Transportation

ယုံကြည်စိတ်ချရမှုနဲ့ အသုံးပြုရလွယ်ကူမှုတို့မှာ Toyota ထက် Hyundai ပိုကောင်းနေပြီလား

ကားတစ်စီးဝယ်မယ်ဆိုရင် အသစ်ပဲဖြစ်ဖြစ်၊ အဟောင်းပဲဖြစ်ဖြစ် သူ့ရဲ့မျိုဆက်က နောက်ကြောင်းကောင်းရဲ့ လား၊ ရေပန်းစားရဲ့လားဆိုတာ အားလုံးသိချင်ကြပါတယ်။ ကျွန်တော်တို့လို တစ်ပတ်ရစ်ကနေ အပြီးတိုင်မစွန့် ခွါနိုင်သေးတဲ့သူတွေအတွက် သတင်းကောင်းတစ်ခုကတော့ Toyota ထက် Hyundai ရဲ့ထပ်ခွဲတစ်ခုဖြစ်တဲ့ Genesis ကပိုကောင်းနေတယ်ဆိုတဲ့ ထုတ်ပြန်ချက်တစ်ခုကို J.D Power 2020 Vehicle Dependability Study မှာဖော်ပြထားခဲ့တာပဲဖြစ်ပါတယ်။ 

 

အဆိုပါဖော်ပြမှုမှာတော့ အလုံးစုံကဏ္ဍအတွက် Hyundai ရဲ့ ထပ်ခွဲဖြစ်တဲ့ Genesis က Toyota ရဲ့ ထပ်ခွဲဖြစ်တဲ့ Lexus ကို ဖြတ်ကျော်ဗိုလ်ဆွဲခဲ့တာဖြစ်ပါတယ်။ ဒါကတော့ Lexus အတွက် စိတ်မကောင်းစရာ ဖြစ်ခဲ့ရပြီး ၈ နှစ်အတွင်းပထမဆုံးအကြိမ်အဖြစ် ဗိုလ်မဆွဲခဲ့ခြင်းလည်းဖြစ်ပါတယ်။

 


ဒါပေမယ့်လည်း Lexus ES ကားအနေနဲ့ ရမှတ်အကောင်းမွန်ဆုံးအဖြစ် စွမ်းဆောင်နိုင်ခဲ့တာဖြစ်ပေမယ့် သူ့ရဲ့ အခြားသောအမျိုးအစားတွေက ရမှတ်မကောင်းခဲ့တာကြောင့် ဗိုလ်မဆွဲခဲ့တာလည်းဖြစ်ပါတယ်။ Lexus ES ရဲ့ ရမှတ်ကတော့ ၅၂ မှတ်ပဲဖြစ်ပါတယ်။ ဒါကတော့ ၃၁ နှစ်တာအတွင်း အကောင်းဆုံးရလဒ်တစ်ခုပဲဖြစ်ပါတယ်။ ရမှတ်နည်းလေ ပိုကောင်းလေဖြစ်ပြီး ရမှတ်များရင်တော့ ပိုညံ့သွားတဲ့သဘောနဲ့ အမှတ်ပေးထားတာ ဖြစ်ပါတယ်။

 

 

 

Nissan Leaf

 

တကယ့်ကိုပထမဆုံးပါပဲ။ Compact ကားအရွယ်အစား ကဏ္ဍအတွက် first all-electric model အဖြစ်သတ်မှတ်ခံခဲ့ရပါတယ်။

 

Vehicle Dependability Study ဆိုသည်မှာ


လွန်ခဲ့တဲ့ ၃ နှစ်ကရောင်းခဲ့တဲ့ ကားအပေါ်ကားပိုင်ရှင်တွေရဲ့ စောဒကတွေနဲ့ မကျေနပ်ချက်တွေပေါ်မှာ အတည်ပြုအမှတ်ပေးခြင်းပဲဖြစ်ပါတယ်။ ယုံကြည်စိတ်ချရမှုပါသလို အခြားသောအသုံးပြုရလွယ်ကူမှုတွေလည်း ပါဝင်မှာဖြစ်ပါတယ်။ ထုတ်လုပ်သူတွေက အဆန်းအသစ်တွေထည့်ပေးထားတယ်၊ ဒါပေမယ့် ကားပိုင်ရှင်နဲ့ မရင်းနှီးဘူး အဆင်မပြေဘူးဆိုရင်လည်း ပြဿနာများပြီးရလဒ်လျော့နိုင်ပါတယ်။ ကားပိုင်ရှင်တွေရဲ့ ပြဿနာတွေများလာရင် အမှတ်တွေများလာပြီး ရလဒ်မကောင်းတော့ တဲ့သဘောပဲဖြစ်ပါတယ်။ ဒါကြောင့် ကျွန်တော်တို့လိုမျိုး တစ်ပတ်ရစ်နဲ့ မကင်းနိုင်သေးတဲ့နိုင်ငံတွေအတွက် တော့အထူးပဲသင့်လျော်လှပါတယ်။ ဒီလိုပဲ ရောက်ရှိခုနှစ်နဲ့မော်ဒယ်ကို ဝယ်ယူမယ့်သူတွေအတွက်လည်း ယုံကြည်မှုပိုတိုးစေမှာဖြစ်ပါတယ်။

 

Zawgyi

 

ယံုၾကည္စိတ္ခ်ရမႈနဲ႔ အသံုးျပဳရလြယ္ကူမႈတို႔မွာ Toyota ထက္ Hyundai ပိုေကာင္းေနၿပီလား

 

ကားတစ္စီး၀ယ္မယ္ဆိုရင္ အသစ္ပဲျဖစ္ျဖစ္၊ အေဟာင္းပဲျဖစ္ျဖစ္ သူ႕ရဲ႕မ်ိဳဆက္က ေနာက္ေၾကာင္းေကာင္းရဲ႕ လား၊ ေရပန္းစားရဲ႕လားဆိုတာ အားလံုးသိခ်င္ၾကပါတယ္။ ကၽြန္ေတာ္တို႔လို တစ္ပတ္ရစ္ကေန အၿပီးတိုင္မစြန္႔ ခြါႏိုင္ေသးတဲ့သူေတြအတြက္ သတင္းေကာင္းတစ္ခုကေတာ့ Toyota ထက္ Hyundai ရဲ႕ထပ္ခဲြတစ္ခုျဖစ္တဲ့ Genesis ကပိုေကာင္းေနတယ္ဆိုတဲ့ ထုတ္ျပန္ခ်က္တစ္ခုကို J.D Power 2020 Vehicle Dependability Study မွာေဖာ္ျပထားခဲ့တာပဲျဖစ္ပါတယ္။


အဆိုပါေဖာ္ျပမႈမွာေတာ့ အလံုးစံုက႑အတြက္ Hyundai ရဲ႕ ထပ္ခဲြျဖစ္တဲ့ Genesis က Toyota ရဲ႕ ထပ္ခဲြျဖစ္တဲ့ Lexus ကို ျဖတ္ေက်ာ္ဗိုလ္ဆဲြခဲ့တာျဖစ္ပါတယ္။ ဒါကေတာ့ Lexus အတြက္ စိတ္မေကာင္းစရာ ျဖစ္ခဲ့ရၿပီး ၈ ႏွစ္အတြင္းပထမဆံုးအႀကိမ္အျဖစ္ ဗိုလ္မဆဲြခဲ့ျခင္းလည္းျဖစ္ပါတယ္။


ဒါေပမယ့္လည္း Lexus ES ကားအေနနဲ႔ ရမွတ္အေကာင္းမြန္ဆံုးအျဖစ္ စြမ္းေဆာင္ႏိုင္ခဲ့တာျဖစ္ေပမယ့္ သူ႕ရဲ႕ အျခားေသာအမ်ိဳးအစားေတြက ရမွတ္မေကာင္းခဲ့တာေၾကာင့္ ဗိုလ္မဆဲြခဲ့တာလည္းျဖစ္ပါတယ္။ Lexus ES ရဲ႕ ရမွတ္ကေတာ့ ၅၂ မွတ္ပဲျဖစ္ပါတယ္။ ဒါကေတာ့ ၃၁ ႏွစ္တာအတြင္း အေကာင္းဆံုးရလဒ္တစ္ခုပဲျဖစ္ပါတယ္။ ရမွတ္နည္းေလ ပိုေကာင္းေလျဖစ္ၿပီး ရမွတ္မ်ားရင္ေတာ့ ပိုညံ့သြားတဲ့သေဘာနဲ႔ အမွတ္ေပးထားတာ ျဖစ္ပါတယ္။

 

 

 

Nissan Leaf

 

တကယ့္ကိုပထမဆံုးပါပဲ။ Compact ကားအရြယ္အစား က႑အတြက္ first all-electric model အျဖစ္သတ္မွတ္ခံခဲ့ရပါတယ္။

 

Vehicle Dependability Study ဆိုသည္မွာ


လြန္ခဲ့တဲ့ ၃ ႏွစ္ကေရာင္းခဲ့တဲ့ ကားအေပၚကားပိုင္ရွင္ေတြရဲ႕ ေစာဒကေတြနဲ႔ မေက်နပ္ခ်က္ေတြေပၚမွာ အတည္ျပဳအမွတ္ေပးျခင္းပဲျဖစ္ပါတယ္။ ယံုၾကည္စိတ္ခ်ရမႈပါသလို အျခားေသာအသံုးျပဳရလြယ္ကူမႈေတြလည္း ပါ၀င္မွာျဖစ္ပါတယ္။ ထုတ္လုပ္သူေတြက အဆန္းအသစ္ေတြထည့္ေပးထားတယ္၊ ဒါေပမယ့္ ကားပိုင္ရွင္နဲ႔ မရင္းႏွီးဘူး အဆင္မေျပဘူးဆိုရင္လည္း ျပႆနာမ်ားၿပီးရလဒ္ေလ်ာ့ႏိုင္ပါတယ္။ ကားပိုင္ရွင္ေတြရဲ႕ ျပႆနာေတြမ်ားလာရင္ အမွတ္ေတြမ်ားလာၿပီး ရလဒ္မေကာင္းေတာ့ တဲ့သေဘာပဲျဖစ္ပါတယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တို႔လိုမ်ိဳး တစ္ပတ္ရစ္နဲ႔ မကင္းႏိုင္ေသးတဲ့ႏိုင္ငံေတြအတြက္ ေတာ့အထူးပဲသင့္ေလ်ာ္လွပါတယ္။ ဒီလိုပဲ ေရာက္ရွိခုႏွစ္နဲ႔ေမာ္ဒယ္ကို ၀ယ္ယူမယ့္သူေတြအတြက္လည္း ယံုၾကည္မႈပိုတိုးေစမွာျဖစ္ပါတယ္။

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)