Transportation
ပြည်တွင်းရေကြောင်းပို့ဆောင်ရေး၊ မြစ်ဝ ကျွန်းပေါ် ဌာနခွဲမှ မြစ်တွင်း အပျော်စီး #တေဇ# ရေယာဉ် ပြေးဆွဲ
ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်တွင်း ရေကြောင်း ပို့ဆောင်ရေး၊ မြစ်ဝ ကျွန်းပေါ် ဌာနခွဲမှ #တေဇ# ရေယာဉ်ဖြင့် မြစ်တွင်း အပျော်စီး ခရီးစဉ် ပြေးဆွဲမှု မိတ်ဆက်ပွဲ အခမ်းအနားကို ဖော်ဖော်ဝါရီ (၁၄)ရက် ညနေပိုင်းက ဗိုလ်တထောင် ဆိပ်ကမ်း အမှတ် (၅) တံတားရှိ အဆိုပါ သင်္ဘောပေါ်၌ ပြုလုပ်ခဲ့ပါတယ်။ 
#တေဇ# အပျော်စီး ရေယာဉ်မှာ T-Class အမျိုးအစား ရေယာဉ်ဖြစ်ပြီး အလျား ၉၃.၄၈ ပေ၊ အနံ ၂၁.၆ ပေ၊ အမြင့် ၇.၂ ပေရှိကာ ခရီးသည် ၁၂၀ ဦး လိုက်ပါ နိုင်မည် ဖြစ်ပြီး၊ အမြန်နှုန်း ရေစုန် (၁) နာရီ (၁၀) မိုင် ၊ ရေဆန် (၁)နာရီ ၆ မိုင် ပြေးဆွဲနိုင်မည် ဖြစ်ပါတယ်။
တေဇအပျော်စီး ရေယာဉ်တွင် ပါတီပွဲ၊ Event ပွဲ၊ မင်္ဂလာပွဲ၊ မွေးနေ့ပွဲများ လက်ခံကျင်းပ ပေးသွားမည် ဖြစ်ပြီး အစား အသောက် ဧည့်ခံကျွေးမွေးမှု အပိုင်းတွင် ဘူဖေး၊ ဒံပေါက်၊ ကြက်ဆီထမင်း၊ ထောပတ်ထမင်း၊ အကင်မျိုးစုံ၊ ရေခဲမုန့်၊ အချိုပွဲများ ပါဝင်မည် ဖြစ်ပါတယ်။
ငှားရမ်းခနှုန်းထားများ
♦ Silver Package ၂၄၅,၇၀၀ ကျပ် (KTV 1 Hour + မြစ်တွင်း(၁) နာရီ)
♦ Gold Package ၂၈၇,၇၀၀ ကျပ် (KTV 2 Hour + မြစ်တွင်း (၂) နာရီ)
♦ Diamond Package ၃၅၀,၇၀၀ ကျပ် (KTV 4 Hour + မြစ်တွင်း (၃) နာရီ)
♦ Platinum Package ၅၂၉,၂၀၀ ကျပ် (KTV 5 Hour + မြစ်တွင်း (၃) နာရီ)
မှတ်ချက်။ အချိန်တစ်နာရီ ထပ်တိုးလျှင် ၅၀၀၀၀/-ကျပ် ထပ်မံပေးဆောင်ရမည်ဖြစ်ပါတယ်။ အထက်ပါနှုန်းထားတွင် နိုင်ငံတော်သို့ ပေးဆောင်ရမည့် အခွန်အခများ ပါဝင်ပြီးဖြစ်ပါတယ်။
ရေယာဉ်စီးလုံးငှားခရီးစဉ်
မိသားစု အပန်းဖြေ အပျော်စီး ခရီးစဉ်အဖြစ် ရန်ကုန်-တွံတေး၊ရန်ကုန်-ကျိုက်လတ် ရေယာဉ်စီးလုံးငှား ဝန်ဆောင်မှု များကို ဈေးနှုန်းချိုသာစွာ ဝန်ဆောင်မှု ပေးသွားမည် ဖြစ်ပါတယ်။
♦ ရန်ကုန်-တွံ့တေး ရေယာဉ်စီးလုံးငှား နေ့ချင်းပြန် ခရီးစဉ် = ကျပ် ၅၀၀,၀၀၀/-
♦ ရန်ကုန်-ကျိုက်လတ် ရေယာဉ်စီးလုံးငှား နေ့ချင်းပြန် ခရီးစဉ် = ကျပ် ၇၀၀,၀၀၀/-
မှတ်ချက်။ အထက်ပါ နှုန်းထားတွင် အစား အသောက် ဝန်ဆောင်ခ မပါရှိပါ။ စားသောက်ပွဲများ မှာယူလိုပါက စီစဉ်ပေးပါသည်။
ဆက်သွယ်ရန်။
မြစ်ဝကျွန်းပေါ်ဌာနခွဲ
မော်တင်ဆိပ်ကမ်း၊ ဆိပ်ကမ်းမြို့နယ်
ဖုန်းနံပါတ်။ ၀၁-၂၂၂၄၉၃၊ ၀၁-၂၂၂၄၇၂၊ ၀၉၅၀၄၁၉၉၂၊ ၀၉၂၅၀၀၆၇၇၀၉၊ ၀၉၄၂၀၀၂၈၂၆၇
အီးမေး။ This email address is being protected from spambots. You need JavaScript enabled to view it.
Facebook: www.facebook.com/myitwa
Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ
<<<Zawgyi>>>
ဆက်သွယ်ရန်။
Myanmar Logistics Guide
Read times
Rate this item
(0 votes)