Transportation

ကမ္ဘာ့ခရီးအတိုဆုံး စီးပွားဖြစ်လေကြောင်းခရီးစဉ် တစ်ခုအပါအဝင်ဖြစ်သော QR8173

ကမ္ဘာ့ခရီးအတိုဆုံး စီးပွားဖြစ်လေကြောင်းခရီးစဉ် တစ်ခုအပါအဝင်ဖြစ်သော QR8173 Transcom

ကာတာလေကြောင်းလိုင်းသည် ၉ မိနစ်ခန့်သာ ကြာမြင့်သော ကုန်တင်လေယာဉ်ခရီးစဉ်အတွက် ၂၄မိုင်သာ ပျံသန်းသိရပါတယ်။ ကာတာလေကြောင်းလိုင်းသည် ပုံမှန်ပျံသန်းနေကျ (Schedule Flight) အနေဖြင့် မြို့နှစ်မြို့အကြား ပျံသန်းမှုအတွက် ကိုးမိနစ်သာကြာမြင့်သည့် ခရီးစဉ်အား ပျံသန်းလျက်ရှိပါတယ်။

 

Doha အခြေစိုက် လေကြောင်းလိုင်းသည် နယ်သာလန်နိုင်ငံရှိ Maastricht မှ ၂၄မိုင်သာ ကွာဝေးသော ဘယ်ဂျီယမ်နိုင်ငံ Liege သို့ ကုန်တင်လေယာဉ်ဖြင့် ပျံသန်းလျက် ရှိပါတယ်။ နိုဝင်ဘာလအတွင်း ကာတာလေကြောင်းလိုင်းမှ Boeing 777 လေယာဉ်ဖြင့် Maastricht မှ Liege သို့ပျံသန်းခဲ့မှုအား Flightradar24 မှရရှိသော အချက်အလက်များဖြင့် ခြေရာခံကြည့်ရာတွင် ကြာချိန် ၁၀ မိနစ်အောက်သာ ရှိပါသည်။ ထို့နောက် ခရီးစဉ်သည် မက္ကဆီကိုသို့ ဆက်လက်ပျံသန်းခဲ့ပါတယ်။

 

 

No photo description available.

 

 

ပုံမှန်အားဖြင့် QR8173 ခရီးစဉ်သည် Doha မှ Liege သို့ ၊ ထိုမှတစ်ဆင့် Mexico သို့ ပျံသန်းလျက်ရှိသော်လည်း Maastricht ရှိ ဖောက်သည်များမှ ၎င်းတို့ထံတွင် ကုန်တင်/ ကုန်ချခြင်းများ ပြုလုပ်ရန် ခရီးစဉ်အား ပြေးဆွဲစေလိုကြောင်း One Mile At a Time ထံမှ သိရှိရပါတယ်။ "Maastricht မှာရှိတဲ့လေယာဉ်ပြေးလမ်းက Mexico ကို ချက်ချင်းပျံသန်းဖို့ မလုံလောက်ပါဘူး" ဟု ကာတာလေကြောင်းလိုင်းမှ ပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့ပါတယ်။

 

" ဒါကြောင့် လေယာဉ်ကို Liege မှာ တစ်ဆင့်နေရာချ ပြင်ဆင်ရပါတယ်။အဲ့ဒီမှာ လေယာဉ်တွေ ကုန်စည်တွေအပြည့်တင်ပြီး၊ လေယာဉ်ဆီတွေအပြည့်တင်ပြီး အလေးချိန်များစွာနဲ့ ပျံတက်နိုင်အောင် လုံလောက်တဲ့ ပြေးလမ်းတွေရှိနေပါတယ် " ဟု ပြောကြားခဲ့ပါတယ်။ ထိုခရီးစဉ်သည် အလွန်တိုတောင်းသည့် ပုံမှန်ခရီးစဉ် အဖြစ် ပထမဆုံးသော ခရီးစဉ်မဟုတ်ပါ။ မတ်လအတွင်းတွင် British Airways လေကြောင်းလိုင်းသည် Bahrain မှ ခရီးမိုင် ၅၄ မိုင် သာရှည်လျားသော Saudi Arabia ရှိ Damman သို့ ပျံသန်းခဲ့ပါတယ်။ မေလတွင်၊ Emirates လေကြောင်းလိုင်းသည် ဒူဘိုင်းမှ အိုမန်ရှိ Muscat သို့ ကမ္ဘာ့ခရီးအတိုဆုံး Airbus A380 ပျံသန်းမှု ကို ပျံသန်းခဲ့ပါတယ်။

 

 

Image may contain: sky, airplane and outdoor

 

 

မြို့နှစ်မြို့အကြား အကွာအဝေးမှာ ၂၁၁ မိုင်သာရှိခဲ့ပြီး သို့သော်လည်း အခြားသော သီးသန့်လေကြောင်းခရီးစဉ်များနှင့်ယှဉ်လျှင် ၎င်းတို့သည် ကမ္ဘာအတိုဆုံး လေကြောင်းခရီးစဉ်များမဟုတ်ပေ။ ကမ္ဘာ့အဝေးဆုံး လေကြောင်းခရီးစဉ် ပျံသန်းမှုမှာ မှတ်တမ်းများအရ Singapore Airline ဖြင့် Singapore မှ Newyork သို့ ပျံသန်းသည့် ခရီးစဉ်ဖြစ်ပြီး ၁၅ ၃၄၈ ကီလိုမီတာ အကွာအဝေးရှိပါတယ်။

 

Source : Transcom News

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)