်သူများ ကားငှားရမ်းခြင်း ဝန်ဆောင်မှုအား လုံးအသုံးပြု ရာတွင် စက်တင်ဘာလမှစတင်ခါ ၂ဝ၁၉ ခုနှစ် ဖေဖော်ဝါရီ လကုန်အထိ ဝန်ဆောင်မှုနှုန်းထားများ၏ ၁ဝ ရာခိုင်နှုန်းကို ပြန်လည်ရရှိမည်ဖြစ်သည်။ Yoma Car share တွင် အိမ်တိုင်ရာရောက် ပို့ဆောင်ပေးသော ကားအငှားဝန်ဆောင်မှုကိုလည်းရယူနိုင်ပြီး အချိန် ၄ နာရီ ကြိုတင်၍ ဘွတ်ကင် ပြုလုပ်ပေးရမည်ဖြစ်သည်။ မိမိတို့နှင့်အနီးဆုံး သော ကားအငှားဝန်ဆောင်မှုလုပ်ငန်းများမှ ၁ဝ ကီလိုမီတာအတွင်းရှိသော မြို့တွင်းမည်သည့်နေရာကိုမဆို ပို့ဆောင်ခ ၇,ဝဝဝ ကျပ်မှစတင်ကောက်ခံမည် ဖြစ်ကြောင်းသိရသည်။ Source Myanmar Time

Monday, 01 October 2018 10:07

Bee Go ဝန်ဆောင်မှုမျိုးစုံ မိတ်ဆက်

Bee Go ကို အသုံးပြုမယ် ဆိုရင် BEGOO App ကို ဒေါင်းလုပ်လုပ်ပြီးတော့ နေရာတစ်ခုတည်းကနေပြီးတော့ မိမိကြိုက်တဲ့ဝန်ဆောင်မှုတွေကို အသုံးပြုနိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ Bee Go ဝန်ဆောင်မှုနဲ့ချိတ်ဆက်ချင်တဲ့ သုံးဘီးဆိုင်ကယ် မောင်းသူတွေအနေနဲ့ ဈေးနှုန်းကို မိမိစိတ်တိုင်းကျ သတ်မှတ်နိုင်ပြီးတော့ ညှိနှိုင်းသွားလို့ရတယ်လို့လည်း သိရပါတယ်။အခုကာလအတွင်းမှာ ဝန်ဆောင်မှုတွေကို ပရိုမိုးရှင်းပြုလုပ် ပေးထားတာတွေလည်းရှိတယ်လို့ သိရပါတယ်။ ဈေးနှုန်းသတ်မှတ်ချက်အနေနဲ့တစ်ကီလိုမီတာကို၂ဝဝ ကျပ်၊ ၂၅ဝကျပ်၊၃ဝဝကျပ်ဆိုပြီးတော့ သုံးမျိုး သုံးစားထားပြီးတော့မိမိ စိတ်ကြိုက်ကိုငှားရမ်းစီးနိုင်သလို member driver  အနေနဲ့ လည်းကြိုက်တဲ့ ဈေးနှုန်းကို သတ်မှတ်ခွင့်ပေးထားတယ်လို့ သိရပါတယ်။ “ ဒီ Bee Go ကို customer က လက်ခံနိုင်ပြီးတော့ သိလာတဲ့ အချိန်အထိ ပရိုမိုးရှင်းအစီအစဉ် တွေ လုပ်ပေးသွားမှာဖြစ်ပါတယ်” လို့ Bee Go က တာဝန်ရှိသူ ဒေါ်ကက်သရင်း မြတ်မွန်က ပြောပါတယ်။ဝန်ဆောင်မှုတွေကိုအခုလော လောဆယ်မှာတောက ကော်မရှင် ကျသင့်ငွေတောင်းခံခြင်း မရှိသေးဘူးလို့ သိရပါတယ်။ Bee Goဝန်ဆောင်မှုလုပ်ငန်းမိတ်ဆက်ပွဲကို စက်တင်ဘာလ ၂၆ရက်နေ့ညနေပိုင်းက မန္တလေးမြို့မဟာအောင်မြေမြို့ (၆၂လမ်း)မနော်ရမ္မံဟစ်တိုင်ကွင်းမှာ ပြုလုပ်ပါတယ်။ Source : kumudra

Friday, 28 September 2018 08:20

ဆိုးရွားစွာပျက်စီးနေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးအားအရေးပေါ်ပြုပြင်ခြင်း

ဆိုးရွားစွာပျက်စီးနေသည့် ရန်ကုန်-ပုသိမ်လမ်းမကြီးအား BOT ကုမ္ပဏီထံမှ လမ်းဦးစီးဌာနက ပြန်လည်လွှဲပြောင်းယူပြီးနောက် လမ်းပိုင်းအရေးပေါ်ပြုပြင်ခြင်းများကို စတင်ဆောင်ရွက်နေပြီးလာမည့် ဘဏ္ဍာနှစ်တွင် လမ်းအဆင့်မြှင့်တင်ခြင်းလုပ်ငန်းများကိုစတင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ ရန်ကုန်-ပုသိမ်လမ်းမကြီးမှာ Oriental Highway ကုမ္ပဏီထံBOT စနစ်ဖြင့်အငှားချထားချိန်တွင် လမ်းမကြီးတစ်လျှောက်ဆိုးရွားစွာပျက်စီးမှုများကြုံတွေ့ခဲ့ရကြောင်း၊ယင်းလမ်းပိုင်းအားပြန်လည်ပြင်ဆင်ရန်နှင့် အဆင့်မြှင့်တင်နိုင်ရေးအတွက် ပြည်ထောင်စုအစိုးရ က ADB ချေးငွေဖြင့် ပြင်ဆင်ရန်ပြင်ဆင်ခဲ့ရကြောင်း၊ADB ချေးငွေဖြင့် ပြင်ဆင်နိုင်ရန် လုပ်ဆောင်နေစဉ်အတွင်း BOT ကုမ္ပဏီထံမှ လမ်းပိုင်းတာဝန်ယူကြီးကြပ်ပြင်ဆင်ခြင်းအား လမ်းဦးစီးဌာနမှ ယာယီလွှဲပြောင်းရယူထားမည်ဖြစ်ကြောင်းလမ်းပိုင်းပြင်ဆင်နေချိန်အတွင်း လမ်းကြေးကောက်ခံခြင်းကို ယာယီရပ်ဆိုင်း ထားပြီး တံတားကြေးများကိုသာ ဆက်လက်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ပျက်စီးနေသည့် လမ်းပိုင်းများကိုလည်း ရန်ကုန်တိုင်းဒေသကြီးတွင် လမ်းဦးစီးဌာနအထူးအဖွဲ့ငါးဖွဲ့မှ တာဝန်ယူပြင်ဆင်သွားမည်ဖြစ်ကြောင်း ယခုစက်တင်ဘာလကုန်အထိ လမ်းပိုင်းတစ်လျှောက် ဆိုးရွားစွာပျက်စီးနေသည့်နေရာများအား ယာယီပြင်ဆင်မှုများကိုဆောင်ရွက်နေပြီး လာမည့်ဘဏ္ဍာရေးနှစ်အစမှ စတင်ကာ လမ်းပိုင်းအဆင့်မြှင့်တင်မှုများပြုလုပ်သွားမည်ဖြစ်ကြောင်း သိရပါတယ်။ စက်တင်ဘာလကုန်အထိအရေးပေါ်ဆောင်ရွက်သည့်အခါမှာတော့ ချိုင့်ခွက်ကြီး တွေကိုပြေသွားအောင်လုပ်တဲ့အပိုင်းတွေ ရှိသည်။ရေဆင်းကောင်းရန်အတွက်ဘေးမြောင်းတွေအတွက်ပေါ့နော်။ဘေးမြောင်းတူးတာတွေရှိသည်။လမ်းဘေးဝဲယာလမ်းပုခုံးတွေကို ခြုံရှင်းတဲ့ လုပ်ငန်းတွေ ရှိမယ်။လမ်းဘေးတွင် ရှိသည့်သစ်ပင်များအကိုင်းအခက်များကို ခုတ်ပြီး အလင်းဖွင့်တာတွေရှိသည်။ထိုလုပ်ငန်းများကို လကုန်ထိ အဖွဲ့ခွဲကာဆောင်ရွက်နေခဲ့ပါတယ်။ ရန်ကုန်-ပုသိမ်ကားလမ်းမကြီးအား လက်ရှိအချိန်တွင် BOT ကုမ္ပဏီထံမှ ယာယီပြန်လည်လွှဲပြောင်းရယူခဲ့သော်လည်း လမ်းပိုင်းပြင်ဆင်ပြီးချိန်တွင် အဆိုပါ BOT ကုမ္ပဏီထံပြန်လည်လွှဲပြောင်းပေးအပ်မည် မပေးအပ်မည်ကို အစိုးရမှ တိကျစွာသတင်းထုတ်ပြန်ခဲ့ခြင်းမရှိကြောင်းသိရပါတယ်။ Source:Daily Eleven

Friday, 28 September 2018 07:19

အကျပ်အတည်းသို့ ဦးတည်လာသည့် အထွေထွေဈေးနှုန်းများမြင့်တက်မှု

စက်သုံးဆီဈေးနှုန်းများ မြင့်တက်လာမှုကြောင့် ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသော ကုန်တင်ယာဉ်လိုင်းအချို့လုပ်ငန်းရပ်နားထားကြောင်း မန္တလေးအခြေစိုက် ကုန်စည်ပို့ဆောင်ရေးယာဉ်လိုင်း အသင်းများထံမှ စုံစမ်းသိရှိရပါတယ်။ ဒေါ်လာဈေးများ မြင့်တက်လာပြီးနောက် စက်သုံးဆီဈေးနှုန်းများလည်း မြင့်တက်ခဲ့သဖြင့် ပို့ကုန်ကုန်စည်များလည်း သယ်ယူပို့ဆောင်မှု လျော့ကျလာခဲ့ကြောင်း ကုန်တင်ယာဉ်ပြေးဆွဲမှု ရပ်နားထားသော ရွှေချမ်းသာကုန်စည် ပို့ဆောင်ရေးအသင်းဒါရိုက်တာ ဦးချမ်းသာဦးက ပြောကြားခဲ့ပါတယ်။ “ကားခပြန်ရတဲ့ငွေက လျော့နေပြီး စက်သုံးဆီဈေးမြင့်လာတော့ ဆက်လုပ်လို့မရတော့ဘူး။ ပြန်ရတာနဲ့ ကုန်ကျစရိတ်မကိုက်တာပေါ့”ဟု ၎င်းက ရှင်းပြသည်။လတ်တလောတွင် စက်သုံးဆီဈေးနှုန်းများ မြင့်တက်မှုနှင့်အတူ ကုန်စည်ခ ပို့ဆောင်ခပြန်ရသည့်ငွေ တွက်ခြေမကိုက်သဖြင့် ကုန်စည်ပို့ဆောင်ရေးယာဉ်အချို့ ရပ်နားထားရကြောင်း ရတီဦးကုန်စည် ပို့ဆောင်ရေးဂိတ်မှ ဦးသန်းထိုက်မင်းက ပြောကြားခဲ့ပါတယ်။ “လတ်တလောအနေအထားက ရပ်ထားတာ ပိုအဆင်ပြေမယ်”ဟု ၎င်းက ပြောဆိုခဲ့ပါတယ်။ စက်သုံးဆီဈေးနှုန်း မြင့်တက်လာသော်လည်း ကုန်သွယ်မှုအနေအထား ကောင်းမွန်နေပါက ယခုကဲ့သို့ ရပ်နားထားမည်မဟုတ်ကြောင်း၊ စက်သုံးဆီ ဈေးနှုန်းကျသော်လည်း ကုန်သွယ်မှုကဏ္ဍ မြှင့်တင်နိုင်ခြင်း မရှိလျှင်လည်း ရပ်နားထားရဦးမည်ပင်ဖြစ်ကြောင်း ကုန်တင်ယာဉ်မောင်းအချို့ထံမှ သိခဲ့ရခြင်းလဲ ဖြစ်ပါတယ်။ ရန်ကုန်-မန္တလေး-မူဆယ် ပြေးဆွဲနေသော ကုန်တင်ယာဉ်လိုင်းအချို့သည် ကုန်စည်ပို့ဆောင်ခြင်းလုပ်ငန်းကို စက်တင်ဘာလ ၂၂ နေ့ကစ၍ ရပ်နားထားခဲ့ခြင်းဖြစ်ပါတယ်။ Source ; the Voice

Thursday, 27 September 2018 10:40

လျှပ်စစ်ကားများကို ဥရောပနည်းပညာနဲ့ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်ပြီး ပြည်ပသို့တင်ပို့မည်

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရန်နှင့် လောင်စာဆီသုံးစွဲမှု လျော့ချနိုင်ရန်စက်မှုဝန်ကြီးဌာနမှ ဥရောပနည်းပညာကို အသုံးပြု၍ ပြည်တွင်း

Thursday, 27 September 2018 03:53

ယာဉ်အို/ ဟောင်းအပ်နှံမှုအခြေအနေ

ယခုနှစ်အတွင်း ယာဉ်အို/ ဟောင်း အစီး ၁,၄၀၀ ကျော် အပ်နှံခဲ့ရာတွင် တိုက်ကြေ အစီးနှစ်ရာကျော် ပါဝင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး

Tuesday, 25 September 2018 02:57

ကညနရုံးများတွင် ကားအရေအတွက် တိုးမြှင့် စစ်ဆေးပေးမည်

ကညနခရိုင်ရုံးများတွင် ယာဉ်စစ်ခံယူမည့်ကားအရေအတွက်ကို တစ်ရက်လျှင် ၁၀ စီးစီ တိုးမြှင့်စစ်ဆေးပေးမည်ဖြစ်ကြောင်း ရန်ကုန်တိုင်း

Friday, 21 September 2018 07:58

မန္တလေးတွင် Online Booking စနစ်ဖြင့် ယာဉ်သက်တမ်းတိုးခြင်းနှင့် စစ်ဆေးခြင်းများကို ဆောင်ရွက်ပေးမည်

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်း ဒေသကြီးအတွင်းရှိ ခရိုင်ရုံး (မန္တလေးမြောက်ပိုင်း)နှင့် (မန္တလေးတောင်ပိုင်း)

Thursday, 20 September 2018 08:07

ခါးလယ်မှဖြတ်ဆက်ထားသည့် ယာဉ်ကိုယ်ထည်ဖောက်စွပ်များ တွေ့ရှိ

မှတ်ပုံတင်ထားသည့် ယာဉ်ကိုယ်ထည်ရှေ့ပိုင်းနှင့် လိုင်စင်မဲ့ယာဉ်နောက်ပိုင်းကို ဂဟေဆက်၍ ဖောက်စွပ်ပြုလုပ်သည့်ကားများ စစ်ဆေး