Transportation

အမေရိကန်ဒေါ်လာ ရှစ်မီလီယံအထိ အရှုံးပေါ် ခဲ့တဲ့ ဗီယက်နမ်လေကြောင်းလိုင်း

အမေရိကန်ဒေါ်လာ ရှစ်မီလီယံအထိ အရှုံးပေါ် ခဲ့တဲ့ ဗီယက်နမ်လေကြောင်းလိုင်း google

ဗီယက်နမ်လေကြောင်းလိုင်း အနေဖြင့် ရက်သတ္တတစ်ပတ်လျှင် ရှစ်မီလီယံအထိ အရှုံးပေါ်နေကြောင်း စီအင်န်အေ သတင်းတွင် ဖော်ပြချက်အရ သိရပါတယ်။ တရုတ်နိုင်ငံ၌ စတင်ဖြစ်ပွားခဲ့သည့် ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံနှင့် ဆက်သွယ်ပျံသန်းနေသည့် ဗီယက်နမ်နိုင်ငံ၏ နိုင်ငံတော်ပိုင် လေကြောင်းလိုင်းများအပြင် ပုဂ္ဂလိကလေကြောင်းလိုင်းများလည်း ယာယီရပ်နားထားသလို တခြားကမ္ဘာ့နိုင်ငံများသို့ ဆက်သွယ်ပျံသန်းနေသည့် လေကြောင်းလိုင်းလုပ်ငန်းများမှာလည်း ကျဆင်းသည့် အနေအထားများကို ကြုံတွေ့ခဲ့ရပါတယ်။

 

ဗီယက်နမ်နိုင်ငံ လေကြောင်း လိုင်းလုပ်ငန်းမှာ ရက်သတ္တနှစ်ပတ် အတွင်း ၂၀ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ခြင်းဖြစ်ခဲ့ပြီး ဗီယက်နမ် နိုင်ငံလေကြောင်းလိုင်း လုပ်ငန်းအနေဖြင့် ပြီးခဲ့သည့် ၂၀၁၉ ခုနှစ်က အမေရိကန်ဒေါ်လာ ၁၄၅ ဒသမ ၄ မီလီယံအထိ အမြတ်ရရှိခဲ့ကြောင်း သိရပါတယ်။

 

Moving Services ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးဝန်ဆောင်မှု ၆၁ ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 


 


 


 


 

Myanmar Logistics Guide

Read times
Rate this item
(0 votes)