Transportation

ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်နေသည့် ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်စီးနင်းမှု စီမံကိန်း

ရန်ကုန်မြို့တွင် စတင်ဆောင်ရွက်နေသည့် ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်စီးနင်းမှု စီမံကိန်း google

ရထားနှင့် ဘတ်စ်ကား ချိတ်ဆက်ပြီး ခရီးသည်များကို သယ်ယူပို့ဆောင်ပေးမည့် စီမံကိန်းကို ရန်ကုန်မြို့ သမိုင်းဘူတာမှ စတင်ရန် စမ်းသပ်နေပြီဖြစ်ကြောင်း သိရသည်။

 

နေ့စဉ်သွားလာမှုများပြားသည့် ရန်ကုန် မြို့တွင် ဘတ်စ်ကား၊ မီးရထား၊ ကူးတို့သင်္ဘော၊ ဝါးတားဘတ်စ် စသည့်ယာဉ်များအားလုံးတွင် လည်း ခရီးသည်များက အပြည့်။ ရန်ကုန်မြို့ တွင် တစ်နေ့လျှင် ခရီးသွားဦးရေ သန်းချီပြီး သွားလာနေသည်ဖြစ်ရာ အာရှဖွံ့ဖြိုးရေးဘဏ် ၏ ၂၀၁၆ ခုနှစ် အစီရင်ခံစာ၌ ရန်ကုန်မြို့နေ ပြည်သူများအနေဖြင့် သွားလာရေးအတွက် စက်ဘီးအသုံးပြုသူ ၂၂ ဒသမ ၅ ရာခိုင်နှုန်း၊ ဆိုင်ကယ်အသုံးပြုသူ ၇ ဒသမ ၂ ရာခိုင်နှုန်း၊ ဘတ်စ်ကားစီးသူ ၄၉ ဒသမ ၄ ရာခိုင်နှုန်းနှင့် မြို့ပတ်ရထားစီးသွားလာသူ ၁ ဒသမ ၁ ရာခိုင်နှုန်း ရှိနေသည်ဟု ဖော်ပြထားသည်။

 

ရန်ကုန်မြို့၌ ခရီးသည်အများဆုံး စီးနင်းသည့် ဘတ်စ်ကားဝန်ဆောင်မှု ကို အကောင်းဆုံးဖြည့်ဆည်းပေးရန်အတွက် ယခုကဲ့သို့ ရထားနှင့်ကား ချိတ်ဆက်ပြေးဆွဲ သည့် စီမံကိန်းကို အကောင်အထည်ဖော်ရန် အတွက် ရန်ကုန်မြို့ သမိုင်းဘူတာရုံ၊ သမိုင်း ဘူတာရုံရှေ့မှတ်တိုင် (ဗဟိုလမ်း) တွင် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်က စမ်းသပ်မှု စတင်ခဲ့ခြင်း ဖြစ်သည်။“ဘူတာနဲ့ မှတ်တိုင်ချိတ်ဆက်ပြီးတော့ ရထားပေါ်က ဆင်းတဲ့ခရီးသည်တွေ ဘတ်စ်ကား အလွယ်တကူစီးနိုင်ရမှာဖြစ်သလို ဘတ်စ်ကားစီးလာတဲ့ ခရီးသည်တွေဟာလည်း မှတ်တိုင်မှာဆင်းပြီး ရထားစီးနိုင်အောင် လုပ်ငန်းစတင်ဖို့အတွက် အခုရှေ့ပြေးစမ်းသပ်မှု ပြုလုပ်ခြင်းဖြစ်ပါတယ်” လို့ YRTA မှ တွဲဖက် အတွင်းရေးမှူး ဦးလှအောင်က ပြောထားသည်။

 

ရန်ကုန်မြို့တွင် မော်တော်ယာဉ်များပြားမှု၊ မြန်မာနိုင်ငံတစ်ဝန်းမှ လာရောက်နေထိုင် သည့် လူဦးရေတိုးပွားလာမှုများကြောင့် အများပြည်သူသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ အရေးကြီးသည့် လုပ်ငန်းဖြစ်လာသည်။ စီးပွားရေးလုပ်ငန်း များပြားလာမှု၊ စက်ရုံ အလုပ်ရုံပေါများလာမှု၊ ပြည်တွင်းပြည်ပ ရင်းနှီး မြှုပ်နှံမှု တဖြည်းဖြည်းတိုးမြင့်လာမှုကြောင့် အလုပ်အကိုင်အခွင့်အလမ်း ပေါများသည့် ရန်ကုန်မြို့တွင် လူဦးရေသိပ်သည်းလာသလို နေ့စဉ်သွားလာမှုကလည်း များပြားလာခဲ့ခြင်း ဖြစ်သည်။

 

ယခု ခရီးသွားပြည်သူများအတွက် ပိုမို ကောင်းမွန်သော ခရီးသွားလာမှုပုံစံနှင့် ယာဉ်စီးနင်းမှု အဆင်ပြေစေသည့် ရထားနှင့် ကား ချိတ်ဆက်စီးနင်းမှု အသေးစားစီမံကိန်းကို စတင်စမ်းသပ်ခြင်းပင်ဖြစ်သည်။ ဒီစီမံကိန်း ကို မြန်မာ့မီးရထား၊ YRTA ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ၊ ရန်ကုန်တိုင်း ဒေသကြီး ယာဉ်ထိန်းရဲတပ်ဖွဲ့နှင့် ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီတို့က ပူးပေါင်းအကောင်အထည် ဖော်နေခြင်း ဖြစ်သည်။

 

သမိုင်းဘူတာရုံရှေ့ ရထားသံလမ်းကို ကျော်ဖြတ်လိုက်သည်နှင့် YBS ဘတ်စ်ကား မှတ်တိုင်ကို ချက်ချင်းရောက်ရှိသွားမည် ဖြစ်သည်။ ယင်းမှတ်တိုင်တွင် အောင်မင်္ဂလာ အဝေးပြေးနှင့် လသာမှတ်တိုင်ကို နေ့စဉ် ပြေးဆွဲပေးနေသည့် အမှတ်(၁၁) YBS ဘတ်စ်ကားယာဉ်လိုင်း၊ ရန်ကုန်အနောက်ပိုင်း တက္ကသိုလ်နှင့် သခင်မြပန်းခြံကို ပြေးဆွဲပေး နေသည့် အမှတ်(၂၂) YBSယာဉ်လိုင်း၊ကွန်ပျူတာ တက္ကသိုလ်နှင့် ရန်ကုန်ဘူတာကြီးကို နေ့စဉ် ပြေးဆွဲပေးနေသည့် အမှတ်(၉၄) YBS ယာဉ်လိုင်းများ ပြေးဆွဲပေးလျက်ရှိသည်။ သမိုင်းဘူတာတွင် ရထားပေါ်မှ ဆင်းပြီးသည် နှင့် အဆိုပါယာဉ်လိုင်းများမှ YBS ဘတ်စ်ကား များကို ဆက်လက်ချိတ်ဆက်စီးသွားနိုင်မည် ဖြစ်သည်။

 

ရန်ကုန်မြို့တွင် အများပြည်သူသယ်ယူ ပို့ဆောင်ရေးကွန်ရက်သည် ပြည်သူတို့၏ ဘဝနှင့် စီးပွားရေးကဏ္ဍများ၌ လွန်စွာအရေးပါ သည်ဖြစ်ရာ ယာဉ်တစ်ခုနှင့် တစ်ခုကြား ပြောင်းလဲစီးနင်းခြင်းသည် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် အရေးကြီးသည့် လုပ်ငန်းစဉ်တစ်ခုလည်း ဖြစ်သည်။ ခရီးသွား ပြည်သူများက စိတ်တိုင်းကျရွေးချယ်စီးနင်းပြီး လိုရာခရီးကို ဆက်လက်သွားရောက်ရန် အဆင်ပြေစေမည်ဖြစ်သည်။

 

ထိုသို့ ဆောင်ရွက်ခြင်းသည် ရန်ကုန်မြို့ ၏ အများပြည်သူသယ်ယူပို့ဆောင်ရေး ဘတ်စ်ကားဝန်ဆောင်မှု အဆင့်မြှင့်တင်သည့် စီမံကိန်းဖြစ်ရာ ယခုသမိုင်းဘူတာတွင် စမ်းသပ်အကောင်အထည်ဖော်ပြီး အောင်မြင် ပါက ပုဇွန်တောင်ဘူတာ၊ ကြည့်မြင်တိုင် ဘူတာ စသည်တို့တွင်လည်း ဆက်လက်တိုးချဲ့ ဆောင်ရွက်ရန် မျှော်မှန်းထားကြောင်း သိရသည်။

 

ယခုသမိုင်းဘူတာနှင့် ဘတ်စ်ကား မှတ်တိုင်တို့ အနီးဝန်းကျင်တွင်ရှိသည့် ဈေးဘူတာမှတ်တိုင်တွင် YBS ဘတ်စ်ကားလိုင်း များ ဖြစ်သည့် အမှတ်(၁၅)၊ (၁၆)၊ (၁၉)၊ (၆၁)၊ (၆၈)၊ (၇၉) နှင့် (၈၃) YBS ယာဉ်လိုင်း ဘတ်စ်ကားမှတ်တိုင်များလည်း တည်ရှိနေ သည်။ တစ်ဖန် သမိုင်းဘူတာအနီးဝန်းကျင်ရှိ ညီညွတ်ရေးလမ်းထိပ် ဦးဘဟန်မှတ်တိုင်တွင် YBS ယာဉ်လိုင်းများဖြစ်သည့် အမှတ် (၁၅)၊ (၁၆)၊ (၁၉)၊ (၆၁)၊ (၆၈)၊ (၇၉)နှင့် (၈၃) ဘတ်စ် ကားများလည်းရှိနေသည်ဖြစ်ရာ လိုရာခရီးကို အလွယ်တကူစီးသွားနိုင်ပေသည်။
သမိုင်းဘူတာတွင် မြို့ပတ်ရထားစီးပါက ရန်ကုန်ဘူတာကြီးသို့ ၄၅ မိနစ်ခန့်တွင် ရောက်ရှိနိုင်မည်ဖြစ်သလို နံနက်ပိုင်းတွင် ရထားတစ်စင်းနှင့်တစ်စင်း အချိန် ၁၅ မိနစ် ခန့်သာ စောင့်ဆိုင်းရမည်ဖြစ်သည်။ ထို့အတူ သမိုင်းဘူတာအရှေ့ ဘတ်စ်ကားမှတ်တိုင်တွင် လည်း YBS ဘတ်စ်ကားများအနေဖြင့် တစ်စီး နှင့်တစ်စီး အချိန်လေးမိနစ်ခန့်သာ စောင့်ဆိုင်း ရမည်ဖြစ်ရာ ခရီးသွားများအတွက် ပြောင်းလဲ စီးသွားရန် အဆင်ပြေစေမည်ဖြစ်သည်။

 

ယခုရထားနှင့်ကား ချိတ်ဆက်စီးနင်းနိုင် မှုကြောင့် ယာဉ်တစ်စီးနှင့် တစ်စီးအကြား ပြောင်းလဲစီးနင်း၍ မိမိ၏ ခရီးသွားလာမှု ကြာမြင့်ချိန်ကိုလျှော့ချနိုင်မည်ဖြစ်သည်။ ထို့အပြင် ခရီးသည် များအတွက် ရန်ကုန်မြို့တွင် ခရီးသွားလာမှု အချိန်ကြန့်ကြာမှု ပိုမိုနည်းလာမည်ဖြစ်သည်။ တစ်ဖန် မိမိ၏ နေ့စဉ်သွားလာမှုနယ်ပယ် ကိုလည်း ချဲ့ထွင်နိုင်မည် ဖြစ်ပေသည်။ယခုကဲ့သို့ ရထားနှင့် ကား ချိတ်ဆက် ပြေးဆွဲမှု အောင်မြင်ပါက ရန်ကုန်မြို့ရှိ ဘူတာရုံအများအပြားကို ယင်းစနစ်ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားရန် အနေအထားရှိနေသည်ဟု သိရသည်။ ယခု စမ်းသပ်နေသည့် သယ်ယူပို့ဆောင်ရေး အသေးစားစီမံကိန်း၏ အားသာချက်၊ အားနည်းချက်များကို စုစည်းပြင်ဆင်ကာ အကောင်းဆုံးနည်းလမ်းများဖြင့် ရထားနှင့် ကား ချိတ်ဆက်ပြေးဆွဲမှုကို ဆောင်ရွက်သွား ရန်လည်း အစီအစဉ်ရှိနေသည်။
ရန်ကုန်မြို့တွင် ပြည်သူများအတွက် YBS ကားများဖြင့် သယ်ယူပို့ဆောင်ပေးနေရာ၌ အချို့မှတ်တိုင်များတွင် ဘတ်စ်ကားပေါ်မှ ဆင်းသည့်နေရာနှင့် ဘတ်စ်ကားပေါ်တက် သည့်နေရာများကို သီးခြားခွဲထားသည်ကို သတိပြုမိသည်။

 

လက်ရှိ ဆူးလေမြို့တော် ခန်းမရှေ့၊ စံပြဈေး၊ ဂမုန်းပွင့်ကုန်တိုင်ရှေ့ မှတ်တိုင်များတွင် ဆင်းသည့်နေရာ၊ တက်သည့် နေရာများကို ခွဲခြားထားပြီးဖြစ်သည်။ ခရီးသည်များကို မှတ်တိုင်၌ ဆင်းသည့် နေရာတွင် ချပေးပြီး တက်မည့်နေရာသို့ ဆက်လက်ရှေ့တိုးမောင်းနှင်ကာ ခရီးသည် များ တင်ဆောင်မောင်းနှင်သွားသည့်စနစ်ကို လည်း ကျင့်သုံးလျက်ရှိသည်။

 

ယခုအခါ ရထားနှင့် ဘတ်စ်ကားကြား ချိတ်ဆက်မှု ကောင်းမွန်စေရေး သမိုင်းဘူတာ နှင့် မှတ်တိုင်တွင် ဖော်ဆောင်နေသည့် အသေးစားစီမံကိန်းအောင်မြင်ပါက ရန်ကုန် မြို့နေရာအနှံ့ရှိ ဘူတာများတွင်လည်း ဆက်လက်အကောင်အထည်ဖော်တော့မည် ဖြစ်ရာ ပြည်သူများအတွက် သယ်ယူ ပို့ဆောင်ရေးအစီအစဉ်သစ်အဖြစ် ပေါ်ထွက် လာမည်ဖြစ်သည်။

 

Zawgyi ျဖင့္ဖက္ရႈ႕ရန္
>>>>>>>>>>

 

ရန္ကုန္ၿမိဳ့တြင္ စတင္ေဆာင္ရြက္ေနသည့္ ရထားႏွင့္ ဘတ္စ္ကား ခ်ိတ္ဆက္စီးနင္းမွု စီမံကိန္း

 

ရထားႏွင့္ ဘတ္စ္ကား ခ်ိတ္ဆက္ၿပီး ခရီးသည္မ်ားကို သယ္ယူပို့ေဆာင္ေပးမည့္ စီမံကိန္းကို ရန္ကုန္ၿမိဳ့ သမိုင္းဘူတာမွ စတင္ရန္ စမ္းသပ္ေနၿပီျဖစ္ေၾကာင္း သိရသည္။

 

ေန႔စဥ္သြားလာမွုမ်ားျပားသည့္ ရန္ကုန္ ၿမိဳ့တြင္ ဘတ္စ္ကား၊ မီးရထား၊ ကူးတို့သေဘၤာ၊ ဝါးတားဘတ္စ္ စသည့္ယာဥ္မ်ားအားလုံးတြင္ လည္း ခရီးသည္မ်ားက အျပည့္။ ရန္ကုန္ၿမိဳ့ တြင္ တစ္ေန႔လၽွင္ ခရီးသြားဦးေရ သန္းခ်ီၿပီး သြားလာေနသည္ျဖစ္ရာ အာရွဖြံ့ၿဖိဳးေရးဘဏ္ ၏ ၂၀၁၆ ခုႏွစ္ အစီရင္ခံစာ၌ ရန္ကုန္ၿမိဳ့ေန ျပည္သူမ်ားအေနျဖင့္ သြားလာေရးအတြက္ စက္ဘီးအသုံးျပဳသူ ၂၂ ဒသမ ၅ ရာခိုင္ႏွုန္း၊ ဆိုင္ကယ္အသုံးျပဳသူ ၇ ဒသမ ၂ ရာခိုင္ႏွုန္း၊ ဘတ္စ္ကားစီးသူ ၄၉ ဒသမ ၄ ရာခိုင္ႏွုန္းႏွင့္ ၿမိဳ့ပတ္ရထားစီးသြားလာသူ ၁ ဒသမ ၁ ရာခိုင္ႏွုန္း ရွိေနသည္ဟု ေဖာ္ျပထားသည္။

 

ရန္ကုန္ၿမိဳ့၌ ခရီးသည္အမ်ားဆုံး စီးနင္းသည့္ ဘတ္စ္ကားဝန္ေဆာင္မွု ကို အေကာင္းဆုံးျဖည့္ဆည္းေပးရန္အတြက္ ယခုကဲ့သို့ ရထားႏွင့္ကား ခ်ိတ္ဆက္ေျပးဆြဲ သည့္ စီမံကိန္းကို အေကာင္အထည္ေဖာ္ရန္ အတြက္ ရန္ကုန္ၿမိဳ့ သမိုင္းဘူတာ႐ုံ၊ သမိုင္း ဘူတာ႐ုံေရွ႕မွတ္တိုင္ (ဗဟိုလမ္း) တြင္ ၂၀၁၉ ခုႏွစ္ ဒီဇင္ဘာ ၂ ရက္က စမ္းသပ္မွု စတင္ခဲ့ျခင္း ျဖစ္သည္။“ဘူတာနဲ႔ မွတ္တိုင္ခ်ိတ္ဆက္ၿပီးေတာ့ ရထားေပၚက ဆင္းတဲ့ခရီးသည္ေတြ ဘတ္စ္ကား အလြယ္တကူစီးနိုင္ရမွာျဖစ္သလို ဘတ္စ္ကားစီးလာတဲ့ ခရီးသည္ေတြဟာလည္း မွတ္တိုင္မွာဆင္းၿပီး ရထားစီးနိုင္ေအာင္ လုပ္ငန္းစတင္ဖို့အတြက္ အခုေရွ႕ေျပးစမ္းသပ္မွု ျပဳလုပ္ျခင္းျဖစ္ပါတယ္” လို့ YRTA မွ တြဲဖက္ အတြင္းေရးမွူး ဦးလွေအာင္က ေျပာထားသည္။

 

ရန္ကုန္ၿမိဳ့တြင္ ေမာ္ေတာ္ယာဥ္မ်ားျပားမွု၊ ျမန္မာနိုင္ငံတစ္ဝန္းမွ လာေရာက္ေနထိုင္ သည့္ လူဦးေရတိုးပြားလာမွုမ်ားေၾကာင့္ အမ်ားျပည္သူသယ္ယူပို့ေဆာင္ေရးက႑မွာ အေရးႀကီးသည့္ လုပ္ငန္းျဖစ္လာသည္။ စီးပြားေရးလုပ္ငန္း မ်ားျပားလာမွု၊ စက္႐ုံ အလုပ္႐ုံေပါမ်ားလာမွု၊ ျပည္တြင္းျပည္ပ ရင္းႏွီး ျမႇုပ္ႏွံမွု တျဖည္းျဖည္းတိုးျမင့္လာမွုေၾကာင့္ အလုပ္အကိုင္အခြင့္အလမ္း ေပါမ်ားသည့္ ရန္ကုန္ၿမိဳ့တြင္ လူဦးေရသိပ္သည္းလာသလို ေန႔စဥ္သြားလာမွုကလည္း မ်ားျပားလာခဲ့ျခင္း ျဖစ္သည္။

 

ယခု ခရီးသြားျပည္သူမ်ားအတြက္ ပိုမို ေကာင္းမြန္ေသာ ခရီးသြားလာမွုပုံစံႏွင့္ ယာဥ္စီးနင္းမွု အဆင္ေျပေစသည့္ ရထားႏွင့္ ကား ခ်ိတ္ဆက္စီးနင္းမွု အေသးစားစီမံကိန္းကို စတင္စမ္းသပ္ျခင္းပင္ျဖစ္သည္။ ဒီစီမံကိန္း ကို ျမန္မာ့မီးရထား၊ YRTA ၊ ရန္ကုန္ၿမိဳ့ေတာ္ စည္ပင္သာယာေရးေကာ္မတီ၊ ရန္ကုန္တိုင္း ေဒသႀကီး ယာဥ္ထိန္းရဲတပ္ဖြဲ႕ႏွင့္ ဂ်ပန္ အျပည္ျပည္ဆိုင္ရာ ပူးေပါင္းေဆာင္ရြက္ေရး ေအဂ်င္စီတို့က ပူးေပါင္းအေကာင္အထည္ ေဖာ္ေနျခင္း ျဖစ္သည္။

 

သမိုင္းဘူတာ႐ုံေရွ႕ ရထားသံလမ္းကို ေက်ာ္ျဖတ္လိုက္သည္ႏွင့္ YBS ဘတ္စ္ကား မွတ္တိုင္ကို ခ်က္ခ်င္းေရာက္ရွိသြားမည္ ျဖစ္သည္။ ယင္းမွတ္တိုင္တြင္ ေအာင္မဂၤလာ အေဝးေျပးႏွင့္ လသာမွတ္တိုင္ကို ေန႔စဥ္ ေျပးဆြဲေပးေနသည့္ အမွတ္(၁၁) YBS ဘတ္စ္ကားယာဥ္လိုင္း၊ ရန္ကုန္အေနာက္ပိုင္း တကၠသိုလ္ႏွင့္ သခင္ျမပန္းၿခံကို ေျပးဆြဲေပး ေနသည့္ အမွတ္(၂၂) YBSယာဥ္လိုင္း၊ကြန္ပ်ဴတာ တကၠသိုလ္ႏွင့္ ရန္ကုန္ဘူတာႀကီးကို ေန႔စဥ္ ေျပးဆြဲေပးေနသည့္ အမွတ္(၉၄) YBS ယာဥ္လိုင္းမ်ား ေျပးဆြဲေပးလ်က္ရွိသည္။ သမိုင္းဘူတာတြင္ ရထားေပၚမွ ဆင္းၿပီးသည္ ႏွင့္ အဆိုပါယာဥ္လိုင္းမ်ားမွ YBS ဘတ္စ္ကား မ်ားကို ဆက္လက္ခ်ိတ္ဆက္စီးသြားနိုင္မည္ ျဖစ္သည္။

 

ရန္ကုန္ၿမိဳ့တြင္ အမ်ားျပည္သူသယ္ယူ ပို့ေဆာင္ေရးကြန္ရက္သည္ ျပည္သူတို့၏ ဘဝႏွင့္ စီးပြားေရးက႑မ်ား၌ လြန္စြာအေရးပါ သည္ျဖစ္ရာ ယာဥ္တစ္ခုႏွင့္ တစ္ခုၾကား ေျပာင္းလဲစီးနင္းျခင္းသည္ အမ်ားျပည္သူ သယ္ယူပို့ေဆာင္ေရးအတြက္ အေရးႀကီးသည့္ လုပ္ငန္းစဥ္တစ္ခုလည္း ျဖစ္သည္။ ခရီးသြား ျပည္သူမ်ားက စိတ္တိုင္းက်ေရြးခ်ယ္စီးနင္းၿပီး လိုရာခရီးကို ဆက္လက္သြားေရာက္ရန္ အဆင္ေျပေစမည္ျဖစ္သည္။

 

ထိုသို့ ေဆာင္ရြက္ျခင္းသည္ ရန္ကုန္ၿမိဳ့ ၏ အမ်ားျပည္သူသယ္ယူပို့ေဆာင္ေရး ဘတ္စ္ကားဝန္ေဆာင္မွု အဆင့္ျမႇင့္တင္သည့္ စီမံကိန္းျဖစ္ရာ ယခုသမိုင္းဘူတာတြင္ စမ္းသပ္အေကာင္အထည္ေဖာ္ၿပီး ေအာင္ျမင္ ပါက ပုဇြန္ေတာင္ဘူတာ၊ ၾကည့္ျမင္တိုင္ ဘူတာ စသည္တို့တြင္လည္း ဆက္လက္တိုးခ်ဲ႕ ေဆာင္ရြက္ရန္ ေမၽွာ္မွန္းထားေၾကာင္း သိရသည္။

 

ယခုသမိုင္းဘူတာႏွင့္ ဘတ္စ္ကား မွတ္တိုင္တို့ အနီးဝန္းက်င္တြင္ရွိသည့္ ေဈးဘူတာမွတ္တိုင္တြင္ YBS ဘတ္စ္ကားလိုင္း မ်ား ျဖစ္သည့္ အမွတ္(၁၅)၊ (၁၆)၊ (၁၉)၊ (၆၁)၊ (၆၈)၊ (၇၉) ႏွင့္ (၈၃) YBS ယာဥ္လိုင္း ဘတ္စ္ကားမွတ္တိုင္မ်ားလည္း တည္ရွိေန သည္။ တစ္ဖန္ သမိုင္းဘူတာအနီးဝန္းက်င္ရွိ ညီညြတ္ေရးလမ္းထိပ္ ဦးဘဟန္မွတ္တိုင္တြင္ YBS ယာဥ္လိုင္းမ်ားျဖစ္သည့္ အမွတ္ (၁၅)၊ (၁၆)၊ (၁၉)၊ (၆၁)၊ (၆၈)၊ (၇၉)ႏွင့္ (၈၃) ဘတ္စ္ ကားမ်ားလည္းရွိေနသည္ျဖစ္ရာ လိုရာခရီးကို အလြယ္တကူစီးသြားနိုင္ေပသည္။


သမိုင္းဘူတာတြင္ ၿမိဳ့ပတ္ရထားစီးပါက ရန္ကုန္ဘူတာႀကီးသို့ ၄၅ မိနစ္ခန႔္တြင္ ေရာက္ရွိနိုင္မည္ျဖစ္သလို နံနက္ပိုင္းတြင္ ရထားတစ္စင္းႏွင့္တစ္စင္း အခ်ိန္ ၁၅ မိနစ္ ခန႔္သာ ေစာင့္ဆိုင္းရမည္ျဖစ္သည္။ ထို့အတူ သမိုင္းဘူတာအေရွ႕ ဘတ္စ္ကားမွတ္တိုင္တြင္ လည္း YBS ဘတ္စ္ကားမ်ားအေနျဖင့္ တစ္စီး ႏွင့္တစ္စီး အခ်ိန္ေလးမိနစ္ခန႔္သာ ေစာင့္ဆိုင္း ရမည္ျဖစ္ရာ ခရီးသြားမ်ားအတြက္ ေျပာင္းလဲ စီးသြားရန္ အဆင္ေျပေစမည္ျဖစ္သည္။

 

ယခုရထားႏွင့္ကား ခ်ိတ္ဆက္စီးနင္းနိုင္ မွုေၾကာင့္ ယာဥ္တစ္စီးႏွင့္ တစ္စီးအၾကား ေျပာင္းလဲစီးနင္း၍ မိမိ၏ ခရီးသြားလာမွု ၾကာျမင့္ခ်ိန္ကိုေလၽွာ့ခ်နိုင္မည္ျဖစ္သည္။ ထို့အျပင္ ခရီးသည္ မ်ားအတြက္ ရန္ကုန္ၿမိဳ့တြင္ ခရီးသြားလာမွု အခ်ိန္ၾကန႔္ၾကာမွု ပိုမိုနည္းလာမည္ျဖစ္သည္။ တစ္ဖန္ မိမိ၏ ေန႔စဥ္သြားလာမွုနယ္ပယ္ ကိုလည္း ခ်ဲ႕ထြင္နိုင္မည္ ျဖစ္ေပသည္။ယခုကဲ့သို့ ရထားႏွင့္ ကား ခ်ိတ္ဆက္ ေျပးဆြဲမွု ေအာင္ျမင္ပါက ရန္ကုန္ၿမိဳ့ရွိ ဘူတာ႐ုံအမ်ားအျပားကို ယင္းစနစ္ျဖင့္ အေကာင္အထည္ေဖာ္ ေဆာင္ရြက္သြားရန္ အေနအထားရွိေနသည္ဟု သိရသည္။ ယခု စမ္းသပ္ေနသည့္ သယ္ယူပို့ေဆာင္ေရး အေသးစားစီမံကိန္း၏ အားသာခ်က္၊ အားနည္းခ်က္မ်ားကို စုစည္းျပင္ဆင္ကာ အေကာင္းဆုံးနည္းလမ္းမ်ားျဖင့္ ရထားႏွင့္ ကား ခ်ိတ္ဆက္ေျပးဆြဲမွုကို ေဆာင္ရြက္သြား ရန္လည္း အစီအစဥ္ရွိေနသည္။


ရန္ကုန္ၿမိဳ့တြင္ ျပည္သူမ်ားအတြက္ YBS ကားမ်ားျဖင့္ သယ္ယူပို့ေဆာင္ေပးေနရာ၌ အခ်ိဳ့မွတ္တိုင္မ်ားတြင္ ဘတ္စ္ကားေပၚမွ ဆင္းသည့္ေနရာႏွင့္ ဘတ္စ္ကားေပၚတက္ သည့္ေနရာမ်ားကို သီးျခားခြဲထားသည္ကို သတိျပဳမိသည္။

 

လက္ရွိ ဆူးေလၿမိဳ့ေတာ္ ခန္းမေရွ႕၊ စံျပေဈး၊ ဂမုန္းပြင့္ကုန္တိုင္ေရွ႕ မွတ္တိုင္မ်ားတြင္ ဆင္းသည့္ေနရာ၊ တက္သည့္ ေနရာမ်ားကို ခြဲျခားထားၿပီးျဖစ္သည္။ ခရီးသည္မ်ားကို မွတ္တိုင္၌ ဆင္းသည့္ ေနရာတြင္ ခ်ေပးၿပီး တက္မည့္ေနရာသို့ ဆက္လက္ေရွ႕တိုးေမာင္းႏွင္ကာ ခရီးသည္ မ်ား တင္ေဆာင္ေမာင္းႏွင္သြားသည့္စနစ္ကို လည္း က်င့္သုံးလ်က္ရွိသည္။

 

ယခုအခါ ရထားႏွင့္ ဘတ္စ္ကားၾကား ခ်ိတ္ဆက္မွု ေကာင္းမြန္ေစေရး သမိုင္းဘူတာ ႏွင့္ မွတ္တိုင္တြင္ ေဖာ္ေဆာင္ေနသည့္ အေသးစားစီမံကိန္းေအာင္ျမင္ပါက ရန္ကုန္ ၿမိဳ့ေနရာအႏွံ့ရွိ ဘူတာမ်ားတြင္လည္း ဆက္လက္အေကာင္အထည္ေဖာ္ေတာ့မည္ ျဖစ္ရာ ျပည္သူမ်ားအတြက္ သယ္ယူ ပို့ေဆာင္ေရးအစီအစဥ္သစ္အျဖစ္ ေပၚထြက္ လာမည္ျဖစ္သည္။

 

Myanmar Logistics Guide

Read times
Rate this item
(1 Vote)