Transportation

ရန်ကုန် - မန္တလေး ၁၁ အဆန် ၊ ၁၂ အစုန်ရထား စက်တင်ဘာ ၁ ရက်၌ စတင်ပြေးဆွဲပေးမည်

ရန်ကုန် - မန္တလေး ၁၁ အဆန် ၊ ၁၂ အစုန်ရထား စက်တင်ဘာ ၁ ရက်၌ စတင်ပြေးဆွဲပေးမည် google.com

          ရန်ကုန် - မန္တလေး ရထားခရီးစဉ် နံနက်ပိုင်းပြေးဆွဲပေးနေသော ၁၁ အဆန် ၁၂ အစုန် ရထားတစ်စီးဖြင့်သာ စက်တင်ဘာ ၁ ရက်မှ

စတင်ပြီး ပြန်လည်ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း မြန်မာ့မီးရထား (နေပြည်တော်) ရုံးချုပ်မှ တာဝန်ရှိသူတစ်ဦးက သြဂုတ် ၃၀ ရက်တွင်ပြောဆိုချက်အရ သိခဲ့ရပါတယ်။

 

          ရန်ကုန်-မန္တလေးလမ်းပိုင်း ကုန်းကြီးဘူတာနှင့်ဆွာဘူတာကြား၌ သြဂုတ် ၂၉ ရက်တွင် ရထားလမ်းပေါ်သို့ ရေကျော်ခဲ့ပြီး မိုင်တိုင်အမှတ် ၁၉၀/ ၁၈-၂၄ကြား၌ တာဘောင်ရေတိုက်စားမှုများ ဖြစ်ပေါ်ခဲ့သဖြင့် ရထားလမ်းပိုင်း ပိတ်ဆို့သွားခဲ့ရပြီး ရန်ကုန် - နေပြည်တော် - မန္တလေး ရထားခရီးစဉ် အားယာယီဖျက်သိမ်းခဲ့ရာတွင် စက်တင်ဘာ ၁ ရက်မှ စ၍ ရန်ကုန်မှ ရေတာရှည်ထိသာပြေးဆွဲပေးမည်ဖြစ်ပြီး ထိုမှတစ်ဆင့်ခရီးသည်များကို ကားဖြင့်ဆွာဘူတာအထိ ပို့ဆောင်ပေးခဲ့ရာမှ ယခုအခါ မန္တလေးဘက်သို့သွားသည့် ရထားဖြင့်ပြန်လည်ပြေးဆွဲပေးရန် စီစဉ်ခြင်းလဲ ဖြစ်ပါတယ်။

 

          "အပျက်အစီးကတော်တော်များတဲ့အတွက်အချိန်ကတော့နည်းနည်းလေးကြာဦးမယ့်သဘော ရှိတယ် ။ ဘယ်လောက်ကြာမယ်ဆိုတာကတော့ ပြောရတာခက်တယ်။လောလောဆယ်တော့ တစ်လမ်းအရင်ပွင့်အောင်လုပ်မယ်။နှစ်လမ်းရှိတာဆိုတော့။ရထားကတော့ ရန်ကုန်- မန္တလေးပြေးတဲ့နေ့ခင်း ရထားကို ၁၁ အဆန် ၁၂ အစုန်ရထားကိုတော့ စက်တင်ဘာ ၁ ရက်နေ့မှာ ရေတာရှည်နဲ့ ဆွာအထိလာပြီးတော့ ဆွာနဲ့ရေတာရှည်ကိုကားနဲ့ကူးပြောင်းပြီးတော့ လုပ်ဆောင် ပေးသွားမှာပါ။ မန္တလေးကလာတဲ့ ရထားက ဆွာမှာရပ် ရန်ကုန်ကလာတဲ့ရထားက ရေတာရှည်မှာရပ် အဲ့လိုမျိုးနဲ့ ပြေးဆွဲပေးသွားမှာပါ " ဟု တာဝန်ရှိသူတစ်ဦးက ပြောဆိုခဲ့ပါတယ်။

 

          အလားတူ ရန်ကုန်-ပုဂံလမ်းပိုင်း လှေဝန်း- ဧကရာဇ်ကြား မိုင်တိုင်အမှတ် ၂၁၇/၁၆-၂၀ကြား မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရထားလမ်းပေါ်သဲမြေများဖုံးလွှမ်းသွားသဖြင့် လမ်းပိတ်ခဲ့ရပြီး သြဂုတ် ၂၉ ရက်က အမှတ်၆၁အဆန် ရန်ကုန်-ပုဂံအမြန်ရထားနှင့် အမှတ်၆၂အစုန် ပုဂံ-ရန်ကုန်အမြန်ရထားကို ရပ်နားထားခဲ့ရာ သြဂုတ် ၃၀ ရက်၌ ပြန်လည်ပြေးဆွဲပေးနေပြီလဲ ဖြစ်ပါတယ်။

 

          ထို့အပြင် တောင်ငူ - ရန်ကုန် ရထားအစုန်အဆန်ပြေးဆွဲပေးရန် နှင့် ပျဉ်းမနား - မန္တလေးကိုလဲ အစုန်အဆန်ပြေးဆွဲပေးနိုင်ရန်အတွက်ကိုလည်းလုပ်ဆောင်နေပြီဖြစ်ကြောင်း မြန်မာ့မီးရထားမသိခဲ့ရပါတယ်။ရန်ကုန်- တောင်ငူ ကြား လမ်းဘူတာများမှ ခရီးသည်များ အဆင်ပြေစေ ရေးအတွက် အဆန်အထူးရထားအား သြဂုတ် ၃၁ရက် တွင် အမှတ် ၇ အဆန်ရထားအချိန်စာရင်းအတိုင်း ထွက်ခွာပေးမည် ဖြစ် ကြောင်း မြန် မာ့မီးရထား ဦး ဇော် လွင် (တိုင်း-၇ ) က ပြောဆိုခဲ့ပါတယ်။

 

          ယင်းသို့ ပြေးဆွဲရာတွင် လမ်းခရီး၌ ၃ အဆန်၊ ၃၁ အဆန်၊ ၇အဆန် ရပ်တန့်သည့်ဘူတာများ၌ ရပ်တန့်ပေးမည် ဖြစ်ပါတယ် ။ အစုန်အထူးရထားအား သြဂုတ် ၃၁ရက်တွင် တောင်ငူမှ ရန်ကုန်သို့ ၃၂ အစုန်ရထား အချိန်စာရင်းအတိုင်း ပြေးဆွဲပေးမည် ဖြစ်ပြီး လမ်းခရီး၌ ၃၂အစုန်၊ ၈အစုန်၊ ၄အစုန် အမြန်ရထားများ ရပ်တန့်သည့် ဘူတာများ၌ ရပ်တန့်ပေးသွားမည်လဲ ဖြစ်ပါတယ်။

 

          ယခင် နေပြည်တော်-မော်လမြိုင် ပြေးဆွဲပေးနေသည့် လူစီးရထားအား သြဂုတ် ၃၁ ရက် မှစ၍ တောင်ငူ-မော်လမြိုင်ခရီးစဉ်အဖြစ် ယာယီပြောင်းလဲကာ အစုန်/အဆန် (၁)ရက်ခြား ပြေးဆွဲ ပေးမည်။ အဆန်အထူးရထား အဖြစ် ရန်ကုန်ထွက် ည ၉ နာရီ- တောင်ငူရောက် ညသန်းခေါင် နံနက် ၂ နာရီ ၅၀ မိနစ် ၊ အစုန် အထူးရထား တောင် ငူထွက် ၁၀ နာရီ ၄၅မိနစ် ရန် ကုန် အ ရောက် ညနေ ၅နာရီ ရောက် ရှိမည် ဖြစ်တယ်။

 

          ယင်းအပြင် ရန် ကုန် - မန္တ လေး ရထားခရီးစဉ်အား ၁၁အဆန် ၁၂ အစုန် ရထားဖြင့် စက် တင် ဘာ ၁ ရက် တွင် ရန် ကုန် မှ ရေတာရှည်သို့ ပြေးဆွဲပေးမည် ဖြစ် ပြီး ရေတာရှည် မှတစ်ဆင့် ဆွာဘူတာအထိ ခရီသည် များအားကားဖြင့် ပို့ ဆောင် ပေးမည် ဖြစ် ရာ ယင်းမှတစ်ဆင့် မန္တ လေး ရထားဖြင့် ပြန်လည် ပြေးဆွဲမည်လဲ ဖြစ်တယ်။

 

          သြဂုတ် ၂၉ ရက်က ဆွာ ရေ လှောင် တမံ ရေပိုလွဲ ပြိုကျပျက်စီးမှုကြောင့် ရထားလမ်း ရေကျော်ကာ ရန် ကုန် - မန္တ လေး - နေပြည် တော် လမ်းပိုင်းနှင့် ရန် ကုန် - တောင် ငူလမ်းပိုင်းများ ယာယီရပ်ဆိုင်းထားခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက ရထားလမ်းကို အမြန်ဆုံးပြန်လည် ပြုပြင်ခဲ့၍ ယခုကဲ့သို့ ရန် ကုန် - တောင် ငူ ရထားခရီးစဉ် အားပြန်လည် ထွက်ပေးနိုင် ခြင်းဖြစ်ကြောင်း မြန်မာ့မီးရထားမှသိရပါတယ်။

 

Source : Myanmar Time

Read times
Rate this item
(0 votes)