Transportation

ယခုနှစ်အတွင်း လျှပ်စစ်ကားများကို စမ်းသပ်ပြေးဆွဲရန် စီစဉ်

ယခုနှစ်အတွင်း လျှပ်စစ်ကားများကို စမ်းသပ်ပြေးဆွဲရန် စီစဉ် google

လျှပ်စစ်ကားများကို ယခုနှစ်အတွင်း စမ်းသပ်ပြေးဆွဲသွားရန် စီစဉ်နေကြောင်း စက်မှုဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန် ဦးကိုကိုလွင်က ပြောပြချက်အရ သိရပါတယ်။ဘတ်စ်ကားအမျိုးအစားအပါအ၀င် လျှပ်စစ်ကား (၅)စီးကို ပြေးဆွဲရန် သက်မှတ်ထားကြောင်း ဇွန်လ ၁၁ ရက်က Daewoo Bus Myanmar ကားစက်ရုံ၌ ဘတ်စ်ကားများ စမ်းသပ်တပ်ဆင်ထုတ်လုပ်ခြင်း မိတ်ဆက်ပွဲ အခမ်းအနားတွင် အမြဲတန်းအတွင်းဝန် ဦးကိုကိုလွင်က မီဒီယာများကို ပြောကြားခဲ့ခြင်းလည်းဖြစ်ပါတယ်။

 

“နမူနာ (၅)စီး ပြည်တွင်းကို သွင်းလာပြီးသွားရင် ဒီမှာ စမ်းပြီးမောင်းကြည့်မယ်။ စွမ်းဆောင်မှုက ဘယ်လောက်ရှိမလဲ။ Capacity က ဘယ်လောက်ရှိမလဲဆိုတဲ့အပေါ် မူတည်ပြီးတော့ ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တာကို နောက်တစ်ဆင့် ဆက်လက် လုပ်ဆောင်သွားမယ်” ဟု အမြဲတန်းအတွင်းဝန် ဦးကိုကိုလွင်က ပြောခဲ့ပါတယ်။

 

လက်ရှိ သာဂရစက်မှုနယ်မြေတွင် လျှပ်စစ် Bus များ ထုတ်လုပ်ရန်နှင့် Charging Station များ ပူးပေါင်းတည်ဆောက်ရန် အတွက် စက်မှုဝန်ကြီးဌာနနှင့် Green Power Myanamr ကုမ္ပဏီတို့ AoD (ဆွေးနွေးသဘောတူညီမှုစာလွှာ) လက်မှတ်ရေးထိုး ထားပြီးဖြစ်ကြောင်း သိရပါတယ်။အမြဲတန်းအတွင်းဝန် ဦးကိုကိုလွင်က “လက်ရှိမှာတော့ ကျွန်တော်တို့က လျှပ်စစ်ကားသုံးဖို့အတွက် အလေ့အကျင့်မရှိသေးဘူး။ အဲ့အတွက်ကို အခြေခံ အဆောက်အအုံတွေ၊ လိုအပ်တဲ့ အချက်အလက်တွေကို ရရှိဖို့ လိုသေးတယ်” ဟု ဆိုခဲ့ပါတယ်။

 

ဟန်ဂေရီနိုင်ငံအခြေစိုက် Csepel Holding Limited နှင့်အကျိုးတူဆောင်ရွက်သွားမည့် Green Power Myanmar Co., Ltd အနေဖြင့် ပြည်တွင်း၌ လျှပ်စစ် Bus ကား အစီးရေ (၇၀၀၀)ခန့် ထုတ်လုပ်သွားရန် စာချုပ်ချုပ်ဆိုထားကြောင်း သိရပါတယ်။

 

လျှပ်စစ်ဘတ်စ်ကားများအတွက် အရင်းကျေကာလအဖြစ် (၃)နှစ်မှ (၅)နှစ်အထိ သက်မှတ်ထားပြီး ကီလိုမီတာ (၃၀၀)နှင့် အထက် မောင်းနှင်နိုင်ခြင်း၊ Charging Station များကိုလည်း ဘတ်စ်ကာားများ ထုတ်လုပ်နေစဉ်ကာလအတွင်း အပြီးသတ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါဘတ်စ်ကားများကို ၂ဝ၁၉ နှစ်လယ်ပိုင်းတွင် စတင်ထုတ်လုပ်သွားရန်ရှိပြီး သီရိလင်္ကာ၊ အိန္ဒိယ၊ စင်ကာပူနိုင်ငံများသို့ တင်ပို့ရောင်းချနိုင်ရန် စာချုပ်ချုပ်ဆိုထားကာ ကားအစီးရေ ၇,ဝဝဝ ကျော် တင်ပို့သွားမည်ဖြစ်ပါတယ်။ပြည်တွင်းအတွက်လည်း လျှပ်စစ်ဘတ်စ်ကားအစီးရေ ၃ဝဝ မှ ၅ဝဝ ကြား ထုတ်လုပ်သွားရန် ရှိနေခဲ့ပါတယ်။

 

တစ်စိတ်တစ်ပိုင်း တပ်ဆင်ထုတ်လုပ်တဲ့စနစ် SKD (Semi Knocked Down) အဆင့်လည်းပါမယ်။ ဘီးတပ်တာတို့၊ မှန်တပ်တာတို့၊ ခုံတပ်တာတို့၊ အစမ်းမောင်းနှင်တာတို့၊ 3D အလိုင်းမင့် လုပ်တာတို့၊ ကားနဲ့ ပတ်သက်ပြီး လုံခြုံစိတ်ချရမှုအပိုင်း စစ်ဆေးတာ အဲဒီလောက်ပဲ လုပ်တာလည်းရှိမယ်။ ထုတ်ခါစမှာ အနည်းဆုံး အစင်း ၅ဝ လောက်၊ အများဆုံး ၆ဝ လောက် ထုတ်မယ်။ ၂ဝ၁၉ ခုနှစ်ကုန်ပိုင်းမှာ တစ်လကို အစီး ၁၅ဝ လောက်အထိ ထုတ်ဖို့ အစီအစဉ်ရှိတယ်။လျှပ်စစ်ဘတ်စ်က အသေးဆုံးက ၆ ဒသမ ၅ မီတာ၊ အကြီးဆုံး ၁၄ ဒသမ ၅ မီတာ ရှိတယ်။ အမျိုးအစား ငါးမျိုးရှိတယ်။ ၆ ဒသမ ၅ မီတာ၊ ၈ ဒသမ ၅မီတာ၊ ၉ ဒသမ ၅ မီတာ၊ ၁၁ ဒသမ ၅ မီတာ၊ ၁၄ ဒသမ ၅ မီတာ ရှိတယ်။ ၁၄ ဒသမ ၅ မီတာက ဒီမှာ သိပ်ရောင်းရမယ် မထင်ဘူး။


နောက်ဆိုရင် အံစာတုံး၊ လူစီးကားနဲ့ ကျောင်းကားဆိုပြီးတော့ ထပ်ထုတ်မယ်။ ကျောင်းကားက ၆ မီတာ၊ အများဆုံး ၁၇ ယောက်ပဲ၊ စံအနေနဲ့ ကျောင်းသူ၊ ကျောင်းသား ၁၅ ယောက်ပဲ ဆံ့တယ်။ အဲဒါက အနီးအနား မိုင် ၅ဝ၊ ၁ဝဝ သွားဖို့ အတွက် ဒီကားထုတ်တာပါ။ ၂ဝ၁၉ ခုနှစ်ထဲမှာပဲ ဒီကားကို ဆက်တိုက်ထုတ်သွားမယ်။ reen Power Myanmar Co.,Ltd. က တရားဝင်အသိအမှတ်ပြုတဲ့ လူနာတင်ယာဉ်တွေလည်း ထုတ်လုပ်သွားမယ်။ ၆ ဒသမ ၅ မီတာ လျှပ်စစ်ဘတ်စ်ကားတွေကို ကုမ္ပဏီက စပြေးဆွဲကြည့်မယ်။

 

ဈေးနှုန်းကကျတော့ ဟိုင်းဝေးသွားတဲ့ ကားတစ်စီးကို သိန်း ၂,ဝဝဝ ကနေ သိန်း ၅,ဝဝဝ လောက်ကျတယ်။ ကားတန်ဖိုး ၃ဝ ရာခိုင်နှုန်း ပေးပြီးရင် ကားကို ပေးလိုက်မယ်။ ကျန်တာ အရစ်ကျ ပေးလို့ရတယ်။ အရစ်ကျ ခုနစ်နှစ်ပေးလို့ရတယ်။ အီးယူနဲ့တွဲပြီး လုပ်တာဖြစ်တဲ့အတွက် အတိုးနှုန်းသက်သာတယ်။ ကားစယူပြီး နောက်ငါးနှစ်လောက်ဆိုရင် အရင်းကြေပြီ။ အာမခံ ၁ဝ နှစ်ရှိတဲ့အတွက် နောက်ထပ်လုပ်စားလို့ ရတယ်။ ၂ဝ၁၈၊ ၂ဝ၁၉ မော်ဒယ်တွေဖြစ်တဲ့ အတွက် နည်းပညာလည်း နောက်ဆုံးပေါ်တွေ ဖြစ်တယ်။

တော်တော်များများက ဆိုလာနဲ့ သွားမယ်။ နောက်တစ်ခုက မီးရှိတဲ့နေရာ၊ လျှပ်စစ်မီးသွင်းထားမှာ ဖြစ်ပြီးတော့ အရန်အနေနဲ့ သဘာဝဓာတ်ငွေနဲ့သုံးတဲ့ မီးစက်တွေကို ပြည်တွင်းမှာပဲ ထုတ်လုပ်တပ်ဆင်သွားမှာ ဖြစ်ပါတယ်။

 

ReadMore - ကုမ္ပဏီလိုင်စင်ဖြင့် တစ်တန်အောက် လုပ်ငန်းသုံးယာဉ်များ တင်သွင်းခြင်းကို တစ်လလျှင် တစ်စီးသာ ခွင့်ပြုမည်

 

Source : BENews,Lovely Myanmar

 

Myanmar Logistics Guide

Read 1094 times
Rate this item
(1 Vote)