Transportation

ခရီးသည်များအတွက် Passenger Service

ခရီးသည်များအတွက် Passenger Service google

လေကြောင်းလိုင်းများ၏ မြေပြင်ဝန်ဆောင်မှုကို အဓိကဆောင်ရွက်ပေးလျက်ရှိသည်။ ခရီးသည်ဝန် ဆောင်မှု၊ ကုန်ပစ္စည်းဝန်ဆောင်မှုနှင့် GSE ဆိုသည့် Ground Equipment နှင့်ပတ်သက်သည့် Service ဝန်ဆောင်မှု စုစုပေါင်းသုံးခုဆောင်ရွက်ပေးလျက်ရှိသည်။

 

Passenger Service တွင် ခရီးသည်များအတွက် Checking ပြုလုပ်ပြီး ၎င်း၏ အပ်နှံပစ္စည်းများအတွက် Baggage Service ဆောင်ရွက်ပေးသည်။ Special Service ဟုခေါ်သည့် အချို့သောခရီးသည်များအတွက် Wheelchair စီစဉ်ပေးခြင်း၊ အသက်မပြည့်သေးသည့် ကလေးငယ်များအတွက် ခရီးသွားလာရာ၌ တစ်ဦး တည်းသွားလာခွင့်မပြုသည့် ဥပဒေရှိပါသည်။

 

အဆိုပါကလေးငယ်များမှာ အသက် (၁၂)နှစ်နှင့် အထက် (၁၈)နှစ်နှင့်အောက်ကလေးများအတွက် ၎င်း တို့၏ မိဘများကခွင့်ပြုပါက သွားလာခွင့်ပြုပေးသည်။ (၁၂)နှစ်အောက် ကလေးဆိုပါက မိဘမပါသော်လည်း အစောင့်အရှောက်ပါက သွားလာခွင့်ပြုသည်။ အစောင့် အရှောက်မပါခဲ့သော် ခရီးသည်ဝန်ဆောင်မှုအနေဖြင့် ခရီးသည်လက်ခံသည့်နေရာမှ လေယာဉ်ပေါ်ရောက် သည်အထိ အစောင့်အရှောက်ဖြင့်လိုက်ပါပို့ဆောင်ပေးပြီး အဆိုပါခရီးသည်ကို လေယာဉ် Crew များထံ အပ်နှံပေးရသည်။

 

Baggage အပိုင်းတွင် လေကြောင်းလိုင်းများ တွေ့ကြုံရသည့် အခက်အခဲတစ်ခုဖြစ်သည့် ခရီးသည် အပ်နှံထားသည့်အိတ်ပါမလာခြင်း၊ အိတ်ပျက်စီးခြင်း တို့ဖြစ်ပေါ်သည့်အခါတွင် Complain ကြုံရတတ်သည်။

 

နိုင်ငံနှင့်သက်ဆိုင်သော Geneva Convention၊ Warsaw Convention၊ Montreal Convention များ တွင် လက်မှတ်ထိုးထားသည့်အပေါ်မူတည်၍ ငွေကြေး ကိစ္စများကို Claem ပေးရခြင်းဖြစ်သည်။လေကြောင်းခရီးစဉ် အသုံးပြုကြသူများအတွက် သိမှတ်စရာ အကြောင်းအရာတစ်ခုဖြစ်သည့် Air Cargo လုပ်ငန်းဆောင်တာများမှ အချို့အားဖော်ပြ ပေးခြင်းဖြစ်ပါသည်။

 

>>>Zawgyi<<<

 


 


 


 


 


 


 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)