Transportation

နိုင်ငံတကာလေကြောင်းလိုင်းအချို့ ပျံသန်းမှုမရှိတော့သဖြင့် လေဆိပ်အတွင်းနှင့် အပြင်၌ အသွားအလာ သိသိသာသာလျော့နည်းသွား

နိုင်ငံတကာလေကြောင်းလိုင်းအချို့ ပျံသန်းမှုမရှိတော့သဖြင့် လေဆိပ်အတွင်းနှင့် အပြင်၌ အသွားအလာ သိသိသာသာလျော့နည်းသွား google

COVID-19 ကြောင့် နိုင်ငံတကာလေကြောင်းလိုင်းအချို့ ခရီးစဉ်ပျံသန်းမှု မရှိတော့သဖြင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင် လေကြောင်းလိုင်းကောင်တာအချို့ ပိတ်သိမ်းထားပြီး လေဆိပ်အတွင်းနှင့် အပြင်၌ အသွားအလာသိသိသာသာ လျော့နည်းသွားကြောင်းသိရပါတယ်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ကမ္ဘာလှည့်ဗီဇာဖြင့် နိုင်ငံခြားသားခရီးသွား ဝင်ရောက်မှုသည် ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီက ၆၃၇၇၅ ဦး ရှိခဲ့ပြီး ယခုနှစ် ဖေဖော်ဝါရီတွင် ၃၅၂၃၁ ဦးသာရှိခဲ့ကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ အဓိကခရီးသည် ဝင်ထွက်ပေါက်ဖြစ်သည့် ရန်ကုန်လေဆိပ်တွင် ခရီးသည်ဝင်ရောက်မှုမှာ COVID-19 ရောဂါ စတင်ဖြစ်ပွားသည့် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလတွင် စတင်ကာ ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

လက်ရှိအချိန်တွင် COVID -19 ရောဂါကြောင့် ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်၌ ဟောင်ကောင်နှင့် ထိုင်ဝမ်လေကြောင်းလိုင်းများမှအပ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် တရုတ်နိုင်ငံရှိ မြို့များသို့ ချိတ်ဆက်ပျံသန်းနေသည့် လေကြောင်းခရီးစဉ်အများစုမှာ ရပ်ဆိုင်းထားပြီးဖြစ်ပြီး ကိုရီးယားနိုင်ငံတွင် ဖြစ်ပွားမှုနှုန်းမြင့်မားနေသည့် COVID- 19 ရောဂါကြောင့် ကိုရီးယားနိုင်ငံမှ မြန်မာနိုင်ငံသို့ တိုက်ရိုက်ပျံသန်းနေသည့် ကိုရီးယားလေကြောင်းလိုင်းခရီးစဉ်ဖြစ်သည့် အင်ချွန်း-ရန်ကုန်-အင်ချွန်းခရီးစဉ် ပျံသန်းမှုအား ရပ်ဆိုင်းထားပြီးဖြစ်ပါတယ်။

 

လက်ရှိအချိန်တွင်ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံအပါအဝင် နိုင်ငံအသီးသီးမှ မြန်မာနိုင်ငံသို့ ပျံသန်းမည့် လေကြောင်းခရီးစဉ်များကို တားဆီးကန့်သတ်မှု ပြုလုပ်ခြင်းမရှိသေးသော်လည်း ယခင်က တရုတ်လေကြောင်းလိုင်း ၁၅ ခုက ခရီးစဉ် ပျံသန်းခဲ့ရာမှ လက်ရှိတွင် လေကြောင်းလိုင်း ၅ ခုသာ ပျံသန်းမှုရှိနေခဲ့ပါတယ်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 

ႏိုင္ငံတကာေလေၾကာင္းလိုင္းအခ်ိဳ႕ ပ်ံသန္းမႈမရွိေတာ့သျဖင့္ ေလဆိပ္အတြင္းႏွင့္ အျပင္၌ အသြားအလာ သိသိသာသာေလ်ာ့နည္းသြား

 

COVID-19 ေၾကာင့္ ႏိုင္ငံတကာေလေၾကာင္းလိုင္းအခ်ိဳ႕ ခရီးစဥ္ပ်ံသန္းမႈ မရွိေတာ့သျဖင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္တြင္ ေလေၾကာင္းလိုင္းေကာင္တာအခ်ိဳ႕ ပိတ္သိမ္းထားၿပီး ေလဆိပ္အတြင္းႏွင့္ အျပင္၌ အသြားအလာသိသိသာသာ ေလ်ာ့နည္းသြားေၾကာင္းသိရပါတယ္။

 

ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္မွ ကမာၻလွည့္ဗီဇာျဖင့္ ႏိုင္ငံျခားသားခရီးသြား ဝင္ေရာက္မႈသည္ ၿပီးခဲ့သည့္ႏွစ္ ေဖေဖာ္ဝါရီက ၆၃၇၇၅ ဦး ရွိခဲ့ၿပီး ယခုႏွစ္ ေဖေဖာ္ဝါရီတြင္ ၃၅၂၃၁ ဦးသာရွိခဲ့ေၾကာင္း သိရသည္။ ျမန္မာႏိုင္ငံ၏ အဓိကခရီးသည္ ဝင္ထြက္ေပါက္ျဖစ္သည့္ ရန္ကုန္ေလဆိပ္တြင္ ခရီးသည္ဝင္ေရာက္မႈမွာ COVID-19 ေရာဂါ စတင္ျဖစ္ပြားသည့္ ၂၀၂၀ ျပည့္ႏွစ္ ဇန္နဝါရီလတြင္ စတင္ကာ က်ဆင္းခဲ့ျခင္းျဖစ္ေၾကာင္း သိရပါတယ္။

 

လက္ရွိအခ်ိန္တြင္ COVID -19 ေရာဂါေၾကာင့္ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္၌ ေဟာင္ေကာင္ႏွင့္ ထိုင္ဝမ္ေလေၾကာင္းလိုင္းမ်ားမွအပ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္ႏွင့္ တ႐ုတ္ႏိုင္ငံရွိ ၿမိဳ႕မ်ားသို႔ ခ်ိတ္ဆက္ပ်ံသန္းေနသည့္ ေလေၾကာင္းခရီးစဥ္အမ်ားစုမွာ ရပ္ဆိုင္းထားၿပီးျဖစ္ျပီး ကိုရီးယားႏိုင္ငံတြင္ ျဖစ္ပြားမႈႏႈန္းျမင့္မားေနသည့္ COVID- 19 ေရာဂါေၾကာင့္ ကိုရီးယားႏိုင္ငံမွ ျမန္မာႏိုင္ငံသို႔ တိုက္႐ိုက္ပ်ံသန္းေနသည့္ ကိုရီးယားေလေၾကာင္းလိုင္းခရီးစဥ္ျဖစ္သည့္ အင္ခြၽန္း-ရန္ကုန္-အင္ခြၽန္းခရီးစဥ္ ပ်ံသန္းမႈအား ရပ္ဆိုင္းထားၿပီးျဖစ္ပါတယ္။

 

လက္ရွိအခ်ိန္တြင္ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ တ႐ုတ္ႏိုင္ငံအပါအဝင္ ႏိုင္ငံအသီးသီးမွ ျမန္မာႏိုင္ငံသို႔ ပ်ံသန္းမည့္ ေလေၾကာင္းခရီးစဥ္မ်ားကို တားဆီးကန႔္သတ္မႈ ျပဳလုပ္ျခင္းမရွိေသးေသာ္လည္း ယခင္က တ႐ုတ္ေလေၾကာင္းလိုင္း ၁၅ ခုက ခရီးစဥ္ ပ်ံသန္းခဲ့ရာမွ လက္ရွိတြင္ ေလေၾကာင္းလိုင္း ၅ ခုသာ ပ်ံသန္းမႈရွိေနခဲ့ပါတယ္။

 

Image result for ရန္ကုန္ေလဆိပ္

 

 

Image result for ရန္ကုန္ေလဆိပ္

 

Logistics Services ထောက်ပံ့သယ်ယူပို့ဆောင်စီမံရေးလုပ်ငန်းပေါင်း ၄၉၀ ခုကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

 

 

Read times
Rate this item
(1 Vote)