Transportation

ျမန္မာ့မီးရထားႏွင့္ Best Eternity Recycle Pulp and Paper CO. Ltd တို႔ ပူးေပါင္းၿပီး MITT ဆိပ္ကမ္းမွ ပဲခူးတိုင္းေဒသႀကီး ေရနီဘူတာသို႔ ကြန္တိန္နာရထား စတင္ေျပးဆြဲ

ျမန္မာ့မီးရထားႏွင့္ Best Eternity Recycle Pulp and Paper CO. Ltd တို႔ ပူးေပါင္းၿပီး MITT ဆိပ္ကမ္းမွ ပဲခူးတိုင္းေဒသႀကီး ေရနီဘူတာသို႔ ကြန္တိန္နာရထား စတင္ေျပးဆြဲ google

ျမန္မာ့မီးရထားႏွင့္ Best Eternity Recycle Pulp and Paper CO. Ltd တို႔ပူးေပါင္းၿပီး သံလ်င္ၿမိဳ႕နယ္ သီလဝါဘူတာအနီးရွိ သီလဝါရွိ MITT ဆိပ္ကမ္းမွ ပဲခူးတိုင္းေဒသႀကီး ေရတာရွည္ၿမိဳ႕နယ္ ေရနီဘူတာသို႔ ကြန္တိန္နာတြဲမ်ားျဖင့္ ကြန္တိန္နာရထားကို ေအာက္တိုဘာ ၃ ရက္တြင္ စတင္ေျပးဆြဲခဲ့ေၾကာင္း ျမန္မာ့မီးရထားမွ သိခဲ့ရပါတယ္။

 

ျမန္မာ့မီးရထားႏွင့္ Best Eternity Recycle Pulp and Paper CO. Ltd တို႔ ႏွစ္ဦးသေဘာတူ စာခ်ဳပ္အရ ယခုကဲ့သို႔ ကြန္တိန္နာရထားေျပးဆြဲျခင္းျဖစ္ၿပီး သီလဝါ MITT ဆိပ္ကမ္းႏွင့္ ေရနီဘူတာမွ ၂၁၅ ဒသမ ၇၅ မိုင္ကြာေဝးေၾကာင္း သိရပါတယ္။

 

ရန္ကုန္တိုင္းေဒသႀကီး သံလ်င္ၿမိဳ႕နယ္ သီလဝါဘူတာအနီးရွိ MITT ဆိပ္ကမ္းတြင္ ကုန္တင္သေဘၤာႀကီးမ်ားမွ ခ်ယူသည့္ ကုန္ေသတၱာမ်ားကို မီးရထားတြဲမ်ားေပၚသို႔ တိုက္႐ိုက္တင္ေဆာင္ၿပီး ကုန္ေသတၱာတြဲေပါင္း ၂၇ တြဲျဖင့္ ရထားေျပးဆြဲျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

အဆိုပါ ကုန္ေသတၱာရထားအား ျမင္းေကာင္ေရ ၂၀၀၀ အား စက္ေခါင္းမ်ားအသုံးျပဳ၍ ေျပးဆြဲျခင္းျဖစ္ၿပီး ရထားတစ္စင္းလွ်င္ တန္ခ်ိန္ ၁၄၀၀ ပါရွိကာ အစုန္အဆန္ ကြန္တိန္နာတြဲမ်ားျဖင့္ ေျပးဆြဲျခင္းျဖစ္သည္ဟု သိရပါတယ္။

 

“အသြားကုန္ အျပန္ကုန္ ကြန္တိန္နာတြဲေတြျဖစ္ၿပီး ကုန္ၾကမ္းယူ ကုန္ေခ်ာပို႔စနစ္နဲ႔ သီလဝါ-ေရနီကြန္တိန္နာရထားေျပးဆြဲတာ ျဖစ္ပါတယ္” ဟု ျမန္မာ့မီးရထားမွ တာဝန္ရွိသူတစ္ဦးက ဆိုခဲဲ့ပါတယ္။

 

လက္ရွိတြင္ ရန္ကုန္ၿမိဳ႕မွ မႏၲေလးၿမိဳ႕သို႔ မီးရထားျဖင့္ ကုန္ေသတၱာမ်ား သယ္ယူပို႔ေဆာင္ႏိုင္ရန္ ဒဂုံအေရွ႕ပိုင္းၿမိဳ႕နယ္ ႐ြာသာႀကီးရွိ ျမန္မာ့မီးရထားပိုင္ေျမေပၚတြင္ ကုန္းတြင္းဆိပ္ကမ္းႏွစ္ခုအား တည္ေဆာက္ထားၿပီးလဲ ျဖစ္ပါတယ္။

 

အဆိုပါကုန္းတြင္းဆိပ္ကမ္းႏွစ္ခုသည္ ျမန္မာ့မီးရထားပိုင္ေျမေပၚတြင္ BOT စနစ္ျဖင့္ KM Terminal & Logistics Limited ႏွင့္ Resource Group Logistics CO. Ltd ကုမၸဏီႏွစ္ခုတို႔က တည္ေဆာက္ထားျခင္းျဖစ္ၿပီး ယင္းကုန္းတြင္းဆိပ္ႏွစ္ခုသည္ ဧက ၄၀ စီရွိၿပီး ၿပီးခဲ့သည့္ ၂၀၁၇ ခုႏွစ္ ေအာက္တိုဘာက စတင္တည္ေဆာက္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၈ ႏိုဝင္ဘာ ၁၁ ရက္တြင္ တစ္ၿပိဳင္နက္ ဖြင့္လွစ္ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။ အဆိုပါ ကုန္းတြင္းဆိပ္ကမ္းမ်ားအား မႏၲေလးရွိ ျမစ္ငယ္ကုန္းတြင္း ဆိပ္ကမ္းႏွင့္ ခ်ိတ္ဆက္၍ ကုန္ေသတၱာရထားတြဲမ်ား ေျပးဆြဲေနျခင္း ျဖစ္ပါတယ္။

 

၂၀၁၅ ခုႏွစ္ သီလဝါအထူးစီးပြားေရးဇုန္ စတင္ဖြင့္လွစ္ခ်ိန္မွစတင္ကာ၂၀၁၉ စက္တင္ဘာ ၁ ရက္အထိ တိုက္႐ိုက္ရင္းႏွီးျမဳပ္ႏွံမႈ ကုမၸဏီေပါင္း ၁၁၃ ခုကို ကုန္သြယ္ခြင့္ပါမစ္ထုတ္ေပးႏိုင္ခဲ့ၿပီး ကုမၸဏီေပါင္း ၇၆ ခုက လုပ္ငန္းေတြ စတင္လည္ပတ္ေနၿပီျဖစ္ကာ စုစုေပါင္းရင္းႏွီးျမဳပ္ႏွံမႈ ေဒၚလာ ၁ ဒသမ ၇ ဘီလ်ံအထိရွိေနၿပီျဖစ္ေၾကာင္း Myanmar Japan Thilawa Development ကုမၸဏီလီမီတက္မွ သတင္းရရွိခဲ့ပါတယ္။

 

သီလဝါအထူးစီးပြားေရးဇုန္ B ၌ တိုယိုတာက စက္႐ုံတည္ေဆာက္ၿပီး ၂၀၂၁ မွစတင္ကာ ေမာ္ေတာ္ယာဥ္မ်ား တပ္ဆင္ထုတ္လုပ္ရန္ေျမ ၂၁ ဟက္တာအား ရယူထားၿပီး တိုယိုတာေမာ္ေတာ္ကားကုမၸဏီက အဆိုပါ သီလဝါအထူးစီးပြားေရးဇုန္တြင္ ရင္းႏွီးျမဳပ္ႏွံရန္ ဆုံးျဖတ္ခဲ့ၿပီးေနာက္ပိုင္း သီလဝါတြင္ ရင္းႏွီးျမဳပ္ႏွံမႈျပဳလုပ္ရန္ စိတ္ဝင္စားသည့္ ဂ်ပန္ကုမၸဏီအမ်ားအျပားရွိလာေၾကာင္း ျမန္မာႏိုင္ငံဆိုင္ရာ ဂ်ပန္သံအမတ္ႀကီး H.E Mr Ichiro Maryuama က ေျပာၾကားထားခဲ့ပါတယ္။

 

Unicode ျဖင့္ဖက္ရႈရန္
>>>>>>>>>

 

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ ပူးပေါင်းပြီး MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေနီဘူတာသို့ ကွန်တိန်နာရထား စတင်ပြေးဆွဲ

 

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ပူးပေါင်းပြီး သံလျင်မြို့နယ် သီလဝါဘူတာအနီးရှိ သီလဝါရှိ MITT ဆိပ်ကမ်းမှ ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် ရေနီဘူတာသို့ ကွန်တိန်နာတွဲများဖြင့် ကွန်တိန်နာရထားကို အောက်တိုဘာ ၃ ရက်တွင် စတင်ပြေးဆွဲခဲ့ကြောင်း မြန်မာ့မီးရထားမှ သိခဲ့ရပါတယ်။

 

မြန်မာ့မီးရထားနှင့် Best Eternity Recycle Pulp and Paper CO. Ltd တို့ နှစ်ဦးသဘောတူ စာချုပ်အရ ယခုကဲ့သို့ ကွန်တိန်နာရထားပြေးဆွဲခြင်းဖြစ်ပြီး သီလဝါ MITT ဆိပ်ကမ်းနှင့် ရေနီဘူတာမှ ၂၁၅ ဒသမ ၇၅ မိုင်ကွာဝေးကြောင်း သိရပါတယ်။

 

ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့နယ် သီလဝါဘူတာအနီးရှိ MITT ဆိပ်ကမ်းတွင် ကုန်တင်သင်္ဘောကြီးများမှ ချယူသည့် ကုန်သေတ္တာများကို မီးရထားတွဲများပေါ်သို့ တိုက်ရိုက်တင်ဆောင်ပြီး ကုန်သေတ္တာတွဲပေါင်း ၂၇ တွဲဖြင့် ရထားပြေးဆွဲခြင်းဖြစ်ကြောင်း သိရပါတယ်။

 

အဆိုပါ ကုန်သေတ္တာရထားအား မြင်းကောင်ရေ ၂၀၀၀ အား စက်ခေါင်းများအသုံးပြု၍ ပြေးဆွဲခြင်းဖြစ်ပြီး ရထားတစ်စင်းလျှင် တန်ချိန် ၁၄၀၀ ပါရှိကာ အစုန်အဆန် ကွန်တိန်နာတွဲများဖြင့် ပြေးဆွဲခြင်းဖြစ်သည်ဟု သိရပါတယ်။

 

“အသွားကုန် အပြန်ကုန် ကွန်တိန်နာတွဲတွေဖြစ်ပြီး ကုန်ကြမ်းယူ ကုန်ချောပို့စနစ်နဲ့ သီလဝါ-ရေနီကွန်တိန်နာရထားပြေးဆွဲတာ ဖြစ်ပါတယ်” ဟု မြန်မာ့မီးရထားမှ တာဝန်ရှိသူတစ်ဦးက ဆိုခဲ့ပါတယ်။

 

လက်ရှိတွင် ရန်ကုန်မြို့မှ မန္တလေးမြို့သို့ မီးရထားဖြင့် ကုန်သေတ္တာများ သယ်ယူပို့ဆောင်နိုင်ရန် ဒဂုံအရှေ့ပိုင်းမြို့နယ် ရွာသာကြီးရှိ မြန်မာ့မီးရထားပိုင်မြေပေါ်တွင် ကုန်းတွင်းဆိပ်ကမ်းနှစ်ခုအား တည်ဆောက်ထားပြီးလဲ ဖြစ်ပါတယ်။

 

အဆိုပါကုန်းတွင်းဆိပ်ကမ်းနှစ်ခုသည် မြန်မာ့မီးရထားပိုင်မြေပေါ်တွင် BOT စနစ်ဖြင့် KM Terminal & Logistics Limited နှင့် Resource Group Logistics CO. Ltd ကုမ္ပဏီနှစ်ခုတို့က တည်ဆောက်ထားခြင်းဖြစ်ပြီး ယင်းကုန်းတွင်းဆိပ်နှစ်ခုသည် ဧက ၄၀ စီရှိပြီး ပြီးခဲ့သည့် ၂၀၁၇ ခုနှစ် အောက်တိုဘာက စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာ ၁၁ ရက်တွင် တစ်ပြိုင်နက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ ကုန်းတွင်းဆိပ်ကမ်းများအား မန္တလေးရှိ မြစ်ငယ်ကုန်းတွင်း ဆိပ်ကမ်းနှင့် ချိတ်ဆက်၍ ကုန်သေတ္တာရထားတွဲများ ပြေးဆွဲနေခြင်း ဖြစ်ပါတယ်။

 

၂၀၁၅ ခုနှစ် သီလဝါအထူးစီးပွားရေးဇုန် စတင်ဖွင့်လှစ်ချိန်မှစတင်ကာ၂၀၁၉ စက်တင်ဘာ ၁ ရက်အထိ တိုက်ရိုက်ရင်းနှီးမြုပ်နှံမှု ကုမ္ပဏီပေါင်း ၁၁၃ ခုကို ကုန်သွယ်ခွင့်ပါမစ်ထုတ်ပေးနိုင်ခဲ့ပြီး ကုမ္ပဏီပေါင်း ၇၆ ခုက လုပ်ငန်းတွေ စတင်လည်ပတ်နေပြီဖြစ်ကာ စုစုပေါင်းရင်းနှီးမြုပ်နှံမှု ဒေါ်လာ ၁ ဒသမ ၇ ဘီလျံအထိရှိနေပြီဖြစ်ကြောင်း Myanmar Japan Thilawa Development ကုမ္ပဏီလီမီတက်မှ သတင်းရရှိခဲ့ပါတယ်။

 

သီလဝါအထူးစီးပွားရေးဇုန် B ၌ တိုယိုတာက စက်ရုံတည်ဆောက်ပြီး ၂၀၂၁ မှစတင်ကာ မော်တော်ယာဉ်များ တပ်ဆင်ထုတ်လုပ်ရန်မြေ ၂၁ ဟက်တာအား ရယူထားပြီး တိုယိုတာမော်တော်ကားကုမ္ပဏီက အဆိုပါ သီလဝါအထူးစီးပွားရေးဇုန်တွင် ရင်းနှီးမြုပ်နှံရန် ဆုံးဖြတ်ခဲ့ပြီးနောက်ပိုင်း သီလဝါတွင် ရင်းနှီးမြုပ်နှံမှုပြုလုပ်ရန် စိတ်ဝင်စားသည့် ဂျပန်ကုမ္ပဏီအများအပြားရှိလာကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး H.E Mr Ichiro Maryuama က ပြောကြားထားခဲ့ပါတယ်။

 

Image result for train container

 

Source : Eleven

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)