Transportation

COVID- 19 ကြောင့် မြန်မာ - တရုတ်ပြေးဆွဲသော လေကြောင်းလိုင်း ၁၉ လိုင်းရပ်နား

COVID- 19 ကြောင့် မြန်မာ - တရုတ်ပြေးဆွဲသော လေကြောင်းလိုင်း ၁၉ လိုင်းရပ်နား google

COVID -19 ဗိုင်းရပ်စ်ကြောင့် မြန်မာ - တရုတ် ချိတ်ဆက်ပျံသန်းနေသော လေကြောင်းလိုင်း ၁၉လိုင်းကို ရပ်နားခဲ့ကြောင်း ရန်ကုန်နှင့် မန္တလေး လေဆိပ်တာဝန်ခံများထံ သိရသည်။

 

လေကြောင်းလိုင်းများသည် ဇန်နဝါရီ ဒုတိယအပတ်က စတင်ရပ်နားပြီး ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံကြား လေကြောင်းလိုင်း ၁၀ လိုင်း ရပ်နားကာ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် တရုတ်နိုင်ငံကြား လေကြောင်းလိုင်း ၉ လိုင်း ရပ်နားခဲ့ခြင်းဖြစ်သည်။လက်ရှိတွင် ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံကြား လေကြောင်းလိုင်း ၃ လိုင်း ဆက်လက်ပျံသန်းနေပြီး မန္တလေးလေဆိပ်နှင့် တရုတ်နိုင်ငံကြား လေကြောင်းလိုင်း ၁ လိုင်း ဆက်လက်ပျံသန်းနေကြောင်းလေဆိပ်တာဝန်ခံများက ပြောသည်။

 

Cathay Dragon လေကြောင်းလိုင်းသည် ရန်ကုန် - ဟောင်ကောင်ခရီးစဉ်၊ China Eastern လေကြောင်းလိုင်းသည် ရန်ကုန် - ရှန်ဟိုင်း၊ ခရီးစဉ်နှင့် China လေကြောင်းလိုင်းသည် ရန်ကုန် - တိုင်ပေခရီးစဉ် ဆက်လက်ပျံသန်းနေကြောင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်၏ ပြန်ကြားရေးတာဝန်ခံက ပြောသည်။

 

COVID- 19 မဖြစ်ပွားမီက ရန်ကုန်လေဆိပ်နှင့် တရုတ်နိုင်ငံကြား လေကြောင်းလိုင်း ၁၃ လိုင်းက ၁၇ မြို့သို့ ချိတ်ဆက်ပျံသန်းခဲ့ကြောင်း ၎င်းက ပြောသည်။
မန္တလေးလေဆိပ်နှင့် တရုတ်နိုင်ငံအကြား ခရီးစဉ် ၂၅ ခုကို လေကြောင်းလိုင်း ၁၀ လိုင်းက ချိတ်ဆက်ပျံသန်းသော်လည်း လက်ရှိတွင် Ruili လေကြောင်းလိုင်း တစ်လိုင်းသာ မန်စီမြို့နှင့် ချိတ်ဆက်ပျံသန်းနေကြောင်း မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်တာဝန်ခံ ဦးတင်မောင်ကျော်က ပြောသည်။

 

Ruili လေကြောင်းလိုင်းဖြင့် ခရီးသည်ဝင်ရောက်မူ့ တစ်ခေါက်လျှင် ၁၀၀ ဦးခန့်ရှိပြီး မန္တလေးမြို့မှ အထွက် တစ်ခေါက်လျှင် ခရီးသည် ၇၀ ဦးခန့်ရှိကြောင်း ယင်းလေဆိပ်၏ ခရီးသည် ဝင်ထွက်မူ့စာရင်းတွင် ဖော်ပြထားသည်။ယခင်က တရုတ်ခရီးသွားများကို ဆိုက်ရောက်ဗီဇာဖြင့် ဝင်ခွင့်ပြုခဲ့သော်လည်း COVID -19 ဗိုင်းရပ်စ်ကြောင့် မြန်မာအစိုးရက ဖေဖော်ဝါရီ ၁ ရက်တွင် စတင်၍ ဆိုက်ရောက်ဗီဇာ ထုတ်ပေးမူ့ကို ရပ်ဆိုင်းထားသည်။

 

တရုတ်ခရီးသွားများကို ဝန်ဆောင်မူ့ပေးသည့် ခရီးသွားကုမ္ပဏီများကို Inbound ၊ Outbound ခရီးစဉ်အားလုံး ခေတ္တရပ်ဆိုင်းထားရန် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ဖေဖော်ဝါရီ ၁၈ ရက်တွင် ညွန်ကြားခဲ့သည်။ရန်ကုန်လေဆိပ်သို့ ၂၀၂၀ ဇန်နဝါရီ တစ်လအတွင်း တရုတ်နိုင်ငံသား ၃၂၃၆၃ ဦး ဝင်ရောက်ခဲ့ကြောင်း မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း ဈေးကွက်မြှင့်တင်ရေးအသင်း၏ စာရင်းတွင် ဖော်ပြထားသည်။

 

Air Lines လေေကြောင်းလိုင်းနှင့်ဝန်ဆောင်မှုပေါင်း ၄၇ ခုကိုရှာဖွေရန်နှိပ်ပါ

 

<<<Zawgyi>>>

 

COVID- 19 ေၾကာင့္ ျမန္မာ - တ႐ုတ္ေျပးဆြဲေသာ ေလေၾကာင္းလိုင္း ၁၉ လိုင္းရပ္နား

 

COVID -19 ဗိုင္းရပ္စ္ေၾကာင့္ ျမန္မာ - တ႐ုတ္ ခ်ိတ္ဆက္ပ်ံသန္းေနေသာ ေလေၾကာင္းလိုင္း ၁၉လိုင္းကို ရပ္နားခဲ့ေၾကာင္း ရန္ကုန္ႏွင့္ မႏၱေလး ေလဆိပ္တာဝန္ခံမ်ားထံ သိရသည္။ေလေၾကာင္းလိုင္းမ်ားသည္ ဇန္နဝါရီ ဒုတိယအပတ္က စတင္ရပ္နားၿပီး ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေလေၾကာင္းလိုင္း ၁၀ လိုင္း ရပ္နားကာ မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေလေၾကာင္းလိုင္း ၉ လိုင္း ရပ္နားခဲ့ျခင္းျဖစ္သည္။

 

လက္ရွိတြင္ ရန္ကုန္ေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေလေၾကာင္းလိုင္း ၃ လိုင္း ဆက္လက္ပ်ံသန္းေနၿပီး မႏၲေလးေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေလေၾကာင္းလိုင္း ၁ လိုင္း ဆက္လက္ပ်ံသန္းေနေၾကာင္းေလဆိပ္တာဝန္ခံမ်ားက ေျပာသည္။Cathay Dragon ေလေၾကာင္းလိုင္းသည္ ရန္ကုန္ - ေဟာင္ေကာင္ခရီးစဥ္၊ China Eastern ေလေၾကာင္းလိုင္းသည္ ရန္ကုန္ - ရွန္ဟိုင္း၊ ခရီးစဥ္ႏွင့္ China ေလေၾကာင္းလိုင္းသည္ ရန္ကုန္ - တိုင္ေပခရီးစဥ္ ဆက္လက္ပ်ံသန္းေနေၾကာင္း ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္၏ ျပန္ၾကားေရးတာဝန္ခံက ေျပာသည္။

 

COVID- 19 မျဖစ္ပြားမီက ရန္ကုန္ေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံၾကား ေလေၾကာင္းလိုင္း ၁၃ လိုင္းက ၁၇ ၿမိဳ႕သို႔ ခ်ိတ္ဆက္ပ်ံသန္းခဲ့ေၾကာင္း ၎က ေျပာသည္။မႏၲေလးေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံအၾကား ခရီးစဥ္ ၂၅ ခုကို ေလေၾကာင္းလိုင္း ၁၀ လိုင္းက ခ်ိတ္ဆက္ပ်ံသန္းေသာ္လည္း လက္ရွိတြင္ Ruili ေလေၾကာင္းလိုင္း တစ္လိုင္းသာ မန္စီၿမိဳ႕ႏွင့္ ခ်ိတ္ဆက္ပ်ံသန္းေနေၾကာင္း မႏၲေလးအျပည္ျပည္ဆိုင္ရာ ေလဆိပ္တာဝန္ခံ ဦးတင္ေမာင္ေက်ာ္က ေျပာသည္။

 

Ruili ေလေၾကာင္းလိုင္းျဖင့္ ခရီးသည္ဝင္ေရာက္မူ႔ တစ္ေခါက္လွ်င္ ၁၀၀ ဦးခန္႔ရွိၿပီး မႏၲေလးၿမိဳ႕မွ အထြက္ တစ္ေခါက္လွ်င္ ခရီးသည္ ၇၀ ဦးခန္႔ရွိေၾကာင္း ယင္းေလဆိပ္၏ ခရီးသည္ ဝင္ထြက္မူ႔စာရင္းတြင္ ေဖာ္ျပထားသည္။ယခင္က တ႐ုတ္ခရီးသြားမ်ားကို ဆိုက္ေရာက္ဗီဇာျဖင့္ ဝင္ခြင့္ျပဳခဲ့ေသာ္လည္း COVID -19 ဗိုင္းရပ္စ္ေၾကာင့္ ျမန္မာအစိုးရက ေဖေဖာ္ဝါရီ ၁ ရက္တြင္ စတင္၍ ဆိုက္ေရာက္ဗီဇာ ထုတ္ေပးမူ႔ကို ရပ္ဆိုင္းထားသည္။

 

တ႐ုတ္ခရီးသြားမ်ားကို ဝန္ေဆာင္မူ႔ေပးသည့္ ခရီးသြားကုမၸဏီမ်ားကို Inbound ၊ Outbound ခရီးစဥ္အားလုံး ေခတၱရပ္ဆိုင္းထားရန္ ဟိုတယ္ႏွင့္ ခရီးသြားလာေရးဝန္ႀကီးဌာနက ေဖေဖာ္ဝါရီ ၁၈ ရက္တြင္ ၫြန္ၾကားခဲ့သည္။ရန္ကုန္ေလဆိပ္သို႔ ၂၀၂၀ ဇန္နဝါရီ တစ္လအတြင္း တ႐ုတ္ႏိုင္ငံသား ၃၂၃၆၃ ဦး ဝင္ေရာက္ခဲ့ေၾကာင္း ျမန္မာႏိုင္ငံ ခရီးသြားလုပ္ငန္း ေစ်းကြက္ျမႇင့္တင္ေရးအသင္း၏ စာရင္းတြင္ ေဖာ္ျပထားသည္။

 

Air Lines ေလေေၾကာင္းလုိင္းႏွင့္၀န္ေဆာင္မႈေပါင္း ၄၇ ခုကိုရွာေဖြရန္ႏိွပ္ပါ

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)