Transportation

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘော

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘော google

ရန်ကုန်မြို့ ပန်းဆိုးတန်းနှင့် ဒလဆိပ်ကမ်းသို့ လွန်းပြန်ပို့ဆောင်နေသည့် ချယ်ရီကူးတို့သင်္ဘောတွင် နေ့စဉ်ခရီးသည် ၂၆၀၀၀ ခန့် လိုက်ပါစီးနင်းလျက်ရှိကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိရပါတယ်။

 

“ပန်းဆိုးတန်း-ဒလ ကူးတို့လုပ်ငန်းက နံနက် ၅ နာရီကနေ ည ၉ နာရီခွဲအထိ အခေါက်ရေ ၄၆ ခေါက်ကို ချယ်ရီသင်္ဘော နှစ်စင်းနဲ့ ခရီးသည်တွေ၊ ကုန်စည်တွေကို ပို့ဆောင်ပေးနေပါတယ်။ နေ့စဉ် ခရီးသည် ၂၆၀၀၀ လောက်သွားလာပေမယ့် နေ့ကြီး ရက်ကြီးတွေဆိုရင် ခရီးသည် ၂၈၀၀၀လောက် စီးနင်းကြပါတယ်” ဟု ပြည်တွင်း ရေကြောင်းပို့ဆောင်ရေး မြစ်ဝကျွန်းပေါ်ဌာနခွဲမှ လက်ထောက်အထွေထွေမန်နေဂျာ ဦးသိန်းမြင့်ကပြောကြားချက်အရ သိရပါတယ်။

 

ဒလမြို့နယ်သည် ရန်ကုန်တောင်ပိုင်း ခရိုင်ရှိ မြို့နယ်များဖြစ်သည့် တွံတေး၊ကော့မှူး၊ ကွမ်းခြံကုန်းမြို့နယ်တို့နှင့် တစ်ဆက်တည်းတွင်ရှိပြီး ဧရာဝတီတိုင်း ဒေသကြီး ဖျာပုံ၊ ဒေးဒရဲ ဘိုကလေး၊ ကျိုက်လတ်၊ မအူပင်မြို့နယ်တို့သို့လည်း တစ်ဆက်တည်းလမ်းပေါက်သည့်အတွက် အချက်အချာကျသည့်မြို့တစ်မြို့ဖြစ်သည်။ထို့ပြင် ရန်ကုန်မြို့၏ ယာဉ်ကြောကျပ်တည်းမှုကိုလျှော့ရန် မော်တော် ယာဉ်များကို ဝါးတန်းဆိပ်ကမ်းမှ ဒလဘက်ခြမ်းသို့ ဇက်ရေယာဉ်ဖြင့် သယ်ယူ ပို့ဆောင်ပေးလျက်ရှိပါတယ်။

 

“ကားတွေတင်ပြီးကူးတဲ့ဇက်ရေယာဉ် က နံနက် ၆ နာရီကနေ ည ၇ နာရီအထိ ပြေးဆွဲ ပေးတယ်။ ကားများရင် ည ၈ နာရီအထိ အနည်းဆုံး ၁၄ ခေါက်ကနေ အများဆုံး ၁၆ ခေါက် နေ့စဉ်ပြေးဆွဲပေး နေပါတယ်။ ကားအစီးရေနဲ့ပြောရင် ၆၇၀ ကနေ ၇၀၀ နီးပါး ပို့ဆောင်ပေးပါတယ်။ဇက်ကသုံးစင်းရှိပေမယ့် နှစ်စင်းနဲ့အသွား အပြန်ပြေးဆွဲပေးနေပါတယ်။

 

အခုဆိုရင် ဒလတံတားတည်ဆောက်ရေးလုပ်ငန်း စီမံကိန်းဧရိယာကို ဖြတ်သန်းသွားလာနေရတာပါ။ ဒါကြောင့် ဖြစ်နိုင်မယ်ဆိုရင် ဒလတံတားရဲ့ အထက်ဘက် ဝါးတန်း ဆိပ်ကမ်းရဲ့ မျက်နှာချင်းဆိုင်လောက်မှာ ဇက်ရေယာဉ်တက်နိုင်ဆင်းနိုင်မယ့် လမ်းလုပ်ပေးနိုင်ရင် တံတားစီမံကိန်းဧရိယာကို လည်း ဖြတ်သန်းသွားစရာမလိုတော့ဘူး။ ဒါကြောင့် ခရီးသည်ရော ကားတွေရော၊ ရေယာဉ်တွေပါ လုံခြုံမှုရှိပြီး ဘေးအန္တရာယ် ကင်းရှင်းစေဖို့ တင်ပြထားပါတယ်” ဟု ဦးသိန်းမြင့်ကပြောကြားချက်အရ သိရပါတယ်။

 

ဒလတံတားတည်ဆောက်ရေးသည် သုံး နှစ်နီးပါး ကြာမြင့်မည်ဖြစ်သည့်အတွက် မော်တော်ယာဉ်များသယ်ဆောင်သည့် ဇက်ရေယာဉ်ဆင်းမည့်လမ်းကို လက်ရှိ နေရာအစား ဝါးတန်းဆိပ်ကမ်းနှင့် မျက်နှာချင်းဆိုင်ဝန်းကျင်နေရာ၌ တည်ဆောက်ပေးနိုင်ပါက မော်တော်ယာဉ်သယ်ယူ ပို့ဆောင်မှုလုပ်ငန်းတွင် ပိုမိုအဆင်ပြေလာ မည်ဖြစ်ပြီး ပြည်တွင်းရေကြောင်းဌာန၏ ဝင်ငွေလည်း မြင့်တက်လာနိုင်မည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်းပို့ဆောင်ရေးမှ သိခဲ့ရပါတယ်။

 

Source : Myawady

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)