Transportation

Tuesday, 10 March 2020 08:47

တောင်ဒဂုံမှ ဒဂုံတက္ကသိုလ်သို့ တိုက်ရိုက်ရောက်ရှိမည့် YBS ယာဉ်လိုင်းသစ်

တောင်ဒဂုံမှ ဒဂုံတက္ကသိုလ်သို့ တိုက်ရိုက်ရောက်ရှိမည့် YBS ယာဉ်လိုင်းသစ် YBS-102 (ယုဇနဥယျာဉ်မြို့တော် - ဒဂုံတက္ကသိုလ်) ယာဉ်လိုင်းကို 11.3.2020 (ဗုဒ္ဓဟူးနေ့) တွင် Golden Yangon City Transportation Public Company မှ Hyundai & Daewoo ကားများဖြင့် ပြေးဆွဲပေးတော့မည်ဖြစ်ပါသည်။

Thursday, 27 February 2020 10:36

COVID- 19 ကြောင့် မြန်မာ - တရုတ်ပြေးဆွဲသော လေကြောင်းလိုင်း ၁၉ လိုင်းရပ်နား

COVID -19 ဗိုင်းရပ်စ်ကြောင့် မြန်မာ - တရုတ် ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်း ၁၉လိုင်းကို ရပ်နားခဲ့ကြောင်း ရန်ကုန်နှင့် မန္တလေး လေဆိပ်တာဝန်ခံများထံ သိရသည်။

Thursday, 27 February 2020 10:05

အက္ခရာနိမ့်ကားတွေကိုနယ်နှင်တော့မှာလား၊ ကားဈေးကျတော့မှာလား

လက်ရှိလူမှုကွန်ယက်မှာ 9B အက္ခရာနှင့်အောက် ကားတွေကိုနယ်နှင်မယ်ဆိုပြီး တော်တော်လေးပျံ့နှံ့နေပါတယ်။ တိတိကျကျထုတ်ပြန်တာမျိုးတော့ မရှိသေးပါဘူး။ ဒါပေမယ့် ဒီသတင်းမတိုင်ခင်က ကာဗွန်ဒိုင်အော်ကဆိုက်နဲ့ပတ် သက်လို့ Euro grade သတ်မှတ်ဖို့ရှိတယ်ဆိုတဲ့ သတင်းကတော့ရှိပြီးသားပါ။

Monday, 24 February 2020 07:20

အမေရိကန်ဒေါ်လာ ရှစ်မီလီယံအထိ အရှုံးပေါ် ခဲ့တဲ့ ဗီယက်နမ်လေကြောင်းလိုင်း

ဗီယက်နမ်လေကြောင်းလိုင်း အနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ရှစ်မီလီယံအထိ အရှုံးပေါ်နေကြောင်း စီအင်န်အေ သတင်းတွင် ဖော်ပြချက်အရ သိရပါတယ်။ တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်ပျံသန်းနေသည့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းများအပြင် ပုဂ္ဂလိကလေကြောင်းလိုင်းများလည်း ယာယီရပ်နားထားသလို တခြားကမ္ဘာ့နိုင်ငံများသို့ ဆက်သွယ်ပျံသန်းနေသည့် လေကြောင်းလိုင်းလုပ်ငန်းများမှာလည်း ကျဆင်းသည့် အနေအထားများကို ကြုံတွေ့ခဲ့ရပါတယ်။

Monday, 24 February 2020 06:54

ထိုင်းနိုင်ငံမှ ကုန်တင်ယာဉ်များ သီလဝါဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် တိုက်ရိုက်ကုန်သွယ်မှုစတင်ခဲ့

ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရပါတယ်။

Saturday, 22 February 2020 04:22

ပုသိမ်-မုံရွာကားလမ်းပေါ်တွင် အန္တရာယ်ကွေ့များကို ပြုပြင်တိုးချဲ့မှုများ ယခုလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိ

ပုသိမ်-မုံရွာ ကားလမ်းပေါ်တွင် အန္တရာယ်ရှိကွေ့များကို အကျယ် ၂၃ ပေ အထိ တိုးချဲ့ပြုပြင်ခြင်းလုပ်ငန်းများ ဖေဖော်ဝါရီလအတွင်း အပြီးသတ်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Wednesday, 19 February 2020 10:07

ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝ ကျွန်းပေါ် ဌာနခွဲမှ မြစ်တွင်း အပျော်စီး #တေဇ# ရေယာဉ် ပြေးဆွဲ

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝ ကျွန်းပေါ် ဌာနခွဲမှ #တေဇ# ရေယာဉ်ဖြင့် မြစ်တွင်း အပျော်စီး ခရီးစဉ် ပြေးဆွဲမှု မိတ်ဆက်ပွဲ အခမ်းအနားကို ဖော်ဖော်ဝါရီ (၁၄)ရက် ညနေပိုင်းက ဗိုလ်တထောင် ဆိပ်ကမ်း အမှတ် (၅) တံတားရှိ အဆိုပါ သင်္ဘောပေါ်၌ ပြုလုပ်ခဲ့ပါတယ်။

Wednesday, 19 February 2020 08:38

အရှေ့တောင်အာရှတွင် Volocopter နှင့် Grab တို့ပူပေါင်းကာ air taxi ဝန်ဆောင်မှု စတင်ရန်လေ့လာ

Volocopter သည် ငွေပေးချေမှုကုမ္ပဏီ ဖြစ်တဲ့ Grab နှင့်အတူ အရှေ့တောင်အာရှရှိ ရဟက်ယာဉ် လေကြောင်းသွားလာမှုဆိုင်ရာ ဖြစ်နိုင်ခြေလေ့လာမှုတစ်ခုအရ လိုအပ်သည့် သယ်ယူပိုဆောင်ရေး ၊ အစားအစာဖြန့်ဝေခြင်းတို့ကို လက်တွဲလုပ်ဆောင်မည်ဖြစ်ပါတယ်။ ပူးတွဲလေ့လာမှုများအရ ဒေသတွင်းရှိအချို့မြို့များတွင် လေကြောင်းတက္ကစီဝန်ဆောင်မှုများကို နေရာချထားရန်နှင့် စူးစမ်းလေ့လာမှုပြုလုပ်ရန်အတွက် ကုမ္ပဏီနှစ်ခုက နားလည်မှုစာချွန်လွှာ (MOU) ၏ တစိတ်တပိုင်းတခုပဲ ဖြစ်ပါတယ်။

Wednesday, 19 February 2020 03:23

မန္တလေးမှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ တိုက်ရိုက်ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလတွင်စတင်၍ စမ်းသပ်ပြေးဆွဲမည်

မြန်မာ-အိန္ဒိယ နှစ်နိုင်ငံ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်လျက် မန္တလေးမြို့မှ အိန္ဒိယနိုင်ငံ အင်ဖာမြို့သို့ နှစ်နိုင်ငံ ပူးပေါင်း၍ တိုက်ရိုက် ဘတ်စ်ကားလိုင်းကို လာမည့် ဧပြီလအတွင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရပါတယ်။