Transportation

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်ဖြင့် တက္ကစီတင်သွင်းခွင့် ဆက်လက် ပိတ်သိမ်းထားမည်

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရ ထောက်ခံချက်ဖြင့် တက္ကစီတင်သွင်းခွင့် ဆက်လက် ပိတ်သိမ်းထားမည် google

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရထောက်ခံချက်ဖြင့် တက္ကစီတင်သွင်းခွင့်များကိုလာမည့်နှစ်တွင် ခွင့်ပြုပေးသွားမည်မဟုတ်ဘဲ ဆက်လက်ပိတ်သိမ်း ထားမည်ဖြစ်ကြောင်းသိရှိရသည်။

 

ပြည်နယ်နှင့် တိုင်းဒေသကြီးအစိုးရထောက်ခံချက်ဖြင့် တက္ကစီတင်သွင်းခွင့် လျှောက်ထားမှု များပြားလာခြင်းကြောင့် အစိုးရအဖွဲ့ထောက်ခံချက်ဖြင့် တက္ကစီယာဉ်တင်သွင်းခြင်းကိုကန့်သတ်ခဲ့ပြီးလာမည့် ၂၀၁၉ ခုနှစ် တွင်လည်းဆက်လက်ခွင့်ပြုပေးဦးမည် မဟုတ်ကြောင်း ပါမစ်စိစစ်ရေးကော်မတီထံမှ ထပ်မံသိရှိရသည်။

 

“ပြည်နယ်၊ တိုင်းအစိုးရအဖွဲ့ပါမစ်တွေကိုတော့ကန့်သတ်ထားဦးမှာပါ။တကယ်လို့ နိုင်ငံတော်အဆင့် အရေးပေါ် တက္ကစီတင်သွင်းဖို့လိုတယ်ဆိုရင် ဝန်ကြီးဌာနရုံးတွေကနေပါမစ်လျှောက်လွှာတင်နိုင်ပါတယ်။ တကယ်လို့ အများပြည်သူသွားလာရေးအတွက် ဘတ်စ်ကားတွေ တင်သွင်းချင်တယ်ဆိုရင်တော့ အဲ့အတွက် ကျတော်တို့မှာစီစဉ်ပေးထားတာမျိုးရှိပါ” ဟုကော်မတီမှ တာဝန်ရှိသူတစ်ဦးကပြောကြားခဲ့သည်။

 

လက်ရှိအချိန်တွင် ပြည်တွင်းသို့ တက္ကစီတင်သွင်းခြင်းကိုတစ်စီးအပ်တစ်စီးသွင်းစနစ်ဖြစ်သည့် ယာဉ်အိုယာဉ်ဟောင်းအပ်နှံခြင်းဖြင့် တက္ကစီတင်သွင်းခွင့်ရှိကြောင်းသိရသည်။ ထို့အပြင် ရန်ကုန်တိုင်းတွင် အက္ခရာတက္ကစီများကိုလူစီးအဖြစ် ပြန်လည်ပြောင်းလဲခွင့်ပြုထားသော်လည်းလူစီးအနက်လိုင်စင်များကိုတက္ကစီအဖြစ် ပြောင်းလဲခွင့် ပိတ်ထားကြောင်းလည်းထပ်မံသိရသည်။ တက္ကစီစလစ်ဖြင့် တက္ကစီပြန်လည်တင်သွင်းခြင်းကိုခွင့်ပြုပေးထားခြင်းကြောင့် မောင်းနှင်ရန် မဖြစ်နိုင်တော့သောတက္ကစီယာဉ်များအနေဖြင့် မော်ဒယ်မြင့်တက္ကစီများကိုသတ်မှတ်ထားသည့် မူဝါဒအတွင်းတင်သွင်းနိုင်ကြောင်းလည်းသိရသည်။

 

Source; Carjournal

 

Myanmar Logistics Guide

 

 

 
Read 245 times
Rate this item
(1 Vote)