Transportation

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁) ယာယီပိတ်လိုက်ပြီး ကုန်စည်စီးဆင်းရေးအတွက် တံတား(၂)ကို ယနေ့တွင်ပြန်လည်ဖွင့်လှစ် အသိပေးကြေငြာချက် ထုတ်ပြန်ခြင်း

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတား(၁) ယာယီပိတ်လိုက်ပြီး ကုန်စည်စီးဆင်းရေးအတွက် တံတား(၂)ကို ယနေ့တွင်ပြန်လည်ဖွင့်လှစ် အသိပေးကြေငြာချက် ထုတ်ပြန်ခြင်း google

Corona Virus COVID-19 ဖြစ်ပွားနေမှု ထိန်းချုပ်သည့်အနေဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ အမှတ်(၂)ချစ်ကြည်ရေးတံတားကို ၂၁.၃.၂၀၂၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ထိုင်းနိုင်ငံဘက်မှ ပိတ်ထားပြီးဖြစ်ပါသည်။

 

ထို့အပြင် အမှတ်(၁)ချစ်ကြည်ရေးတံတားကိုလည်း ၂၃.၃.၂၀၂၀ ရက်နေ့ မှစတင်၍ ပိတ်သွားရန် ထိုင်းနိုင်ငံဘက်မှ စီစဉ်ဆောင်ရွက်နေကြောင်း ညှိနှိုင်းလာမှုအရ တာချီလိတ်ခရိုင် စီမံခန့်ခွဲမှုကော်မတီအနေဖြင့် ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် လိုအပ်သည်များ ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိနိုင်ရန် ၊ ကောလဟာလ သတင်းများကြောင့် အထိတ်အလန့်မဖြစ်စေရေး နှင့် သတင်းအမှန်ကိုသာ စောင့်ကြည့် ဆောင်ရွက်ကြပါရန် အသိပေးနှိုးဆော်ထားရှိပြီးဖြစ်ပါသည်။

 

ယနေ့တွင် ထိုင်းနိုင်ငံတာဝန်ရှိသူများမှ ထပ်မံညှိနှိုင်းမှုအရ ၂၃.၃.၂၀၂၀ ရက်နေ့တွင် အမှတ်(၂) ချစ်ကြည်ရေးတံတားအား ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ပါကြောင်း၊ ကုန်စည်ကူးသန်း ရောင်းဝယ်မှုအား အကောက်ခွန်လုပ်ထုံးလုပ်နည်းနှင့်အညီ ခွင့်ပြုချက်ရရှိသော ကုန်စည်များ တင်ဆောင်သည့် မော်တော်ယာဉ်နှင့် ယာဉ်မောင်းတစ်ဦးကိုသာ ဖြတ်သန်းသွားလာခွင့် ပြုမည် ဖြစ်ကြောင်း သိရှိရပါသည်။

 

တာချီလိတ်ဒေသအတွင်း စားသောက်ကုန်နှင့် အခြားကုန်ပစ္စည်းများ ပြတ်လပ်မှု မရှိစေရေး အမှတ်(၁)ချစ်ကြည်ရေးတံတား၌ ယခင် နေ့စဉ်ဖြတ်သန်းသယ်ဆောင်နေသည့် လူသုံးကုန်နှင့် စားသောက်ကုန် (တစ်ပိုင်တစ်နိုင်) ကို မှန်လုံယာဉ်အသေးဖြင့် အမှတ်(၂)ချစ်ကြည်ရေး တံတား၌ ၃ ရာခိုင်နှုန်း အခွန်ပေးဆောင်၍ သယ်ယူဖြတ်သန်း ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်ဆွေးနွေး ညှိနှိုင်း ဆောင်ရွက်လျှက်ရှိပါသည်။

 

တာချီလိတ်ရှိ ချစ်ကြည်ရေးတံတားနှစ်စင်း အနက် ကုန်စည်များပို့ဆောင်ရာတွင် အဓိက အသုံးပြုသည့် ချစ်ကြည်ရေးတံတား(၂)အား မတ်လ(၂၃)ရက်နေ့က စ၍ ပြန်လည်ကာ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး COVID-19 ထိန်းချုပ်ကာကွယ်ရေးအတွက် ချစ်ကြည်ရေးတံတား(၂)ပေါ် ကုန်စည်ပို့ဆောင်ရာတွင် ယာဉ်မောင်းများကို ကန့်သတ်မည် ဖြစ်ကြောင်း သိရသည်။ယန့ကစ၍ ချစ်ကြည်ရေးအမှတ်(၂)တံတားပေါ်မှ ထိုင်းနိုင်ငံဘက်က စက်သုံးဆီ၊ အိမ်ဆောက်ပစ္စည်းများ၊ စားသောက်ကုန်ပစ္စည်းများ၊ ဆေးရုံသုံးပစ္စည်းများ စသဖြင့် ဝယ်ယူသယ်ဆောင်ခွင့်ပြုမည်ဖြစ်သော်လည်း လူနာပို့ဆောင်ခြင်း၊ လူဖြတ်သန်းသွားလာခြင်းကို ထိုင်းနိုင်ငံဘက်မှ ခွင့်ပြုမည်မဟုတ်ကြောင်း သိရသည်။

 

ယခုလို တံတား(၁)အား ထိုင်းနိုင်ငံဘက်က ပိတ်လိုက်ခြင်းသည် COVID-19 ရောဂါကူးစက်မှုကို ထိန်းချုပ်ရေးအတွက်သာဖြစ်သည့်အတွက် မြန်မာဘက်က ကုန်စည်များကို တံတား(၂)က သယ်ယူရရှိနိုင်ရန် ညှိနှိုင်းကာ အဆင်ပြေမှု ရရှိထားသည့်အတွက် တံတား(၁)နည်းတူ မှန်လုံယာဉ်အသေးဖြင့် ကုန်ပစ္စည်းများအား တစ်ပိုင်တစ်နိုင် သယ်ယူနိုင်မည်ဖြစ်သည့်အတွက် ဒေသတွင်းနေပြည်သူများအနေဖြင့် စိုးရိမ်စရာမလိုသည့်နည်းတူ ကုန်စည်ဒိုင်များ နှင့် ကုန်စုံဆိုင်များအနေဖြင့် ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း မပြုရန်လည်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးထားရှိသည်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတား(၁) ယာယီပိတ္လိုက္ၿပီး ကုန္စည္စီးဆင္းေရးအတြက္ တံတား(၂)ကို ယေန႔တြင္ျပန္လည္ဖြင္႔လွစ္ အသိေပးေၾကျငာခ်က္ ထုတ္ျပန္ျခင္း

 

Corona Virus COVID-19 ျဖစ္ပြားေနမႈ ထိန္းခ်ဳပ္သည့္အေနျဖင့္ ျမန္မာ-ထိုင္း ႏွစ္ႏိုင္ငံ အမွတ္(၂)ခ်စ္ၾကည္ေရးတံတားကို ၂၁.၃.၂၀၂၀ ရက္ေန႔ နံနက္ပိုင္းမွ စတင္၍ ထိုင္းႏိုင္ငံဘက္မွ ပိတ္ထားၿပီးျဖစ္ပါသည္။

 

ထို႔အျပင္ အမွတ္(၁)ခ်စ္ၾကည္ေရးတံတားကိုလည္း ၂၃.၃.၂၀၂၀ ရက္ေန႔ မွစတင္၍ ပိတ္သြားရန္ ထိုင္းႏိုင္ငံဘက္မွ စီစဥ္ေဆာင္႐ြက္ေနေၾကာင္း ညႇိႏႈိင္းလာမႈအရ တာခ်ီလိတ္ခ႐ိုင္ စီမံခန႔္ခြဲမႈေကာ္မတီအေနျဖင့္ ထိုင္းႏိုင္ငံေရာက္ ျမန္မာႏိုင္ငံသားမ်ားအေနျဖင့္ လိုအပ္သည္မ်ား ႀကိဳတင္ ျပင္ဆင္ေဆာင္႐ြက္ထားရွိႏိုင္ရန္ ၊ ေကာလဟာလ သတင္းမ်ားေၾကာင့္ အထိတ္အလန႔္မျဖစ္ေစေရး ႏွင့္ သတင္းအမွန္ကိုသာ ေစာင့္ၾကည့္ ေဆာင္႐ြက္ၾကပါရန္ အသိေပးႏႈိးေဆာ္ထားရွိၿပီးျဖစ္ပါသည္။

 

ယေန႔တြင္ ထိုင္းႏိုင္ငံတာဝန္ရွိသူမ်ားမွ ထပ္မံညႇိႏႈိင္းမႈအရ ၂၃.၃.၂၀၂၀ ရက္ေန႔တြင္ အမွတ္(၂) ခ်စ္ၾကည္ေရးတံတားအား ျပန္လည္ဖြင့္လွစ္ေပးမည္ျဖစ္ပါေၾကာင္း၊ ကုန္စည္ကူးသန္း ေရာင္းဝယ္မႈအား အေကာက္ခြန္လုပ္ထုံးလုပ္နည္းႏွင့္အညီ ခြင့္ျပဳခ်က္ရရွိေသာ ကုန္စည္မ်ား တင္ေဆာင္သည့္ ေမာ္ေတာ္ယာဥ္ႏွင့္ ယာဥ္ေမာင္းတစ္ဦးကိုသာ ျဖတ္သန္းသြားလာခြင့္ ျပဳမည္ ျဖစ္ေၾကာင္း သိရွိရပါသည္။

 

တာခ်ီလိတ္ေဒသအတြင္း စားေသာက္ကုန္ႏွင့္ အျခားကုန္ပစၥည္းမ်ား ျပတ္လပ္မႈ မရွိေစေရး အမွတ္(၁)ခ်စ္ၾကည္ေရးတံတား၌ ယခင္ ေန႔စဥ္ျဖတ္သန္းသယ္ေဆာင္ေနသည့္ လူသုံးကုန္ႏွင့္ စားေသာက္ကုန္ (တစ္ပိုင္တစ္ႏိုင္) ကို မွန္လုံယာဥ္အေသးျဖင့္ အမွတ္(၂)ခ်စ္ၾကည္ေရး တံတား၌ ၃ ရာခိုင္ႏႈန္း အခြန္ေပးေဆာင္၍ သယ္ယူျဖတ္သန္း ေဆာင္႐ြက္ႏိုင္ေရးအတြက္ ဆက္လက္ေဆြးေႏြး ညႇိႏႈိင္း ေဆာင္႐ြက္လွ်က္ရွိပါသည္။

 

တာခ်ီလိတ္ရွိ ခ်စ္ၾကည္ေရးတံတားႏွစ္စင္း အနက္ ကုန္စည္မ်ားပို႔ေဆာင္ရာတြင္ အဓိက အသုံးျပဳသည့္ ခ်စ္ၾကည္ေရးတံတား(၂)အား မတ္လ(၂၃)ရက္ေန႔က စ၍ ျပန္လည္ကာ ဖြင့္လွစ္ေပးမည္ျဖစ္ၿပီး COVID-19 ထိန္းခ်ဳပ္ကာကြယ္ေရးအတြက္ ခ်စ္ၾကည္ေရးတံတား(၂)ေပၚ ကုန္စည္ပို႔ေဆာင္ရာတြင္ ယာဥ္ေမာင္းမ်ားကို ကန႔္သတ္မည္ ျဖစ္ေၾကာင္း သိရသည္။ယန႔ကစ၍ ခ်စ္ၾကည္ေရးအမွတ္(၂)တံတားေပၚမွ ထိုင္းႏိုင္ငံဘက္က စက္သုံးဆီ၊ အိမ္ေဆာက္ပစၥည္းမ်ား၊ စားေသာက္ကုန္ပစၥည္းမ်ား၊ ေဆး႐ုံသုံးပစၥည္းမ်ား စသျဖင့္ ဝယ္ယူသယ္ေဆာင္ခြင့္ျပဳမည္ျဖစ္ေသာ္လည္း လူနာပို႔ေဆာင္ျခင္း၊ လူျဖတ္သန္းသြားလာျခင္းကို ထိုင္းႏိုင္ငံဘက္မွ ခြင့္ျပဳမည္မဟုတ္ေၾကာင္း သိရသည္။

 

ယခုလို တံတား(၁)အား ထိုင္းႏိုင္ငံဘက္က ပိတ္လိုက္ျခင္းသည္ COVID-19 ေရာဂါကူးစက္မႈကို ထိန္းခ်ဳပ္ေရးအတြက္သာျဖစ္သည့္အတြက္ ျမန္မာဘက္က ကုန္စည္မ်ားကို တံတား(၂)က သယ္ယူရရွိႏိုင္ရန္ ညႇိႏႈိင္းကာ အဆင္ေျပမႈ ရရွိထားသည့္အတြက္ တံတား(၁)နည္းတူ မွန္လုံယာဥ္အေသးျဖင့္ ကုန္ပစၥည္းမ်ားအား တစ္ပိုင္တစ္ႏိုင္ သယ္ယူႏိုင္မည္ျဖစ္သည့္အတြက္ ေဒသတြင္းေနျပည္သူမ်ားအေနျဖင့္ စိုးရိမ္စရာမလိုသည့္နည္းတူ ကုန္စည္ဒိုင္မ်ား ႏွင့္ ကုန္စုံဆိုင္မ်ားအေနျဖင့္ ေဈးႏႈန္းျမႇင့္တင္ေရာင္းခ်ျခင္း မျပဳရန္လည္း တာခ်ီလိတ္ခ႐ိုင္စီမံခန႔္ခြဲမႈေကာ္မတီက အသိေပးထားရွိသည္။

 

 

IMG_3293.jpg

 

Logistics Services ထောက်ပံ့သယ်ယူပို့ဆောင်စီမံရေးလုပ်ငန်းပေါင်း ၄၉၀ ခုကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

 

 

 

Read times
Rate this item
(1 Vote)