Transportation

Wednesday, 20 December 2017 10:08

YBS ယာဉ်လိုင်းအားလုံး ကုမ္ပဏီစနစ် ပြောင်းလဲမည်ဆိုပါက ကြားကားပြေးဆွဲနေခြင်းကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်

YBS ယာဉ်လိုင်းများအားလုံး ကုမ္ပဏီစနစ်ဖြင့် ပြောင်းလဲမည်ဆိုပါက ရန်ကုန်မြို့တွင်း ကြားကားပြေးဆွဲနေ ခြင်းကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဌဒေါက်တာမောင်အောင်ထံမှ သိရပါတယ်။ YBS ယာဉ်တွေမှာ မူလရည်မှန်းချက်တွေက ကုမ္ပဏီစနစ်နဲ့ ပြောင်းဖို့ပါ။ အခုက သုံးပုံနှစ်ပုံလောက်ကတော့ ကုမ္ပဏီစနစ်ဖြစ်လာပါပြီ။ ဒါပေမယ့် ကျန်တာတွေလည်း ကျန်ပါသေးတယ်။ ဒီတော့ ဘာတွေဖြစ်လာလဲဆိုတော့ YBS ယာဉ်တွေက ကြားကားအနေနဲ့ ပြေးဆွဲပြီး ပိုက်ဆံတွေ ပိုတောင်းလာကြပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲတဲ့ကားတွေကို ကုမ္ပဏီကားတွေနဲ့ အစားထိုးသွားမှာဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ ထိုသို့ YBS ယာဉ်လိုင်းတွေအားလုံးကို ကုမ္ပဏီစနစ်ဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေသည်များနှင့် အရေးယူမှုအပိုင်းများမှာလည်း လိုအပ်ချက်များစွာရှိနေကြောင်း အလားတူ ရန်ကုန်မြို့တွင်း ၀င်ရောက်မည့် မော်တော်ယာဉ်များကို ကုမ္ပဏီမော်တော်ယာဉ်များဖြစ်လာစေရန် ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ YBS ယာဉ်လိုင်းများအားလုံး၌ ယာဉ်လိုင်းတိုင်းတွင် ကြားကားများရှိသော်လည်း ပြည်လမ်းတွင် ပြေးဆွဲပေး နေသော YBS ၃၇ ယာဉ်မှာ ည ၉ နာရီအထိ အချိန်ပြည့် ပြေးဆွဲပေးနေသဖြင့် ပြည်လမ်း၌ ကြားကားမရှိကြောင်း၊ YBS ယာဉ်လိုင်းအားလုံးတွင် ကုမ္ပဏီယာဉ်လိုင်းများဖြစ်ပါက ခရီးသည်များ သွားလာ စီးနင်းသည့်အချိန်ထိ ပြေးဆွဲပေးရန် စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သိရပါတယ်။ Source: Myawaddy

Tuesday, 19 December 2017 04:13

မြန်မာနိုင်ငံသား သန်း ၂၀ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိဟု အေဒီဘီဆို

မကြာသေးမီက ထုတ်ပြန်လိုက်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးအတွက် မူဝါဒအကြံပြုချက်စာတမ်းတွင် နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူ သန်း ၂၀ ခန့်မှာ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိသေးသည်ကို လေ့လာ တွေ့ရှိရကြောင်း ဖော်ပြထားသည်။ အဆိုပါလူဦးရေသည် တစ်နိုင်ငံလုံးရှိ ကျေးလက်နေလူထု၏ ထက်ဝက်ပမာဏအထိ ရှိကြောင်းလည်း စာတမ်းက ဆိုထားသေးသည်။ အဆိုပါ အကြံပြုချက်စာတမ်းကို ဇူလိုင် ၂၂ ရက်နေ့တွင် အေဒီဘီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ စာတမ်းတွင် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန်နှင့် လုပ်ဆောင်ရန်အချက်များကို ထောက်ပြထားသည်။ “မြန်မာနိုင်ငံမှာရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေး ရင်းမြစ်ထက် လိုအပ်ချက်က အများကြီး ပိုမိုများပြားနေတဲ့အတွက် တိုင်းပြည်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ ကာလကြာရှည် အကျပ်ရိုက်နေခဲ့ပါတယ်” ဟု စာတမ်းတွင် ဖော်ပြထားသည်။ ထို့ပြင် ၆၀ ရာခိုင်နှုန်းသော အဝေးပြေးလမ်းမကြီးများနှင့် ရထားလမ်းများသည် ယိုယွင်းနေကြပြီး၊ ထိုလမ်းများပြုပြင်ရန် လိုအပ်သည့် ပမာဏထက် နှစ်ဆ၊ သုံးဆခန့်နည်းပါးသော ငွေကြေးကိုသာ စိုက်ထုတ် သုံးစွဲနေကြသလို၊ အလားအလာကောင်းများရှိသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်ဆိုလျှင် မည်သည့် စိုက်ထုတ်မှုမျှမရှိကြောင်း စာတမ်းက ထောက်ပြထားသည်။ မြန်မာအစိုးရသည် ဂျီဒီပီ၏ တစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိုက်ထုတ်သုံးစွဲနေပြီး အခြား ဖွံ့ဖြိုးမှုနှုန်း တူညီသည့် တိုင်းပြည်များဆိုလျှင် ထိုကဏ္ဍအတွက် ဂျီဒီဘီ၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ သုံးစွဲကြသည်ဟု အေဒီဘီက နှိုင်းယှဉ်ပြသထားသည်။ အေဒီဘီ၏ အဆိုအရ မြန်မာနိုင်ငံအနေနှင့် လမ်းကွန်ယက် ကီလိုမီတာပေါင်း ၁၆၀,၀၀၀ ခန့် (မိုင်တစ်သိန်းနီးပါး)မှ ၂၆၀,၀၀၀ ကျော် (မိုင် ၁၆၀,၀၀၀ ကျော်) အထိ ထပ်မံဖောက်လုပ်မှသာ နိုင်ငံအဝှမ်းရှိ ကျေးရွာများသို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။ ရထားပို့ဆောင်ရေးကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် ရထားလမ်းကွန်ယက် ကီလိုမီတာပေါင်း ခြောက်ထောင်ကျော် (မိုင်ပေါင်း ၃၈၀၀ခန့်) ရှိပြီးဖြစ်သော်လည်း ထိုကွန်ယက်၏ ၆၀ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် ခရီးသည် ၁၀၀၀ အောက်ကိုသာ ဝန်ဆောင်မှုပေးနေကြောင်းတွေ့ရှိရသည်ဟု စာတမ်း၌ ဖော်ပြထားသည်။ ထိုပမာဏသည် “မီးရထားဝန်ဆောင်မှုကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင်တောင် အဲဒီ (ခရီးသည်) ပမာဏက ထိန်းညှိဆောင်ရွက်ဖို့ နည်းလွန်းပါတယ်” ဟု အေဒီဘီက သုံးသပ်ထားသည်။ “မြန်မာ့မီးရထား(မမ)ဟာ သူစွမ်းနိုင်တဲ့ပမာဏရဲ့ထက်ဝက်နဲ့ လုပ်ငန်းလည်ပတ်ဖို့ အတင်းဖိအားပေး ခံနေရသည်” ဟု အေဒီဘီ၏ စာတမ်းက မှတ်ချက်ပြုထားသည်။ မြန်မာ့မီးရထား၏ အောက်မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက အေဒီဘီ၏ ယခုအစီအရင်ခံစာသည် အစိုးရနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို စေ့စပ်စွာ နားလည်နိုင်ရေးနှင့် ဆက်လက် အကောင်အထည်ဖော်ရန်အတွက် အထောက်အကူဖြစ်မည်ဟုထင်ကြောင်း မှတ်ချက်ပေးသည်။ ၂၀၁၆ မှ ၂၀၃၀ ခုနှစ်အတွင်း တမျိုးသားလုံး၏ ဝင်ငွေလျင်မြန်စွာ တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအနေနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄၅ မှ ၆၀ ဘီလျံခန့်အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်ဟု အေဒီဘီက တွက်ချက် ကောက်ချက်ဆွဲထားသည်။ source-frontier

Tuesday, 12 December 2017 09:56

လူကြိုက်အများဆုံးလေကြောင်းလိုင်းအဖြစ် Vietjet ဂုဏ်ပြုခံရ

ဗီယက်နမ်၏ ထိပ်တန်းစီးပွားရေးသတင်းစာဖြစ်သော Vietnam Economic Times ၏ Trust and Use 2017 အစီအစဉ်ကတဆင့် Vietjet လေကြောင်းလိုင်းကို လူကြိုက်အများဆုံးလေကြောင်းလိုင်းအဖြစ် ရွေးချယ်ဂုဏ်ပြုခဲ့ပါသည်။ နိုင်ငံတွင်း စားသုံးသူများမှ အသိအမှတ်ပြုမဲပေးရွေးချယ်သော လူသုံးကုန်နှင့်ဝန်ဆောင်မှုများအား ဆုပေးအပ်ပွဲကို ဟိုချီမင်းစီးတီးတွင် ဒီဇင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့ပါသည်။ Vietjet အနေဖြင့် ၄င်း၏ထူးချွန်ပြောင်မြောက်သော ၀န်ဆောင်မှုအတွက် အဆိုပါဆုကို နှစ်နှစ်ဆက်တိုက်ရရှိခြင်းပင်ဖြစ်ပါသည်။ Trust and Use 2017 အစီအစဉ်၏ "Connecting consumption, sharing values" ခေါင်းစဉ်အောက်တွင် စားသုံးသူများက အသိအမှတ်ပြုသည့် လူသုံးကုန်နှင့် ၀န်ဆောင်မှုများအတွက် မဲပေးခြင်းနှင့် စစ်တမ်းများကောက်ယူခြင်းတို့ ဆောင်ရွက်ပြီး ဆုရသူများကို ရွေးချယ်ခဲ့ခြင်းဖြစ်ပါသည်။ ၂၀၀၆ ခုနှစ်တွင် စတင်ခဲ့သည့် Trust & Use ဗီယက်နမ်အစီအစဉ်ကို ဗီယက်နမ်ဈေးကွက်တွင်ရှိသော လူသုံးကုန်ပစ္စည်းများနှင့် ၀န်ဆောင်မှုများကို ဂုဏ်ပြုသောအားဖြင့် နှစ်စဉ်စီစဉ်တင်ဆက်ခြင်းဖြစ်ပါသည်။ ပြီးခဲ့သည့် နှစ်များအတွင်း Vietjet သည် သင့်တင့်သော ဈေးနှုန်းများ ၀န်ဆောင်မှုပေးခြင်းသာမက ဗီယက်နမ်လေကြောင်းကဏ္ဍကို အောင်မြင်မှုများ ဆောင်ကြဉ်းခဲ့ပါသည်။ ဗီယက်နမ်ပြည်တွင်းနှင့် နိုင်ငံ တကာ လေကြောင်းလိုင်းပေါင်း ၇၃ ခုနှင့်အတူ Vietjet သည် ခရီးသည်များကို ကမ္ဘာတစ်ဝန်းရှိ စိတ်ဝင်စားစရာနေရာများကို သယ်ယူပို့ဆောင်ပေးနေပါသည်။ ထို့အပြင် လူသုံးကုန်ပစ္စည်းများ၊ ထောက်ပံ့ပို့ဆောင်ရေး၊ ဘဏ်များ၊ အာမခံလုပ်ငန်းများ၏ ဖြန့်ဝေရေးစနစ်နှင့် e-Commerce များကို အဆင်ပြေချော့မွေစေရန် ဆောင်ရွက်ပေးလျက်ရှိပြီး ခရီးသည်အားလုံး၏လိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက် "Consumer Airline" အဖြစ်ရှေ့ဆက်လျက်ရှိပါသည်။ Vietjet သည် ၎င်း၏အဆင့်မြင့် ၀န်ဆောင်မှု၊ အထူးလေယာဉ် စီးနှင်းခ နှုန်းထားများနှင့် လေယာဉ်လက်မှတ် အတန်းအစား အမျိုးမျိုးတို့အပါအ၀င် လေယာဉ်အသစ်များ၊ သက်တောင့်သက်သာရှိသော ထိုင်ခုံများ၊ အရသာရှိသော ပူပူနွေးနွေး စားသောက်ဖွယ်ရာများ၊ လေယာဉ်ပျံသန်းစဉ်အတွင်း အံ့သြဖွယ် အထူးအစီအစဉ်များဖြင့် ဖော်ရွေပျူငှာသော လေယာဉ်ဝန်ထမ်းများမှ ခရီးသည်များအတွက် ပျော်ရွှင်ဖွယ် ခရီးစဉ်ဖြစ်အောင် ၀န်ဆောင်မှုပေးလျက်ရှိပါသည်။

Tuesday, 05 December 2017 07:25

နည်းပညာအခြေပြု အငှားယာဉ်များအတွက် စည်းမျဉ်းစည်းကမ်း၊ နည်းဥပဒေများ ရေးဆွဲသွားမည်

ရန်ကုန်မြို့တွင် ပြေးဆွဲနေသည့် နည်းပညာအခြေပြု အငှားယာဉ်များအား မျှတသည့် ယှဉ်ပြိုင်မှု ဖြစ်စေရန်အတွက် စည်းမျဉ်း စည်းကမ်များနှင့် နည်းဥပဒေများ ရေးဆွဲသွားရန် စီစဉ်နေသည်ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ “မိုဘိုင်းအပလီကေးရှင်းသုံး အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများ ရှင်သန်ဖွံ့ဖြိုးလာပြီး မြန်မာ့ အငှားယာဉ်လောက တစ်ခေတ်ဆန်းစေရေးအတွက် လိုအပ်သော စည်းမျဉ်း၊ စည်းကမ်းများ၊ နည်းဥပဒေများ ရှိလာစေရေး မည်သို့မည်ပုံ စီမံဆောင်ရွက်ထားသည်ကို သိရှိလိုကြောင်း” သင်္ဃန်းကျွန်းမြို့နယ်၊ မဲဆန္ဒနယ်အမှတ်(၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးကျော်(ခ) ဦးနေဘုန်းလတ်က ဒီဇင်ဘာ ၄ ရက်နေ့က ကျင်းပသည့် တိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့မှုကို ၎င်းက ထိုသို့ ပြန်လည် ဖြေကြားခြင်းဖြစ်သည်။ “အငှားယာဉ်လုပ်ငန်းနှင့်ပတ်သက်သော ကြီးမားသည့် အပြောင်းအလဲတစ်ခုကို ကြိုဆိုပါသော်လည်း ယှဉ်ပြိုင် ပြေးဆွဲနေကြသည့် ကုမ္ပဏီများအနေနှင့် တရားမျှတသော ယှဉ်ပြိုင်မှုကွင်းပြင်(Leveled Playing Field) ရှိရန်နှင့် စနစ်ကျသော အငှားယာဉ် ဝန်ဆောင်မှုလုပ်ငန်းများအနေနှင့် ခရီးသွားပြည်သူများကို အရည်အသွေးပြည့်ဝသော ဝန်ဆောင်မှုများ ပေးနိုင်ရေးအတွက် လိုအပ်သော စည်းမျဉ်းစည်းကမ်းများ၊ နည်းဥပဒေများရှိရန် အရေးတကြီး လိုအပ်လှပါသည်” ဟု ဦးနေဘုန်းလတ်က လွှတ်တော်တွင် ပြောကြားခဲ့သည်။ ဒေါ်နီလာကျော်က ရန်ကုန်မြို့ အငှားယာဉ်လောကတွင် Oway၊ Hello Cab၊ Uber၊ Grab နည်းပညာ အခြေပြု မိုဘိုင်းအပလီကေးရှင်းနှင့် အွန်လိုင်းအသုံးပြု ဝန်ဆောင်မှုများက ခရီးသည်များအတွက် အဆင်ပြေမှုနှင့် လုံခြုံမှုပေးနိုင်မှုကြောင့် ဝန်ဆောင်မှု ပိုမိုကောင်းမွန်လာသည်ဟု ပြောကြားသည်။ သို့သော် “တစ်ဘက်တွင်လည်း တစ်ဦးချင်း မှန်မှန်ကန်ကန် ယှဉ်ပြိုင်ဆောင်ရွက်နိုင်ရေးအတွက် အဆိုပါ ကုမ္ပဏီလေးခုအား ခေါ်ယူညှိနှိုင်းဆောင်ရွက်မှု သုံးကြိမ်ရှိပြီဖြစ်ပါကြောင်း၊ အငှားယာဉ်များအတွက် မျှတသည့် ယှဉ်ပြိုင်မှုဖြစ်စေရန်အတွက် စည်းမျဉ်း၊ စည်းကမ်းများနှင့် နည်းဥပဒေများကို ပြည်ထောင်စုဝန်ကြီးဌာနမှ ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့် YRTA တို့ ပေါင်းစပ်ပြီး ရေးဆွဲ ဆောင်ရွက်သွားရန် အစီအစဉ်ရှိပါကြောင်း” ၎င်းက ပြန်လည်ဖြေကြားခဲ့သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်း ပြေးဆွဲနေသော တက္ကစီ အငှားယာဉ် ၆၇,၀၀၀ ကျော်ရှိပြီး အများစုမှာ ပုဂ္ဂလိကပိုင် တက္ကစီယာဉ်အများစုဖြစ်ပြီး ကုမ္ပဏီပိုင် တက္ကစီယာဉ် အနည်းငယ်သာရှိသည်ဟု တိုင်းဒေသကြီး အစိုးရအဖွဲ့ထံမှ သိရသည်။ ထို့ပြင် ဆူးလေ-အောင်မင်္ဂလာလိုင်းများကိုYBS လိုင်းကားများ ပြေးဆွဲနေသည့် လမ်းကြောင်းများအတိုင်းအငှားယာဉ် မှတ်ပုံတင်များဖြင့် ပြေးဆွဲနေသည့်မော်တော်ယာဉ်များမှာလုပ်ထုံးလုပ်နည်းအရ ညီညွတ်မှုမရှိသဖြင့် ယာယီရပ်တန့်ထားပြီးလုပ်ထုံးလုပ်နည်းများအရ ညီညွတ်အောင် စည်းမျဉ်းစည်းကမ်းများနှင့် စနစ်တကျ ပြန်လည်ပြေးဆွဲနိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဒေါ်နီလာကျော်က အခြားကိုယ်စားလှယ်တစ်ဦး၏ မေးမြန်းမှုကို ဖြေကြားခဲ့သည်။ source:frontier

Tuesday, 28 November 2017 03:33

မူဆယ်ကုန်သွယ်ရေးလမ်းကြောင်း ကားပိတ်ဆို့နေ၍ ဖရဲ၊ သခွား ကားအ၀င်လျော့ကျဟုဆို

မူဆယ်ကုန်သွယ်ရေး လမ်းကြောင်းတွင် မိုးရွာပြီး လမ်း များပိတ်ဆို့မှု ဆိုးရွားသဖြင့် မူဆယ် ၁၀၅ မိုင် သစ်သီးဝလံ ကုန်စည်ဒိုင်သို့ နိုဝင်ဘာ ၂၄ ရက်က ဖရဲ၊ သခွား တင်ဆောင်သည့်ယာဉ်အ၀င် ထက်ဝက်လျော့ကျခဲ့ကြောင်း အဆိုပါ ကုန်စည်ဒိုင်အ တွင်းရေးမှူးက ပြောသည်။ ယခင်ရက်များက နေ့စဉ် ဖရဲ၊ သခွား ယာဉ်အစီးရေ ၂၀၀ ခန့် ၀င်ရောက်သော်လည်း နိုဝင် ဘာ ၂၄ ရက်တွင် အစီးရေ ၁၀၀ ခန့်သာ ၀င်ရောက်လာကြောင်း ၁၀၅ မိုင်သစ်သီးဝလံကုန်စည်ဒိုင် အတွင်းရေးမှူး ဦးစိုင်းခင်မောင် က ပြောသည်။ ‘‘မနေ့ညက မိုးသည်းတယ်။ ဒီနေ့တော့ ဖွဲဖွဲလေးပဲ ကျတာပါ။ မြေသားလမ်းနေရာတွေက လမ်း ချော်ပြီးကားတွေ ပိတ်ကုန်တာ။ ခုပိတ်တာ နည်းနည်းဆိုးတယ်။ နမ့်ဖက်ကာနဲ့ ကွတ်ခိုင်ကြားက ရှုခင်းသာတောင်ကြောမှာ ပိတ် တာ။ ဒီနေ့လာဖို့ ရှိတဲ့ကားတွေ မလာနိုင်ကြဘူး’’ ဟု ဦးစိုင်းခင် မောင်က ပြောသည်။ ယာဉ်အ၀င်နည်း၍ ၀ယ်လိုအားများကာ အရောင်းအ၀ယ်သွက်လာကြောင်း ၎င်းက ပြောကြားသည်။ နိုဝင်ဘာ ၂၄ ရက် နံနက်က လမ်းပိတ်ဆို့နေပြီး ညနေအထိ လမ်းမပွင့်သေးကြောင်း စစ်ကိုင်း တိုင်း ဖရဲ၊ သခွားစိုက်ပျိုးထုတ် လုပ်တင်ပို့ရောင်းချသူများ အစု အဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးသစ္စာက ပြောသည်။ ‘‘ကျွန်တော့်ကားက ကောင် လေးတွေပြောတာကတော့ လမ်း မှာပိတ်နေတာ ၈ နာရီလောက် ကြာနေပြီတဲ့။ ခုအချိန်ထိတော့ လမ်း ပွင့်ပြီလို့ အကြောင်းပြန်တဲ့ ဖုန်းမ၀င်လာသေးဘူး’’ဟု နိုဝင် ဘာ ၂၄ ရက် ညနေ ၅ နာရီခန့် တွင် ၎င်းကပြောသည်။ ရှုခင်းသာနှင့် ပန်ကျလော နေရာများတွင် ယာဉ်များပိတ်နေ ပြီး မူဆယ် ၁၀၅ မိုင် အနီးတစ်ဝိုက်၌ ကားတန်းရှည်လျားစွာ တန်းစီပိတ်မိနေကြောင်း မူဆယ်သို့ သွားနေသည့် ယာဉ်မောင်းများက ဆိုသည်။ လမ်းချော်မှု များကြောင့် တိမ်းမှောက်သည့် ယာဉ်ပင်ရှိကြောင်း၊ လမ်းချော်မှု ကြောင့် ယာဉ်ကြီးများသွားလာ၍ မရဘဲ ယာဉ်ငယ်များသာ သွားနေ ကြောင်း ၎င်းတို့ဆိုသည်။ နောင်နှစ်ရက်အထိ လမ်းကြောတွင် ကားပိတ်နေနိုင်သေးကြောင်း ဖရဲသီးများ တင်ဆောင်သည့် ယာဉ်မောင်းတစ်ဦးက ခန့်မှန်းပြောဆိုသည်။ Source: 7 days new

Thursday, 16 November 2017 08:26

ရန်ကုန်လိုင်စင်တက္ကစီများ မှတ်ပုံတင်ရန် သတင်းထွက်ပေါ်လာပြီးနောက် ကျပ်သိန်း ၂၀ ခန့် ဈေးတက်

ရန်ကုန်လိုင်စင်တက္ကစီ များ ဒီဇင်ဘာလကုန်နောက်ဆုံး ထား၍ စီးတီးတက္ကစီမှတ်ပုံတင်ရ မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) က ကြေညာပြီးနောက် ရန်ကုန်လိုင်စင်တက္ကစီ ကျပ်သိန်း ၂၀ ခန့်ဈေးတက်ကြောင်း ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူများက ပြောသည်။ ‘ကားပေါ်မူတည်ပြီးတော့မှ အရင်ကထက်စာရင်တော့ ကျပ် သိန်း ၂၀၊ ၂၅ လောက်တော့ ပိုခေါ်ကြတာပေါ့။ အလုပ်ဖြစ်လည်း ဖြစ်သွားကြတာပေါ့။ အရင်တုန်းက ၁၅၀ တန်ကားက အခု ၁၇၀ လောက်ဖြစ်သွားတာပေါ့’’ ဟု ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူ ကိုစိုင်းက ပြောသည်။ ထို့အပြင် လက်ရှိတွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ YRTA ရုံး၌ ရန်ကုန်လိုင်စင် တက္ကစီများ စီးတီး တက္ကစီမှတ်ပုံတင်ခြင်းနှင့် သက် တမ်းတိုးခြင်းများ လာရောက်ပြုလုပ်သူ များပြားနေသည်။ ‘‘YRTA ရုံးရှေ့မှာ ဒီနေ့ (နိုဝင်ဘာ ၁၄ ရက်)တင် ကား (စီးတီး တက္ကစီ ပြုလုပ်မည့်ကား) အစီး တစ်ထောင်လောက်ဂျမ်းဖြစ်သွား တယ်’’ဟု ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူ ဦးမင်းမင်းက ပြော ကြားသည်။ ရန်ကုန်လိုင်စင်များ စီးတီး တက္ကစီအဖြစ် ပြောင်းလဲပြီးပါက နယ်လိုင်စင်တက္ကစီများ ရန်ကုန် မြို့တွင်းပြေးဆွဲမှုများ စိစစ်အရေးယူမည်ဟု YRTA မှ ဒေါက်တာ မောင်အောင်က ပြောသည်။ စီးတီးတက္ကစီမှတ်ပုံတင်ခြင်း ကို ဒီဇင်ဘာလကုန်အပြီး ဆောင် ရွက်ရမည်ဟု သတ်မှတ်ခြင်းထက် အချိန်အနည်းငယ် ပိုပေးစေလို ကြောင်း ယာဉ်အရောင်းအ၀ယ် လုပ်ကိုင်သူ ကိုစိုင်းက ပြောသည်။ ရန်ကုန်မြို့၌ ပြေးဆွဲနေ သော အငှားယာဉ်ခြောက်သောင်း ကျော်ရှိသည့်အနက် စီးတီးတက္ကစီမှတ်ပုံတင်ရန် အစီးရေ လေး ထောင်ကျော် ကျန်ရှိနေသေး ကြောင်း YRTA က ထုတ်ပြန်ထား သည်။ လက်ရှိတွင် နယ်လိုင်စင်ကားများ ဈေးကွက်အတွင်း အ၀ယ် မရှိသလောက်ဖြစ်ပြီး အ ရောင်းအေးကြောင်း၊ နယ်လိုင်စင်တက္ကစီများမရှိတော့လျှင် ရန်ကုန်တက္ကစီအုံနာခများမြင့်တက်လာနိုင်ကြောင်း ယာဉ်အရောင်းအ၀ယ်လုပ်ကိုင်သူများက သုံးသပ်ကြသည်။ Source: 7 days new

Tuesday, 14 November 2017 04:59

ရန်ကုန်လိုင်စင် တက္ကစီများ ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ စီးတီးတက္ကစီ မှတ်ပုံတင်ရမည် နယ်လိုင်စင်ဖြင့် တက္ကစီပြေးဆွဲမှုများကို အရေးယူတော့မည်ဟုဆို

ရန်ကုန်လိုင်စင်ထုတ် ပေးထားသည့် တက္ကစီများ ဒီဇင် ဘာလကုန် နောက်ဆုံးထား၍ စီးတီးတက္ကစီ မှတ်ပုံတင်ရမည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ် ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ အ တွင်းရေးမှူး ဒေါက်တာမောင် အောင်က ပြောသည်။ ထိုသို့ ရန်ကုန်လိုင်စင်များ စီးတီးတက္ကစီအဖြစ် ပြောင်းလဲပြီး ပါက နယ်လိုင်စင်တက္ကစီများ ရန် ကုန်မြို့တွင်း ပြေးဆွဲနေမှုများကို စိစစ်အရေးယူမည်ဟု ၎င်းက ဆက်လက်ပြောသည်။ ‘‘ဒီဇင်ဘာ နောက်ဆုံးပတ် လုပ်ရမယ်လို့ ပြောထားတယ်။ ဒါ ပြီးရင် စစ်ထုတ်ရမယ်။ နယ်လိုင် စင်တွေကို ညအိပ်ခွန်ကောက် တွေ ဘာတွေ ကောက်ရမယ်’’ဟု ဒေါက်တာမောင်အောင်က ပြော သည်။ လက်ရှိတွင် ရန်ကုန်မြို့၌ စီးတီးတက္ကစီ အစီးရေ ခြောက်သောင်းကျော်ရှိကြောင်း ကညနလုပ်ငန်းလိုင်စင်ရုံးက ထုတ်ပြန်သည်။ ရန်ကုန်မြို့ ယာဉ်ကြော ကျပ်တည်းမှုကို ဖြေလျှော့ရေး ရန် ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ က တက္ကစီများကို ထိန်းချုပ်ရန် စီစဉ်ခြင်းဖြစ်သည်။ ‘‘နယ်တက္ကစီတွေက ပြေးဆွဲ ခွင့်မရှိတာ။ သူတို့ တိုင်းထဲမှာအ တွက်ပဲ ထုတ်ပေးထားတာ။ သူ တို့ ရန်ကုန်မှာ လာပြေးဆွဲနေတာ ဥပဒေနဲ့ မညီဘူး။ ရန်ကုန်မှာ တက္ကစီများလွန်းနေတော့ တက္ကစီသမားတွေ ဒုက္ခရောက်နေတယ်’’ ဟု Hello Cab တက္ကစီကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးအောင် ဝင်းက ပြောသည်။ ထိုသို့ လုပ်ဆောင်ခြင်းသည် ဥပဒေအရ ကြီးကြပ်ခြင်းဖြစ်ပြီး ရန်ကုန်လိုင်စင် တက္ကစီသမားများ အတွက် အသက်ရှူချောင်စေမည် ဟု ၎င်းက ဆိုသည်။ မြန်မာနိုင်ငံ မော်တော်ယာဉ် ဥပဒေအရ မော်တော်ယာဉ်တိုင်း သည် နိုင်ငံတစ်ဝန်း မည်သည့်နေ ရာတွင်မဆို မောင်းနှင်ခွင့်ရှိရမည် ဟု တာမွေမြို့နယ်နေ တက္ကစီ ယာဉ်မောင်း ဦးအောင်သန်းဝင်း က ပြောသည်။ စီးတီးတက္ကစီများ သက် တမ်းတိုးခြင်းကို ပြီးခဲ့သည့် အစိုးရလက်ထက်၌ ရန်ကုန်မြို့တော် စည်ပင်က ကိုင်တွယ်ခဲ့ပြီး နောက် ပိုင်းတွင် မထသက လွှဲပြောင်းရ ယူခဲ့သည်။ ထို့နောက် စီးတီးတက္က စီသက်တမ်းတိုးခြင်းနှင့် မှတ်ပုံ တင်ခြင်းလုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အ ဖွဲ့ (ဗဟို) (YRTA)က လွှဲပြောင်း ရယူခဲ့သည်။ ရန်ကုန်မြို့တော်စည်ပင် သာယာနယ်နိမိတ်အတွင်း နယ် နံပါတ်ကားများနှင့် ညအိပ်ခွန် မဆောင်ထားသည့်ကားများ ည အိပ်ခွင့်မရှိကြောင်းနှင့် ညအိပ်ခွန် ပေးဆောင်ထားခြင်း မရှိသည့် ယာဉ်များကို အရေးယူမည်ဟု ရန် ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ကြေညာသည်။ Source: 7 days new

Tuesday, 07 November 2017 09:00

တန်ဆာခ မြင့်တက်နိုင်သော်လည်း စက်သုံးဆီဈေးတက်၍ ကုန်စည်ပို့ဆောင်ရေးလုပ်ငန်းများ အခက်တွေ့

တရုတ်နိုင်ငံ ယူနန်ပြည် နယ်သို့ သစ်သီးနှင့် ဆန်အပါအ ဝင် လယ်ယာထွက်ကုန်များ နယ် စပ်မှ တင်ပို့မှုများလာသဖြင့် ကုန် စည်ပို့ဆောင်ခ မြင့်တက်နိုင်သော် လည်း စက်သုံးဆီဈေးတက်နေ၍ အခက်တွေ့ရသည်ဟု ကုန်စည် ပိုဆောင်ရေး လုပ်ကိုင်နေသည့် လုပ်ငန်းရှင်အချို့က ပြောသည်။

Tuesday, 10 October 2017 08:11

ရန်ကုန်မြို့တွင် ပထမဆုံးစတင်ပြေးဆွဲမည့် Yangon Water Bus ခရီးစဉ်စဆုံး ငွေကျပ် ၃၀၀ ကျပ်နှုန်းသတ်မှတ်

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဦးဆောင်မှုဖြင့် အောက်တိုဘာလ ၇ ရက်နေ့ နံနက်ပိုင်းတွင် ရန်ကုန်မြို့၊ ဗိုလ်တထောင်ဆိပ်ကမ်းနှင့် အင်းစိန်ခုံးကျော်တံတား ပထမဆုံးစတင်ပြေးဆွဲပေးမည့် Yangon Water Bus ခရီးစဉ်စ/ဆုံး လမ်းကြောင်းတစ်ကြောင်းတွင် ငွေကျပ် ၃၀၀ နှုန်းဖြင့် ၀န်ဆောင်မှုပေးသွားမည်ဖြစ်ကြောင်း ယင်းနေ့ နံနက် ၉ နာရီက ဗိုလ်တထောင်ဆိပ်ကမ်းတွင် ကျင်းပခဲ့သော Yangon Water Bus ဖွင့်ပွဲ အခမ်းအနားတွင် တင့်တင့်မြန်မာအုပ်စုကုမ္ပဏီဥက္ကဋ္ဌဒေါ်တင့်တင့်လွင်က ပြောကြားခဲ့ပါတယ်။ အခုလောလောဆယ် Water Bus ကို ၁၃ စင်းနဲ့ စတင်ပြေးဆွဲပါမယ်။ ခရီးသည် ၂၃၀ စီးက သုံးစင်း၊ ခရီးသည် ၆၀ စီးက သုံးစင်း၊ ခရီးသည် ၁၂၀ စီးက ခုနစ်စင်းဖြင့် စတင်ပြေးဆွဲပေးမည်ဖြစ်ကြောင်းသိရပါတယ်။ ခရီးသည် စီးနင်းတဲ့ ဦးရေပေါ်မှာမူတည်ပြီး ဘယ်နေရာ၊ ဘယ်မှတ်တိုင်တွေမှာ လိုအပ်တာတွေကို လေ့လာသုံးသပ်ပြီး သုံးလအတွင်း ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားဖို့တော့ ရှိပါတယ်။ ခရီးသည် လုံခြုံမှုအတွက်လည်း Water Bus တွေမှာ အသက်ကယ်အင်္ကျီတွေကို ရေထဲမှာ နှစ်နာရီ၊ သုံးနာရီကျော်ကြာနေနိုင်ပြီး ကောင်းမွန်တဲ့ အသက်ကယ်အင်္ကျီတွေ စီစဉ်ပေးထားပါတယ်။ ကလေးအသက်ကယ်အင်္ကျီ၊ ဗောကွင်းတွေနဲ့ အရေးပေါ်လှေတွေပါ ခရီးသည်တွေအတွက် စီစဉ်ပေးထားပါတယ်။ ယင်းအပြင် Control Center မှတစ်ဆင့် တိုက်ရိုက်ကြည့်ရှုနိုင်တဲ့ GPS နဲ့ CCTV စနစ်တွေကိုလည်း ထည့်ပေးထားပါတယ်ဟု Yangon Water Bus ကို စတင်အကောင်အထည်ဖော်ပြေးဆွဲပေးမည့် တင့်တင့်မြန်မာအုပ်စုကုမ္ပဏီမှ ဥက္ကဋ္ဌ ဒေါ်တင့်တင့်လွင်က ပြောကြားခဲ့ပါတယ်။ အောက်တိုဘာ ၇ ရက်တွင် စတင်ပြေးဆွဲပေးမည့် ရန်ကုန်မြို့ ပထမဆုံး Water Bus များသည် ခရီးသွားပြည်သူများအား မိတ်ဆက်သည့်အနေဖြင့် ရန်ကုန်မြစ်ကြောင်းတစ်လျှောက် ဗိုလ်တထောင်ဆိပ်ကမ်းမှ အင်းစိန်အထိ အခမဲ့ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ လမ်းကြောင်းတစ်လျှောက် ခရီးသည် တက်/ဆင်း ပြုလုပ်နိုင်မည့် ဆိပ်ကမ်းများမှာ နန်းသီတာ၊ လမ်းသစ်၊ ကြည့်မြင်တိုင်၊ လှိုင်နှင့် ပန်းလှိုင်တို့ဖြစ်ပြီး စုစုပေါင်းဆိပ်ကမ်းခုနစ်ခုရှိကာ အထူးသဖြင့် ၀န်ထမ်းများနှင့် ရန်ကုန်မြို့တွင်း နေ့စဉ်သွားလာလှုပ်ရှားနေသော အလုပ်သမားများအတွက် ရည်ရွယ်ပြေးဆွဲပေးခြင်းဖြစ်ကြောင်း သိရပါတယ်။ ၀န်ဆောင်မှုအနေဖြင့်လည်း လမ်းကြောင်းတစ်ခုတွင် ငွေကျပ် ၃၀၀ နှုန်းသာ ကောက်ခံသွားမည်ဖြစ်ပြီး ငွေသားကျပ်ပေးဆောင်စရာမလိုဘဲ တက်/ဆင်း ပြုလုပ်နိုင်သော ဆိပ်ကမ်းများတွင် anypay ငွေဖြည့်ကတ်ကို အသုံးပြုနိုင်ပြီး အဆိုပါငွေဖြည့်ကတ်တွင်လည်း မိမိထည့်လိုသော ငွေပမာဏကို ထည့်သွင်းကာ လိုက်ပါစီးနင်းနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ ယင်း anypay ငွေဖြည့်ကတ်ကို ခရီးသည်များအနေဖြင့် ၀ယ်စရာမလိုဘဲ အခမဲ့အသုံးပြုခွင့်ပေးသွားမည်ဖြစ်ကြောင်း သိရပါတယ်။ Yangon Water Bus ကို လတ်တလောအနေဖြင့် ငါးစင်းစတင်ပြေးဆွဲပေးမည်ဖြစ်ပြီး နေ့စဉ် နံနက် ၆ နာရီခွဲမှ ညနေ ၆ နာရီခွဲအထိ ခရီးသည်လိုက်ပါစီးနင်းမှုအပေါ်မူတည်ကာ အချိန်ကွာခြားမှုမရှိဘဲ အဆက်မပြတ် ပြေးဆွဲပေးသွားမည်ဖြစ်ပြီး လမ်းကြောင်းတစ်လျှောက်တွင် မိနစ် ၃၀၊ ၄၅ မိနစ်ဝန်းကျင်သာ ကြာမြင့်မည်ဖြစ်ကြောင်း သိရပါတယ်။ လောလောဆယ်လမ်းကြောင်းမှာ မှတ်တိုင် ခုနစ်ခုရှိပါတယ်။ နောက်ပိုင်းခရီးသည်တွေအနေနဲ့ YBS လိုင်းတွေကို ထပ်မံချဲ့ထွင်ပြီးတော့ Water Bus မှတ်တိုင်အရောက် စီးလို့ရအောင် စီစဉ်နေကြောင်း သိရပါတယ်။ ထွက်ခွာချိန်ကိုလည်း ခရီးသည်အပေါ်မူတည်ပြီး ထွက်ခွာပေးမှာဖြစ်ပါတယ်။ မှတ်တိုင်တွေမှာ ခရီးသည်တွေ စီးနင်းလိုက်ပါမှုအဆင်ပြေအောင် ဘုတ်တွေထောင်ထားပါတယ်။ အာမခံပိုင်းအနေနဲ့လည်း လတ်တလော မှာ အစိုးရအာမခံဌာနနဲ့ IKBZ အာမခံလုပ်ငန်းတွေကို ချိတ်ဆက်ထားပါတယ်။ အာမခံကဏ္ဍအတွက်ကတော့ ဆက်လက်တိုးချဲ့လုပ်ဆောင်ပေးသွားဖို့ရှိပါတယ်။ နောက်ပိုင်း မြောက်ဒဂုံနဲ့ သန်လျင်ဘက်တွေကို ထပ်မံတိုးချဲ့ပြေးဆွဲပေးသွားဖို့ စီစဉ်ထားကြောင်း ရှင်းပြပါတယ်။ ရန်ကုန်မြစ်အတွင်း စတင်ပြေးဆွဲပေးမည့် Yangon Water Bus ပေါ်တွင် ခရီးသည်များသာ လိုက်ပါစီးနင်းနိုင်ပြီး ကုန်ပစ္စည်းများ လုံးဝတင်ဆောင်ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် လိုက်ပါစီးနင်းမည့်ခရီးသည်များအနေဖြင့် ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ မြစ်အတွင်းအမှိုက်စွန့်ပစ်ချခြင်းတို့ကို လုံးဝခွင့်ပြုသွားမည်မဟုတ်ဘဲ နိုင်ငံတကာစည်းကမ်းနှင့်အညီ စည်းကမ်းတကျ လိုက်ပါစီးနင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရပါတယ်။ ယာဉ်ပေါ်လိုက်ပါလာသောခရီးသည်များအဆင်ပြေစေရန်အတွက် ငွေကျပ် ၄၀၀ တန် ထမင်းဘူးနှင့် ငွေကျပ် ၁၅၀ တန် လက်ဖက်ရည်တို့ကို ဈေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်ရန် စီစဉ်ပေးထားကြောင်း သိရပါတယ်။ Source: Myanmar Ahlin