Transportation

Monday, 11 June 2018 03:23

Billion ပြည်တွင်းအငှားယာဉ် ဝန်ဆောင်မှု့လုပ်ငန်းစတင်မည်

တတိယမြောက် ပြည်တွင်းအငှားယာဉ် ဝန်ဆောင်မှု့လုပ်ငန်းဖြစ်လာမည့် Billion အငှားယာဉ်ဝန်ဆာင်မှုကို ဇွန်လတတိယပတ်တွင်စတင်

Wednesday, 23 May 2018 06:44

သယ်ယူပို့ဆောင်ရေး ကဏ္ဍ

မြန်မာနိုင်ငံကုန်သေတ္တာတင် မော်တော်ယာဉ်များအသင်းအနေဖြင့် ရန်ကုန်မြို့တွင် အဓိကအားဖြင့် လုပ်ကိုင် လျက်ရှိပြီး ပိုမိုခေတ်မီပြီး

Saturday, 05 May 2018 01:12

တစ်စီးလျှင်ဒဏ်ကြေးကျပ်သိန်း ၈၀ အထိ ဆောင်ရမည်

မူလစက်ရုံထုတ် မဟုတ်ဘဲ တင်သွင်းလာသည်ဟုဆိုကာ ဆိပ်ကမ်းမှထုတ်ခွင့်ရပ်ဆိုင်းထားသော

Tuesday, 10 April 2018 19:07

အူဘာကိုဝယ်ယူပြီးက တက္ကစီခများဈေးတက်လျှင် အရေးယူနိုင်ရန် ဂရက်(ပ်) စောင့်ကြည့်နေ

စင်ကာပူအခြေစိုက် Grabအွန်လိုင်းတက္ကစီ လုပ်ငန်းသည် အမေရိကန်အခြေစိုက် ပြိုင်ဘက်အူဘာက အရှေ့တောင်အာရှ

Monday, 09 April 2018 06:05

ပုသိမ် - ရန်ကုန်လမ်းမ ပြုပြင်မှု ၃၆ လ ကြာမည်

ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့ကို အဓိကဆက်သွယ်ပေးမည့် ပုသိမ်-ရန်ကုန်လမ်းမကြီး အဆင့်မြှင့်တင်ရေး လုပ်ငန်းများ ဆောင်ရွက်မည်ဖြစ်ရာတွင် ၃၆ လကြာမည်ဟု

Friday, 06 April 2018 04:18

ကားစလစ်ဈေးကွက် တလအတွင်း ကျပ် ၁၀ သိန်းခန့် ဈေးကျ

ကားအရောင်းအဝယ် ဈေးကွက်တွင် တစ်လအတွင်း ကားစလစ်ဈေး ကျပ် ၁၀ သိန်းခန့် ဈေးကျဆင်းပြီး

Wednesday, 04 April 2018 04:35

တရုတ် - မြန်မာ ပြည်တွင်းလေဆိပ်များ အဆင့်မြှင့်မည်

တရုတ် − မြန်မာ စီးပွားရေးစင်္ကြန် တစ်ခု၊ လမ်းမတစ်လျောက် စီမံကိန်းကို အကောင်အထည် ဖော်မည်ဖြစ်ရာ

Tuesday, 03 April 2018 05:18

ရန်ကုန် မြို့တွင်း ကီလိုတက္ကစီများ စတင်ပြေးဆွဲ

ရန်ကုန်မြို့တွင်း ခရီးသွား ပြည်သူများ လုံခြုံစိတ်ချစွာ စီးနင်းနိုင်ရန် အတွက် အငှားတက္ကစီများက

Friday, 30 March 2018 11:12

မြန်မာအပါအဝင် အရှေ့တောင်အာရှရှိ Uber ၏ စီးပွားရေးလုပ်ငန်းများကို Grab ဝယ်ယူ

မြန်မာနိုင်ငံအပါအဝင် အရှေ့တောင်အာရှဒေသရှိ ၎င်း တို့၏ စီးပွားရေးလုပ်ငန်းများနှင့် ပိုင်ဆိုင်မှုများကို ပြိုင်ဘက်စင် ကာပူအခြေစိုက် Grab ကို ရောင်းချခဲ့ကြောင်း အငှားယာဉ် ဝန် ဆောင်မှုနှင့် အစားအသောက်အိမ်အရောက် ပို့ဆောင်သည့် လုပ်ငန်းများ လုပ်ကိုင်သည့် အမေရိကန်ကုမ္ပဏီ Uber က မတ်လ ၂၆ ရက်တွင် သတင်းထုတ် ပြန်ခဲ့ပါတယ်။ ထိုရောင်းချမှုကြောင့် Uber သည် Grab ၏ ရှယ်ယာ ၂၇ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ပြီး Grab ကုမ္ပဏီ ဒါရိုက်တာအဖွဲ့ဝင် တစ်နေရာလည်းရရှိမည်ဖြစ်ကြောင်း Bloomberg သတင်း ဌာနက ဖော်ပြထားခဲ့ပါတယ်။ ထို့ကြောင့် အရှေ့တောင် အာရှဈေးကွက်တွင် Uber က စီးပွားရေးလုပ်ငန်းများကို နောက်ဆုတ်တော့မည် ဖြစ်ကြောင်း သိခဲ့ရပါတယ်။ ဒီသဘောတူညီမှုက အရှေ့တောင်အာရှမှာ ဒီလိုမျိုးလုပ်ငန်းမှာ ရရှိဖူးသမျှအကြီးဆုံး သဘော တူညီမှုပါ ဟု Grab အမှုဆောင် အရာရှိချုပ် အန်တိုနီတန်က ပြောသည်။ ထိုသဘောတူညီချက်များ အရ Grab သည် မြန်မာအပါအ ဝင် စင်ကာပူ၊ မလေးရှား၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ထိုင်းနှင့် ဗီယက်နမ်မှ Uber လုပ် ငန်းများနှင့် ပိုင်ဆိုင်မှုများကို လွှဲ ပြောင်းရယူမည်ဖြစ်သည်။ အငှားယာဉ်လုပ်ငန်းအဖြစ် Grab နှင့် Uber တို့သည် မြန်မာနိုင်ငံဈေးကွက်သို့ ၂၀၁၇ တွင် စတင်ဝင်ရောက်ခဲ့ပါတယ်။Grab သည် အချိန်တိုအတွင်း အောင်မြင်လာခြင်းဖြစ်ပါတယ်။ Grab သည် ပြည်တွင်း၌ သုံး နှစ်အတွင်း ကန်ဒေါ်လာ သန်း ၁၀၀ ရင်းနှီးမြှုပ်နှံရန် စီစဉ်ခဲ့ပါတယ်။ ၂၀၁၈ ဇန်နဝါရီတွင် Grab Plus စနစ်ကို စတင်မိတ်ဆက်ခဲ့ပြီး တက္ကစီစီးသူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်ထားခဲ့ပါတယ်။ထို့နောက် ဒစ်ဂျစ်တယ် ငွေပေးချေမှုအတွက် Grab pay ကို မိတ် ဆက်ခဲ့ပါတယ်။ ၂၀၁၈ မတ်လ ၁၂ ရက်တွင် ပြည်တွင်းမှ Yoma Strategic Holdings ကုမ္ပဏီ နှင့် ပူးပေါင်း၍ Grab ယာဉ်မောင်းများ ယာဉ်ဝယ်ယူနိုင်ရေး ငွေကြေးထောက် ပံ့ရန်လည်း သဘောတူညီခဲ့ပါတယ်။ ယင်းသဘောတူညီချက်အရ အငှား ယာဉ် ၇၀,၀၀၀ ခန့်အတွက် ယာဉ်ပြုပြင်ထိန်းသိမ်းမှု နှင့် ကားမော်ဒယ်အသစ်များ ဝယ်ယူရန် ပါဝင်သည်ဟု Grab (မြန်မာ)က သတင်း ထုတ်ပြန်ထားခဲ့ပါတယ်။လက်ရှိတွင် Grab က တက္ကစီ ၁၀,၀၀၀ ကျော်ဖြင့် မြန်မာနိုင်ငံ တွင်း ပြေးဆွဲနေသည်။ ၂၀၁၈ ပထမနှစ်ဝက်မတိုင် မီ အရှေ့တောင်အာရှ နိုင်ငံအချို့ တွင် Grab Food ဟုခေါ်သော အစားအသောက် ပို့ဆောင်ရေး လုပ်ငန်းများ ချဲ့ထွင်မည်ဟု Grab က ကြေညာထားခဲ့ပါတယ်။ Source ; 7day daily