ထိုင်းနိုင်ငံမှ ၂၂ ဘီးနောက်တွဲပါ ကုန်တင်ယာဉ် နှစ်စီးသည် ဖေဖော်ဝါရီ ၇ ရက်က အမှတ် (၂) ချစ်ကြည်ရေးတံတားမှ ဝင်ရောက်၍ မြဝတီကုန်သွယ်ရေးဇုန်တွင် အကောက်ခွန်လုပ်ငန်းများ ဆောင်ရွက်ကာ မြဝတီ-ကော့ကရိတ်လမ်း ကြောင်းအတိုင်း မောင်းနှင်ပြီးရန်ကုန်မြို့ သီလဝါ ဆိပ်ကမ်းသို့ ပထမဆုံးအကြိမ် အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ခဲ့ကြောင်း သိရပါတယ်။
ထိုင်းနိုင်ငံနှင့် မြန်မာနိုင်ငံတို့သည် မဟာမဲခေါင်ခြောက်နိုင်ငံက အတည်ပြုထားသည့် Cross-broder Transport Agreement သဘောတူညီချက် တစ်စိတ် တစ်ပိုင်းဖြစ်သော မဟာမဲခေါင်ဒေသခွဲ၏ ထောက်ပံ့ခြင်း (logistics) တိုးတက်ရေးကို အထောက်အကူပြုမည့် IICBTA( Initial Implementation of a Crossbroder Transport Agreement) MOU သဘောတူညီချက်အရ မြန်မာနိုင်ငံဘက်တွင် ရန်ကုန်မြို့၊ သီလဝါ (SEZ)ထိလည်းကောင်း၊ ထိုင်းနိုင်ငံဘက်တွင် ဘန်ကောက်၊ လန်ချဘန်ထိလည်းကောင်း၊ နှစ်နိုင်ငံ ကုန်တင်ယာဉ်များ အပြန်အလှန်တိုက်ရိုက် ဝင်/ထွက်ကြမည်ဖြစ်ပြီး IICBTA ခွင့်ပြုလမ်းကြောင်းများမှာ မြန်မာနိုင်ငံ အနေဖြင့် လမ်းကြောင်း(၁)အဖြစ် မြဝတီ - ကော့ကရိတ် - ဇာသပြင် - မော်လမြိုင်ထိ လည်းကောင်း၊ လမ်းကြောင်း(၂)အဖြစ် မြဝတီ - ကော့ကရိတ် - ဘားအံ - သထုံ - ကျိုက်ထို - သိမ်ဇရပ် - ဝေါ - ဘုရားကြီး - ပဲခူး - ရန်ကုန် - သီလဝါ(SEZ)ထိလည်းကောင်း၊ ထိုင်းနိုင်ငံဘက်မှ လမ်းကြောင်း(၁)အဖြစ် Maesot- Phitsanulok-Khon-Kaen-Kalasin-Mukdahan ထိ လည်းကောင်း၊ လမ်းကြောင်း (၂)အဖြစ် Maesot-Nakhon Sawan-Ayattaya-Bangkok-Lean Chabangx ထိ လည်းကောင်း ဝင်/ထွက် သွားလာခွင့်ပြုသည့် ယာဉ်လမ်းကြောင်းများ သတ်မှတ် ခဲ့ကြပြီးနောက် ယခုကဲ့သို့ ထိုင်းကုန်တင်ယာဉ်များမှ မြန်မာနိုင်ငံသို့ ပထမဆုံး အကြိမ်အဖြစ် တိုက်ရိုက်ကုန်သွယ်မှု စတင်ဆောင်ရွက်ခဲ့ခြင်းပဲ ဖြစ်ပါတယ်။
ထိုင်းနိုင်ငံ မဲဆောက် နယ်စပ်ဂိတ်နှင့် မြန်မာနိုင်ငံ မြဝတီနယ်စပ်ဂိတ်မှ ဝင်/ထွက်မည့် ကုန်တင်မော်တော်ယာဉ်များအနေဖြင့် မြန်မာဘက်ခြမ်းတွင် ကုန်သွယ်ရေးဇုန်မှ ဝင်/ထွက် ရန်ဖြစ်ပြီး IICBTA အရ မြန်မာနိုင်ငံအတွင်းသို့ တိုက်ရိုက် ဝင်ရောက်မည့် ကုန်တင်ယာဉ်များသည် ကုန်ပစ္စည်းစစ်ဆေးရေး စခန်းဖြစ်သည့် မြဝတီကုန်သွယ်ရေးဇုန်အတွင်းရှိ ကောက်ခွန်ဦးစီးဌာနမှ ချိတ်စည်းတပ်ဆင်၍ အကောက်ခွန်ဦးစီးဌာန၏ Vehicle Cargo Checking System(VCCS) စနစ်တွင် မှတ်တမ်းတင်ဆောင်ရွက်ရမည်ဖြစ်ပြီး ကုန်သွယ်ရေး ဦးစီးဌာနမှလည်း ၎င်းယာဉ်များကို ကတ္တားချိန်ခြင်း၊ ယာဉ်အဝင်အထွက် စာရင်း ပြုလုပ်ခြင်းတို့အား ဆောင်ရွက်မည်ဖြစ်ကာ ၎င်းယာဉ်များကို ကုန်သွယ်ရေးဇုန် အတွင်းမှ သီးသန့်လမ်းကြောင်းဖြင့် ထွက်ခွာနိုင်ရေး စီစဉ်ဆောင်ရွက်ထားရှိကြောင်း သိရပါတယ်။
Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ
<<<Zawgyi>>>
ထိုင္းႏိုင္ငံမွ ကုန္တင္ယာဥ္မ်ား သီလဝါဆိပ္ကမ္းသို႔ ပထမဆုံးအႀကိမ္ တိုက္႐ိုက္ကုန္သြယ္မႈစတင္ခဲ့
ထိုင္းႏိုင္ငံမွ ၂၂ ဘီးေနာက္တြဲပါ ကုန္တင္ယာဥ္ ႏွစ္စီးသည္ ေဖေဖာ္ဝါရီ ၇ ရက္က အမွတ္ (၂) ခ်စ္ၾကည္ေရးတံတားမွ ဝင္ေရာက္၍ ျမဝတီကုန္သြယ္ေရးဇုန္တြင္ အေကာက္ခြန္လုပ္ငန္းမ်ား ေဆာင္႐ြက္ကာ ျမဝတီ-ေကာ့ကရိတ္လမ္း ေၾကာင္းအတိုင္း ေမာင္းႏွင္ၿပီးရန္ကုန္ၿမိဳ႕ သီလဝါ ဆိပ္ကမ္းသို႔ ပထမဆုံးအႀကိမ္ အျဖစ္ တိုက္႐ိုက္ကုန္သြယ္မႈ စတင္ခဲ့ေၾကာင္း သိရပါတယ္။
ထိုင္းႏိုင္ငံႏွင့္ ျမန္မာႏိုင္ငံတို႔သည္ မဟာမဲေခါင္ေျခာက္ႏိုင္ငံက အတည္ျပဳထားသည့္ Cross-broder Transport Agreement သေဘာတူညီခ်က္ တစ္စိတ္ တစ္ပိုင္းျဖစ္ေသာ မဟာမဲေခါင္ေဒသခြဲ၏ ေထာက္ပံ့ျခင္း (logistics) တိုးတက္ေရးကို အေထာက္အကူျပဳမည့္ IICBTA( Initial Implementation of a Crossbroder Transport Agreement) MOU သေဘာတူညီခ်က္အရ ျမန္မာႏိုင္ငံဘက္တြင္ ရန္ကုန္ၿမိဳ႕၊ သီလဝါ (SEZ)ထိလည္းေကာင္း၊ ထိုင္းႏိုင္ငံဘက္တြင္ ဘန္ေကာက္၊ လန္ခ်ဘန္ထိလည္းေကာင္း၊ ႏွစ္ႏိုင္ငံ ကုန္တင္ယာဥ္မ်ား အျပန္အလွန္တိုက္႐ိုက္ ဝင္/ထြက္ၾကမည္ျဖစ္ၿပီး IICBTA ခြင့္ျပဳလမ္းေၾကာင္းမ်ားမွာ ျမန္မာႏိုင္ငံ အေနျဖင့္ လမ္းေၾကာင္း(၁)အျဖစ္ ျမဝတီ - ေကာ့ကရိတ္ - ဇာသျပင္ - ေမာ္လၿမိဳင္ထိ လည္းေကာင္း၊ လမ္းေၾကာင္း(၂)အျဖစ္ ျမဝတီ - ေကာ့ကရိတ္ - ဘားအံ - သထုံ - က်ိဳက္ထို - သိမ္ဇရပ္ - ေဝါ - ဘုရားႀကီး - ပဲခူး - ရန္ကုန္ - သီလဝါ(SEZ)ထိလည္းေကာင္း၊ ထိုင္းႏိုင္ငံဘက္မွ လမ္းေၾကာင္း(၁)အျဖစ္ Maesot- Phitsanulok-Khon-Kaen-Kalasin-Mukdahan ထိ လည္းေကာင္း၊ လမ္းေၾကာင္း (၂)အျဖစ္ Maesot-Nakhon Sawan-Ayattaya-Bangkok-Lean Chabangx ထိ လည္းေကာင္း ဝင္/ထြက္ သြားလာခြင့္ျပဳသည့္ ယာဥ္လမ္းေၾကာင္းမ်ား သတ္မွတ္ ခဲ့ၾကၿပီးေနာက္ ယခုကဲ့သို႔ ထိုင္းကုန္တင္ယာဥ္မ်ားမွ ျမန္မာႏိုင္ငံသို႔ ပထမဆုံး အႀကိမ္အျဖစ္ တိုက္႐ိုက္ကုန္သြယ္မႈ စတင္ေဆာင္႐ြက္ခဲ့ျခင္းပဲ ျဖစ္ပါတယ္။
ထိုင္းႏိုင္ငံ မဲေဆာက္ နယ္စပ္ဂိတ္ႏွင့္ ျမန္မာႏိုင္ငံ ျမဝတီနယ္စပ္ဂိတ္မွ ဝင္/ထြက္မည့္ ကုန္တင္ေမာ္ေတာ္ယာဥ္မ်ားအေနျဖင့္ ျမန္မာဘက္ျခမ္းတြင္ ကုန္သြယ္ေရးဇုန္မွ ဝင္/ထြက္ ရန္ျဖစ္ၿပီး IICBTA အရ ျမန္မာႏိုင္ငံအတြင္းသို႔ တိုက္႐ိုက္ ဝင္ေရာက္မည့္ ကုန္တင္ယာဥ္မ်ားသည္ ကုန္ပစၥည္းစစ္ေဆးေရး စခန္းျဖစ္သည့္ ျမဝတီကုန္သြယ္ေရးဇုန္အတြင္းရွိ ေကာက္ခြန္ဦးစီးဌာနမွ ခ်ိတ္စည္းတပ္ဆင္၍ အေကာက္ခြန္ဦးစီးဌာန၏ Vehicle Cargo Checking System(VCCS) စနစ္တြင္ မွတ္တမ္းတင္ေဆာင္႐ြက္ရမည္ျဖစ္ၿပီး ကုန္သြယ္ေရး ဦးစီးဌာနမွလည္း ၎ယာဥ္မ်ားကို ကတၱားခ်ိန္ျခင္း၊ ယာဥ္အဝင္အထြက္ စာရင္း ျပဳလုပ္ျခင္းတို႔အား ေဆာင္႐ြက္မည္ျဖစ္ကာ ၎ယာဥ္မ်ားကို ကုန္သြယ္ေရးဇုန္ အတြင္းမွ သီးသန္႔လမ္းေၾကာင္းျဖင့္ ထြက္ခြာႏိုင္ေရး စီစဥ္ေဆာင္႐ြက္ထားရွိေႀကာင္း သိရပါတယ္။
Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ