Transportation

Friday, 26 January 2018 03:38

ကညန သင်တန်းတက်ပြီးသူများသာ ယာဉ်မောင်းလိုင်စင် ဖြေခွင့်ပြုမည်

ယာဉ်မောင်းလိုင်စင် ဖြေဆိုမည့်သူများသည် မည်သည့်ယာဉ်မောင်းသင်တန်းဆင်း လက်မှတ်မှ မလိုတော့ဘဲ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနက သင်တန်းပို့ချမည့်ယာဉ်စည်းကမ်းရက်တိုသင်တန်းတက်ရောက်မှသာ ဖြေဆိုခွင့်ပြုမည်ဖြစ်ကြောင်း ကညန (နေပြည်တော်) ထံမှ သိရှိရသည်။

Thursday, 25 January 2018 06:35

YBS စနစ် ဒုတိယ စီမံကိန်းတွင် ဘတ်စ်ကားလမ်းကြောင်း နှင့် Water Bus၊ မြို့ပတ်ရထား ၊လေဆိပ်သို့ ယာဉ်လိုင်းများ ချိတ်ဆက်ပြေးဆွဲ

YBS စနစ်ပြောင်း ဒုတိယနှစ် စီမံကိန်း တွင် ဘတ်စ်ကားလမ်းကြောင်းများ Water Bus ၊မြို့ပတ်ရထား လေဆိပ်ယာဉ်လိုင်း

Tuesday, 23 January 2018 04:51

ပုဂ္ဂလိကပိုင် YBS ယာဉ်များကို တန်ဖိုးဖြတ် ငွေလျော်၍ ကုမ္ပဏီတွင် ရှယ်ယာထည့်ဝင်စေမည်

ရန်ကုန်မြို့အတွင်း လက်ရှိပြေးဆွဲနေသော YBS ယာဉ်များမှ ပုဂ္ဂလိကပိုင် ယာဉ် များတန်ဖိုးဖြတ်၍ငွေပေး လျော်ပြီး ကုမ္ပဏီအတွင်း ပြန် လည်ရှယ်ယာထည့်ခြင်းကိုမကြာ မီပြုလုပ်ရန်ရှိကြောင်း ရန်ကုန် တိုင်းဒေသကြီး သယ်ယူပို့ဆောင် ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင် အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောခဲ့သည်။

Monday, 22 January 2018 05:06

ရန်ကုန်-မန္တလေး ရထားလမ်းအဆင့်မြှင့်တင်မှု စီမံကိန်းပထမဆင့် လုပ်ခွင့်ရကုမ္ပဏီများကို သုံးလအတွင်း ထုတ်ပြန်မည်

ရန်ကုန်မှ မန္တလေးသို့ ရှစ်နာရီကြာအောင် သွားရောက်နိုင်သည့် ရထားလမ်းအဆင့်မြှင့်တင်မှုစီမံ ကိန်းအတွက် ပထမအဆင့်တွင် လုပ်ကိုင်ခွင့်ရ ကုမ္ပဏီများအား မတ်လ နှင့် ဧပြီအတွင်း ထုတ်ပြန်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားလုပ်ငန်း ပြော ဆိုခွင့်ရှိသူ အရာရှိတစ်ဦးက ပြောခဲ့သည်။

Tuesday, 02 January 2018 06:44

ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ပြီးပါက ရထားများ နှစ်ဆပိုမိုမြန်ဆန်လာနိုင်

ရန်ကုန်မြို့ပတ်မီးရထားလမ်း အဆင့်မြှင့်တင်ပြီးပါက မြို့ပတ်ရထားများကို ယခုလက်ရှိထက် နှစ်ဆအထိ ပိုမိုမြန်ဆန်လာအောင် ပြေးဆွဲမည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ မြို့ပတ်ရထားဆိုတော့ ဒီလိုအဆင့်မြှင့်တင်မှုတွေ လုပ်ပေးရင်တော့ လူစီးပိုများလာလိမ့်မယ်။ ရန်ကုန်-မန္တလေး လမ်းလောက်တော့ ခရီးသည်စီးနှုန်းက အရမ်းမြင့်တက်လာမှာ မဟုတ်သေးပါဘူး။ လက်ရှိ မီးရထားဌာနက လုပ်စရာရှိတာတွေတော့ စလုပ်နေပါပြီ။ ကျန်တာတွေကတော့ ၂၀၁၈ ခုနှစ်မှ စလုပ်မှာဟု မြန်မာ့မီးရထားစစ်ဆေးရေးဌာနမှ အထွေထွေမန်နေဂျာတစ်ဦးက ပြောကြားခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်မြို့ပတ်ရထားလမ်းကို လာမည့်နှစ်မှစတင်ကာ အပိုင်းနှစ်ပိုင်းဖြင့် အဆင်မြှင့်တင်မှုများ စတင်ပြုလုပ်မည်ဖြစ်ရာ ပထမပိုင်းအား ဂျပန်နိုင်ငံမှ ချေးငွေကျပ် ၂၀၇ သန်းဖြင့်လည်းကောင်း၊ ဒုတိယပိုင်းအား မြန်မာနိုင်ငံမှ ထည့်ဝင်ငွေကျပ်သန်း ၄၀ ခန့်ဖြင့် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရပါတယ်။ ယင်းအပြင် တွဲဆိုင်းဟောင်းများနေရာတွင် တွဲဆိုင်းသစ် ၁၁ ဆိုင်းဖြင့် အစားထိုးပြေးဆွမည်ဖြစ်ပြီး လက်ရှိ ၁၅ ကီလိုမှ ၃၅ ကီလိုနှင့် ၄၀ ကီလိုခန့်အထိ မောင်းနှင်ပြေးဆွဲပေးသွားမည်ဖြစ်ရာ ယင်းစီမံချက်ပြီးစီးသွားပါက လက်ရှိထက် နှစ်ဆအထိ မြန်ဆန်စွာ မောင်းနှင်နိုင်မည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိတွင် ယင်းစီမံကိန်းဆောင်ရွက်ရန် ပြည်တွင်း၊ ပြည်ပ ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုမှုများ စတင်လုပ်ဆောင်နေပြီး တင်ဒါခေါ်ယူနိုင်ရေးကို လာမည့် ၂၀၂၀ ခုနှစ်တွင် အပြီးဆောင်ရွက်မည်ဖြစ်ကြောင်း မြန်မာ့မီးရထားမှ သိရပါတယ်။ Source: Myanmar Time

Wednesday, 27 December 2017 09:34

အမြန်လမ်းတွင် လျှပ်စစ်ကားများ အားသွင်းရန်နေရာများ တည်ဆောက်မည်ဟုသိရ

မြန်မာနိုင်ငံတွင် ဒီဇယ်နှင့် ဓာတ်ဆီ အသုံးပြုမှုအစား လာမည့်နှစ်အနည်းငယ်အတွင်း လျှပ်စစ်မော်တော်ကားများ ဓာတ်အားသွင်းနိုင်ရန်အတွက် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး မိုင် ၅၀ တစ်ဖြတ်တွင် Solar Charging Station (နေရောင်ခြည်သုံး ဓာတ်အားဖြည့်ရန်နေရာ) များ တည်ဆောက်ရန် စီမံချက်များ ရေးဆွဲနေကြောင်း စက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ မော်တော်ယာဉ်မူဝါဒသစ်တွင် လျှပ်စစ်မော်တော်ကားများနှင့် ပတ်သက်ပြီး ထည့်သွင်ရေးဆွဲထားကြောင်း သဘာဝပတ်ဝန်းကျင် ညစ်နွမ်းမှုမရှိသည့် လျှပ်စစ်မော်တော်ကားများကို ပြည်သူလူထု သုံးစွဲနိုင်ရန်အတွက် ထုတ်လုပ်ရန်ကြိုးစားမည့်အပြင် အဆိုပါကားများ အဆင်ပြေစွာ သွားလာနိုင်ရေးအတွက် နေရာတိုင်းတွင် ဆိုလာစတေရှင်များ တည်ဆောက်မည်ဖြစ်ရာ ပထမအဆင့်အနေဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းမကြီပေါ်တွင် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးကိုကိုလွင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ လျှပ်စစ်သုံး ဘက်ထရီကားများ ထုတ်လုပ်ရန် နည်းပညာ လွှဲပြောင်းရယူဆောင်ရွက်ရန် ပြည်ပကုမ္ပဏီများက စက်မှုဝန်ကြီးဌာနနှင့် လာရောက်ဆွေးနွေးလျက်ရှိပြီး လျပ်စစ်ကားများအတွက် စတေးရှင်ထောင်ပေးရန် လိုအပ်သဖြင့် ဆောင်ရွက်ရခြင်းဖြစ်သည်ဟု စက်မှုဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန်က အသိပေးခဲ့ကြောင်း သိရပါတယ်။ နိုင်ငံတကာတွင် လောင်စာစွမ်းအင်သုံးကားများသည် ပတ်ဝန်ကျင်ထိခိုက်မှု ရှိလာသဖြင့် လျှပ်စစ်ကားများကို ပြောင်းလဲသုံးစွဲရန် စီစဉ်လျက်ရှိရာ တရုတ်နိုင်ငံသည် ၂၀၃၀ တွင် လျပ်စစ်ကားများကို စတင်သုံးစွဲရန် စီစဉ်လျက်ရှိပြီး ထိုင်းနိုင်ငံတွင် လျှပ်စစ်ကားများ သုံးစွဲရေးအတွက် ဝါဒများတွင် ထည့်သွင်းရေးဆွဲထားသည့် အနေအထားများရှိသည်ဟု မန္တလေးမြိုမှ သဘာဝပတ်ဝန်းကျင် သုတေသီတစ်ဦးဖြစ်သူ ဦးလှချစ်ကသူ ထင်မြင်ချက်ကို ပြောကြားခဲ့ကြောင်း သိရပါတယ်။ Source: Voice

Friday, 22 December 2017 07:08

မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ဘီလီယံခန့်ကုန်ကျနိုင်

၂ဝ၂ဝပြည့်နှစ်တွင် ရန်ကုန်မြို့တွင် ဂျပန်နိုင်ငံအကူအညီဖြင့် စတင်တည်ဆောက်မည့် မိုးပျံလျှပ်စစ်ရထားပြေးဆွဲရေးစီမံကိန်းအတွက် အမေရိကန်ဒေါ်လာ ၅ဘီလီယံခန့်ကုန်ကျနိုင်မည်ဟု ကနဦးခန့်မှန်းထားကြောင်းမြန်မာ့မီးရထားစီမံကိန်းဒါရိုက်တာထံမှ သိရသည်။ ယင်းစီမံကိန်းကို ဂျပန်နိုင်ငံ၏အကူအညီဖြင့် မြန်မာ့မီးရထား၊ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနတို့ပူးပေါင်းဆောင်ရွက်မည်ဖြစ်ပြီး ယင်းစီမံကိန်းကို လုပ်ဆောင်ရန် ယခင်ကတည်းက လျာထားချက်ရှိသော်လည်းလိုအပ်သည့် လျှပ်စစ်မရရှိသဖြင့် အကောင်အထည်မဖော်နိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ၂ဝ၂ဝပြည့်နှစ် ဝန်းကျင်လောက်တွင် လျှပ်စစ်သည်အာမခံနိုင်သော အဆင့်ရှိနိုင်သည့်အတွက် အဲဒီနှစ်ကျမှ စလုပ်ရန်စီမံချက်ဆွဲနေပြီး ခန့်မှန်ခြေ ၂ဝ၂၄ခုနှစ်တွင် ပြီးစီးနိုင်မည်ဖြစ်ကြောင်း သိရသည်။ စီမံကိန်းပြင်ဆင်တည်ဆောက်ရေးလုပ်ငန်းကာလသည် လေးနှစ်ခန့်ကြာမြင့်နိုင်မည်ဖြစ်ပြီး ၂ဝ၂၄ခုနှစ်တွင်ပြေးဆွဲမှုစတင်နိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။ ယင်းရထားလမ်းကြောင်းအသစ်ကို တောင်နှင့်မြောက်၊အရှေ့နှင့်အနောက်ဟူ၍ သွယ်တန်းပြေးဆွဲ၍ ရေးဆွဲထားပြီး လက်ရှိမြို့ပတ်ရထားလမ်းများနှင့် ချိတ်ဆက်မည်ဖြစ်ကာ တောင်နှင့်မြောက်လမ်းကြောင်းကို ဒလမြို့နယ်မှ မင်္ဂလာဒုံမြို့နယ်အထိလည်းကောင်း၊အရှေ့နှင့် အနောက်လမ်းကြောင်းကို လှိုင်သာယာမြို့နယ်မှ ရန်ကုန်မြို့လယ်ကိုဖြတ်ကာ ဒဂုံမြို့သစ်အထိလည်းကောင်းဖောက်လုပ်ရန်စီမံကိန်းရေးဆွဲထားကြောင်း သိရသည်။ ရန်ကုန်မြို့တွင် နေ့စဉ်ခရီးသွားပြည်သူ ၂ ဒသမ ၅သန်းခန့်ရှိပြီး ခရီးသည်ဦးရေနှစ်သန်းခန့်သည် ဘတ်စကားကိုသာ အဓိကစီးနင်းနေရပြီး ယင်းစီမံကိန်းလုပ်ငန်းများအားလုံးပြီးစီးပါက ရန်ကုန်မြို့တွင်းခရီးသွားလာမှုအပေါ်တွင် အကျိုးဖြစ်ထွန်းလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ Source:Myawaddy

Wednesday, 20 December 2017 10:08

YBS ယာဉ်လိုင်းအားလုံး ကုမ္ပဏီစနစ် ပြောင်းလဲမည်ဆိုပါက ကြားကားပြေးဆွဲနေခြင်းကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်

YBS ယာဉ်လိုင်းများအားလုံး ကုမ္ပဏီစနစ်ဖြင့် ပြောင်းလဲမည်ဆိုပါက ရန်ကုန်မြို့တွင်း ကြားကားပြေးဆွဲနေ ခြင်းကို စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်ဘတ်စ်ကားအများနှင့် သက်ဆိုင်သော ကုမ္ပဏီ ဥက္ကဌဒေါက်တာမောင်အောင်ထံမှ သိရပါတယ်။ YBS ယာဉ်တွေမှာ မူလရည်မှန်းချက်တွေက ကုမ္ပဏီစနစ်နဲ့ ပြောင်းဖို့ပါ။ အခုက သုံးပုံနှစ်ပုံလောက်ကတော့ ကုမ္ပဏီစနစ်ဖြစ်လာပါပြီ။ ဒါပေမယ့် ကျန်တာတွေလည်း ကျန်ပါသေးတယ်။ ဒီတော့ ဘာတွေဖြစ်လာလဲဆိုတော့ YBS ယာဉ်တွေက ကြားကားအနေနဲ့ ပြေးဆွဲပြီး ပိုက်ဆံတွေ ပိုတောင်းလာကြပါတယ်။ ဒါကြောင့် ရန်ကုန်မြို့တွင်း ပြေးဆွဲတဲ့ကားတွေကို ကုမ္ပဏီကားတွေနဲ့ အစားထိုးသွားမှာဟု ဒေါက်တာမောင်အောင်က ပြောကြားခဲ့ကြောင်း သိရပါတယ်။ ထိုသို့ YBS ယာဉ်လိုင်းတွေအားလုံးကို ကုမ္ပဏီစနစ်ဖြင့် ဆောင်ရွက်ရန် ပြင်ဆင်နေသည်များနှင့် အရေးယူမှုအပိုင်းများမှာလည်း လိုအပ်ချက်များစွာရှိနေကြောင်း အလားတူ ရန်ကုန်မြို့တွင်း ၀င်ရောက်မည့် မော်တော်ယာဉ်များကို ကုမ္ပဏီမော်တော်ယာဉ်များဖြစ်လာစေရန် ပြင်ဆင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း သိရပါတယ်။ လက်ရှိ YBS ယာဉ်လိုင်းများအားလုံး၌ ယာဉ်လိုင်းတိုင်းတွင် ကြားကားများရှိသော်လည်း ပြည်လမ်းတွင် ပြေးဆွဲပေး နေသော YBS ၃၇ ယာဉ်မှာ ည ၉ နာရီအထိ အချိန်ပြည့် ပြေးဆွဲပေးနေသဖြင့် ပြည်လမ်း၌ ကြားကားမရှိကြောင်း၊ YBS ယာဉ်လိုင်းအားလုံးတွင် ကုမ္ပဏီယာဉ်လိုင်းများဖြစ်ပါက ခရီးသည်များ သွားလာ စီးနင်းသည့်အချိန်ထိ ပြေးဆွဲပေးရန် စီမံချက်ဖြင့် ဆောင်ရွက်ပေးနိုင်ကြောင်း သိရပါတယ်။ Source: Myawaddy

Tuesday, 19 December 2017 04:13

မြန်မာနိုင်ငံသား သန်း ၂၀ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိဟု အေဒီဘီဆို

မကြာသေးမီက ထုတ်ပြန်လိုက်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးအတွက် မူဝါဒအကြံပြုချက်စာတမ်းတွင် နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူ သန်း ၂၀ ခန့်မှာ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိသေးသည်ကို လေ့လာ တွေ့ရှိရကြောင်း ဖော်ပြထားသည်။ အဆိုပါလူဦးရေသည် တစ်နိုင်ငံလုံးရှိ ကျေးလက်နေလူထု၏ ထက်ဝက်ပမာဏအထိ ရှိကြောင်းလည်း စာတမ်းက ဆိုထားသေးသည်။ အဆိုပါ အကြံပြုချက်စာတမ်းကို ဇူလိုင် ၂၂ ရက်နေ့တွင် အေဒီဘီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ စာတမ်းတွင် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန်နှင့် လုပ်ဆောင်ရန်အချက်များကို ထောက်ပြထားသည်။ “မြန်မာနိုင်ငံမှာရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေး ရင်းမြစ်ထက် လိုအပ်ချက်က အများကြီး ပိုမိုများပြားနေတဲ့အတွက် တိုင်းပြည်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ ကာလကြာရှည် အကျပ်ရိုက်နေခဲ့ပါတယ်” ဟု စာတမ်းတွင် ဖော်ပြထားသည်။ ထို့ပြင် ၆၀ ရာခိုင်နှုန်းသော အဝေးပြေးလမ်းမကြီးများနှင့် ရထားလမ်းများသည် ယိုယွင်းနေကြပြီး၊ ထိုလမ်းများပြုပြင်ရန် လိုအပ်သည့် ပမာဏထက် နှစ်ဆ၊ သုံးဆခန့်နည်းပါးသော ငွေကြေးကိုသာ စိုက်ထုတ် သုံးစွဲနေကြသလို၊ အလားအလာကောင်းများရှိသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်ဆိုလျှင် မည်သည့် စိုက်ထုတ်မှုမျှမရှိကြောင်း စာတမ်းက ထောက်ပြထားသည်။ မြန်မာအစိုးရသည် ဂျီဒီပီ၏ တစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိုက်ထုတ်သုံးစွဲနေပြီး အခြား ဖွံ့ဖြိုးမှုနှုန်း တူညီသည့် တိုင်းပြည်များဆိုလျှင် ထိုကဏ္ဍအတွက် ဂျီဒီဘီ၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ သုံးစွဲကြသည်ဟု အေဒီဘီက နှိုင်းယှဉ်ပြသထားသည်။ အေဒီဘီ၏ အဆိုအရ မြန်မာနိုင်ငံအနေနှင့် လမ်းကွန်ယက် ကီလိုမီတာပေါင်း ၁၆၀,၀၀၀ ခန့် (မိုင်တစ်သိန်းနီးပါး)မှ ၂၆၀,၀၀၀ ကျော် (မိုင် ၁၆၀,၀၀၀ ကျော်) အထိ ထပ်မံဖောက်လုပ်မှသာ နိုင်ငံအဝှမ်းရှိ ကျေးရွာများသို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။ ရထားပို့ဆောင်ရေးကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် ရထားလမ်းကွန်ယက် ကီလိုမီတာပေါင်း ခြောက်ထောင်ကျော် (မိုင်ပေါင်း ၃၈၀၀ခန့်) ရှိပြီးဖြစ်သော်လည်း ထိုကွန်ယက်၏ ၆၀ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် ခရီးသည် ၁၀၀၀ အောက်ကိုသာ ဝန်ဆောင်မှုပေးနေကြောင်းတွေ့ရှိရသည်ဟု စာတမ်း၌ ဖော်ပြထားသည်။ ထိုပမာဏသည် “မီးရထားဝန်ဆောင်မှုကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင်တောင် အဲဒီ (ခရီးသည်) ပမာဏက ထိန်းညှိဆောင်ရွက်ဖို့ နည်းလွန်းပါတယ်” ဟု အေဒီဘီက သုံးသပ်ထားသည်။ “မြန်မာ့မီးရထား(မမ)ဟာ သူစွမ်းနိုင်တဲ့ပမာဏရဲ့ထက်ဝက်နဲ့ လုပ်ငန်းလည်ပတ်ဖို့ အတင်းဖိအားပေး ခံနေရသည်” ဟု အေဒီဘီ၏ စာတမ်းက မှတ်ချက်ပြုထားသည်။ မြန်မာ့မီးရထား၏ အောက်မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက အေဒီဘီ၏ ယခုအစီအရင်ခံစာသည် အစိုးရနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို စေ့စပ်စွာ နားလည်နိုင်ရေးနှင့် ဆက်လက် အကောင်အထည်ဖော်ရန်အတွက် အထောက်အကူဖြစ်မည်ဟုထင်ကြောင်း မှတ်ချက်ပေးသည်။ ၂၀၁၆ မှ ၂၀၃၀ ခုနှစ်အတွင်း တမျိုးသားလုံး၏ ဝင်ငွေလျင်မြန်စွာ တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအနေနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄၅ မှ ၆၀ ဘီလျံခန့်အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်ဟု အေဒီဘီက တွက်ချက် ကောက်ချက်ဆွဲထားသည်။ source-frontier