Transportation

မြန်မာ့သင်္ဘောကျင်းမှ ပထမဆုံးတည်ဆောက်သည့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ဘက်စုံသုံးရေယာဉ်ကို ဇူလိုင်လတွင် စတင်အသုံးပြုမည်

မြန်မာ့သင်္ဘောကျင်းမှ ပထမဆုံးတည်ဆောက်သည့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ဘက်စုံသုံးရေယာဉ်ကို ဇူလိုင်လတွင် စတင်အသုံးပြုမည် google

မြန်မာ့သင်္ဘောကျင်းမှ ပထမဆုံးတည်ဆောက်သည့် ဧရာဝတီမြစ်ဝှမ်း တစ်လျှောက်ဘက်စုံသုံးရေယာဉ်ကို ဇူလိုင်လတွင် စတင်အသုံးပြုမည်ဖြစ်ကြောင်း မြန်မာ့သင်္ဘောကျင်းမှ သိရပါတယ်။

 

“ဒီသင်္ဘောက ဧရာဝတီမြစ်ကြောင်း တစ်လျှောက် ရေကြောင်းပြအမှတ်အသားတွေကို ဝန်ဆောင်မှုပေးမယ့်အပြင် မြစ်တစ်ဖက်ကမ်းနဲ့တစ်ဖက်ကမ်းကို ဖယ်ရီအဖြစ်နဲ့ပါ သုံးလို့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲသင်္ဘောအနေနဲ့လည်း အသုံးပြုနိုင်ဖို့ တည်ဆောက်ထားပါတယ်” ဟု မြန် မာ့သင်္ဘောကျင်းမှ တာဝန်ရှိသူတစ်ဦးက ပြောခဲ့ပါတယ်။

 

လက်ရှိတွင် ဧရာဝတီမြစ်ဝှမ်း ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် အသုံးပြုမည့် ဘက်စုံသုံးရေယာဉ်ကို တည်ဆောက်ပြီးစီး၍ သင်္ဘောတွင် တပ်ဆင်ထားသော စနစ်များကို အပြီးသတ်စစ်ဆေးစမ်းသပ်မှုများ ပြုလုပ်လျက်ရှိကြောင်းသိရပါတယ်။ သင်္ဘောကို ဇူလိုင်လလယ်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသို့ လွှဲပြောင်းပေး သွားမည်ဖြစ်ပြီး စတင်အသုံးပြုမည်ဖြစ်ကြောင်း သိရပါတယ်။ သင်္ဘောကို ကူးတို့ရေ ယာဉ်အဖြစ် သုံးနိုင်မည့် အပြင် မီးငြိမ်း သတ်မည့်နေရာများတွင်လည်း အသုံးပြု နိုင်ရန်တည်ဆောက်ထားကြောင်း သိရပါတယ်။

 

သင်္သာတည်ဆောက်မှုသည် အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်း ကုန်ကျပြီး ပြုပြင်ထိန်းသိမ်းမှုများ အစဉ်အမြဲပြုလုပ်ပါက ၂၅ နှစ်ခန့် သုံးစွဲနိုင်မည် ဖြစ်ကြောင်း သိရပါတယ်။ သင်္ဘောသည် အလျား ၂၆ ဒသမ ၂ မီတာ၊ အကျယ် ၉ ဒသမ ၁ မီတာ၊ အမြင့် ၁ ဒသမ ၉ မီတာ ရှိပြီး တစ်နာရီလျှင် ရေမိုင် ၁၀ မိုင်အထိ မောင်းနှင်နိုင်မည်ဖြစ်ကာ ဂျပန်နိုင်ငံမှ ထုတ်လုပ်သော မြင်းကောင်ရေ ၅၀၀ အားရှိ ပင်မအင်ဂျင်နှစ်လုံး တပ်ဆင်ထားကြောင်း သိရပါတယ်။

 

လက်ရှိတွင် မြန်မာ့သင်္ဘောကျင်းသည် ဗီယက်နမ် ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းကာ သင်္ဘော ကျင်းလုပ်ငန်းများ ဆောင်ရွက်နေကြောင်း သိရပါတယ်။

 

ReadMore - ဆိပ်ခံတံတားနှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်မည့် သီလဝါရှိ Wilmar ဆိပ်ကမ်း စီမံကိန်းကြီး ၂၀၂၂ ခုနှစ် ပြီးစီးမည်

 

Source : ပြည်မြန်မာ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)