ဧရာဝတီမြစ်၏ မကွေးမြို့ဘက်ရေလမ်း ကြောင်း ဇန်နဝါရီလဆန်းပိုင်းကပင် လုံးဝ ပိတ်သွားခဲ့ပြီး မကွေးမြို့မှ မြစ်ရေအသုံးပြု သူများ ရေသေအိုင်ကဲ့သို့ ဖြစ်နေသည့် ရေ ကိုသာသုံးနေရကာ သင်္ဘောများ ကုန်တင် ကုန်ချခြင်းကို မင်းဘူးမြို့ဆိပ်ကမ်းတွင် ပြု လုပ်နေရကြောင်း သိရသည်။
ဧရာဝတီမြစ်သည် မကွေးမြို့ မြသလွန် စေတီတော်ခြေတော်ရင်းအထက်ဘက်အနီး မှစ၍ ရေစီးဝင်မှု လုံးဝမရှိတော့ဘဲ ရေလမ်း ပိတ်သွားခဲ့ကြောင်း ယခင်နှစ်များက ရေနည်း ကာလတွင် ဧရာဝတီတံတား (မကွေး) ၏ အောက်ဘက်ရှိ ကျွန်းမကြီးကိုပတ်၍ မကွေး ဆိပ်ကမ်းသို့ သင်္ဘောများ ဝင်ထွက်နိုင်ခဲ့သော် လည်း ယခုနှစ်တွင် ထိုကျွန်းမကြီး၏အောက် ဘက်မှ မကွေးဆိပ်ကမ်းသို့ ဝင်ရောက်သည့် ရေကြောင်းသည်လည်း ပိတ်လုနီးပါးဖြစ်လာ ခဲ့ကြောင်း ထို့ကြောင့် မကွေးမြို့ မြို့ဟောင်း ရပ်ကွက်ရှိ ကုန်တင်ကုန်ချဆိပ်ကမ်းသို့ သင်္ဘောများ မဝင်ရောက်နိုင်တော့ဘဲ မင်းဘူး မြို့ဆိပ်ကမ်းတွင်သာ ကုန်တင်ကုန်ချနေရ သောကြောင့် သယ်ယူစရိတ်များ မြင့်တက် လာကြောင်း သိရသည်။
အဆိုပါကဲ့သို့ ရေလမ်းကြောင်း ပိတ် သွားသောကြောင့် မြသလွန်စေတီတော်အ နီးမှ ဧရာဝတီမြစ်ကူးတံတား (မကွေး) ၏အောက်ဘက်အထိ မကွေးရေဆိပ်နေရာ များသည် အင်းကဲ့သို့ ရေသေအိုင်ကြီးဖြစ်နေ ကြောင်း၊ ထိုရေသေအိုင်ဧရိယာတွင် မကွေး မြို့ပေါ်မှ ရေဆိုးထုတ်မြောင်းများလည်း ချိတ်ဆက်ဝင်ရောက်နေကြောင်း၊ ရေစီးဆင်း မှုမရှိသောကြောင့် မကွေးဘက်ဆိပ်ကမ်း နေရာများတွင် ရေညှိနှင့် နုန်းအနယ်အနှစ် များ တည်ရှိလာကြောင်း သို့သော် မကွေးမြို့ ဆုံရပ်ထိပ်ရှိ မြို့ရေပေးရေး မြစ်ရေတင်စက် အပါအဝင် မကွေးမြို့ပေါ်မှ မြစ်ရေကို အ သုံးပြုသူများသည် ထိုရေသေအိုင်မှ ရေကို သာ အသုံးပြုနေကြရကြောင်း သိရသည်။
“ကျွန်တော်တို့ ဒီဘက်ကမ်းမှာ ဝင်မရ တော့ မော်တော်ကို အနောက်ဘက်ကမ်းမှာ ကပ်ပြီးတော့ အနောက်ဘက်ကမ်းကို အ လုပ်သမားလည်း ဒီကနေခေါ်ပြီး လုပ်ရပါ တယ်။ အခက်အခဲဆိုတာက စရိတ်စက လည်း နည်းနည်းတော့ တက်တယ်။ ဆန် တစ်အိတ်ကို ပုံမှန်အရှေ့ဘက်ကမ်းနား ကနေ မကွေးမြို့ပေါ်ဆိုလို့ရှိရင် ကျပ် ၁၂၀ ပါ။ အခု မင်းဘူးဘက်ကနေ တိုက်ရတော့ လမ်းကြေး၊ တံတားကြေး ထပ်တက်သွား တော့ ကျပ် ၈၀ ထပ်တက်သွားတော့ ကျပ် ၂၀၀ ဖြစ်သွားပါတယ်။ သင်္ဘောလုပ်ငန်းရှင် တွေအနေနဲ့ကတော့ ဒီဘက်ကို ရေကြောင်း လေးပေါက်အောင် ဖောက်ပေးစေချင်ပါ တယ်။ သက်ဆိုင်ရာဌာနအနေနဲ့ အဲဒီလို ရောက်အောင် ဖောက်ပေးစေချင်ပါတယ်။ အခုက မကွေးမြို့အဝင်ကျမှ စရိတ်စကက ထပ်ကုန်သွားတာဖြစ်နေပါတယ်။ ရတော့ တန်ဆာခက ကျပ် ၈၀၀၊ မကွေးမြို့အဝင်ကျ မှ ကျပ် ၈၀ ထပ်ကုန်သွားတော့ သူတို့အတွက် သိပ်မကျန်ပါဘူး။ သူတို့က ရေလမ်းကြောင်း ပေါက်အောင် ဖောက်ပေးစေချင်ပါတယ်။ ရေသုံးတဲ့လူတွေလည်း သောက်သုံးရေကျ အတော်အခက်အခဲဖြစ်ပါတယ်။ ရေက အင်းလိုဖြစ်သွားတာပါ။ ရေကြောင်းလေး ဖောက်ပေးပြီး သင်္ဘောတွေလည်း အဝင်အ ထွက်လုပ်နိုင်မယ်။ သောက်သုံးရေ၊ ချိုးရေ သုံးရေလည်း သန့်သန့်ရှင်းရှင်းဖြစ်သွားမယ်” ဟု မကွေးမြို့ မြို့ဟောင်းရပ်ကွက် အမှတ် (၁) ကုန်တင်ကုန်ချဆိပ်ကမ်းမှ ဦးဋ္ဌေးလှိုင် က ပြောကြားသည်။
အဆိုပါရေသေအိုင်မှ ရေကို အသုံးပြု နေသည့်အခြေအနေနှင့်ပတ်သက်၍ မကွေး မြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိ သူများထံ ဆက်သွယ်မေးမြန်းခဲ့ရာ မြစ်ရေ ကို သန့်စင်ပြီးမှ မြို့ပေါ်သို့ ဖြန့်ဝေခြင်းဖြစ် ကြောင်း မကွေးမြို့ဆုံရပ်ထိပ် မြစ်ရေတင် စက်မှ နေ့စဉ်ရေဂါလံ ၇၀၀၀၀ ကျော်ခန့် ဖြန့်ဝေလျက်ရှိပြီး အများစုကို အဝီစိတွင်းမှရေကိုအသုံးပြုခြင်းဖြစ်ပြီး မြစ်ရေကို အနည်း ငယ်သာအသုံးပြုကြောင်း ဖြေကြားခဲ့သည်။
မကွေးမြို့ဘက်မြစ်ရေကြောင်း ပိတ် သွားသည့်အခြေအနေနှင့်ပတ်သက်၍ ချက် ချင်းဆောင်ရွက်ရမည့်ကိစ္စဖြစ်သော်လည်း ယခုလက်ရှိ မဆောင်ရွက်နိုင်သေးကြောင်း မြစ်ကြောင်းစတင်ပိတ်သည့်နေရာတွင် ရေ ကြောင်းဖော်နိုင်ရန် နောက်နှစ်ဘတ်ဂျက် တွင် ကျပ်သန်း ၉၀ လျာထားကြောင်း တိုင်း ဒေသကြီးအစိုးရအဖွဲ့ ဆောက်လုပ်ရေးဝန် ကြီး ဦးတင်နွယ်ဦးက ပြောကြားသည်။
ဧရာဝတီမြစ်၏ မကွေးဆိပ်ကမ်းအ ထက်ဘက် မြသလွန်စေတီတော် ခြေတော် ရင်းတွင် ၂၀၁၀ ပြည့်နှစ်ခန့်မှစ၍ မြသလွန် စေတီဘက်သို့ ရေဦးတိုး၍ ကမ်းပြိုကမ်းစား မည်ကို ကာကွယ်သည့်အနေဖြင့် ရေကာ များ တည်ဆောက်ခဲ့ဖူးကြောင်း ယခု အင်း ကဲ့သို့ဖြစ်နေသည့် ရေဆိပ်ဘက်သို့ မိုးဦးကျ ချိန်တွင်မှ ရေဝင်ရောက်နိုင်မည်ဟု ခန့်မှန်း ရကြောင်း သိရသည်။
<<<Zawgyi>>>
ဧရာဝတီျမစ္၏ မေကြးၿမိဳ႕ဘက္ ေရလမ္းေၾကာင္း လုံးဝပိတ္သြားၿပီး သေဘၤာမ်ား ကုန္တင္ကုုန္ခ်ျခင္းကို မင္းဘူးၿမိဳ႕ဆိပ္ကမ္းတြင္ ျပဳလုပ္ေနရ
ဧရာဝတီျမစ္၏ မေကြးၿမိဳ႕ဘက္ေရလမ္း ေၾကာင္း ဇန္နဝါရီလဆန္းပိုင္းကပင္ လုံးဝ ပိတ္သြားခဲ့ၿပီး မေကြးၿမိဳ႕မွ ျမစ္ေရအသုံးျပဳ သူမ်ား ေရေသအိုင္ကဲ့သို႔ ျဖစ္ေနသည့္ ေရ ကိုသာသုံးေနရကာ သေဘၤာမ်ား ကုန္တင္ ကုန္ခ်ျခင္းကို မင္းဘူးၿမိဳ႕ဆိပ္ကမ္းတြင္ ျပဳ လုပ္ေနရေၾကာင္း သိရသည္။
ဧရာဝတီျမစ္သည္ မေကြးၿမိဳ႕ ျမသလြန္ ေစတီေတာ္ေျခေတာ္ရင္းအထက္ဘက္အနီး မွစ၍ ေရစီးဝင္မႈ လုံးဝမရွိေတာ့ဘဲ ေရလမ္း ပိတ္သြားခဲ့ေၾကာင္း ယခင္ႏွစ္မ်ားက ေရနည္း ကာလတြင္ ဧရာဝတီတံတား (မေကြး) ၏ ေအာက္ဘက္ရွိ ကြၽန္းမႀကီးကိုပတ္၍ မေကြး ဆိပ္ကမ္းသို႔ သေဘၤာမ်ား ဝင္ထြက္ႏိုင္ခဲ့ေသာ္ လည္း ယခုႏွစ္တြင္ ထိုကြၽန္းမႀကီး၏ေအာက္ ဘက္မွ မေကြးဆိပ္ကမ္းသို႔ ဝင္ေရာက္သည့္ ေရေၾကာင္းသည္လည္း ပိတ္လုနီးပါးျဖစ္လာ ခဲ့ေၾကာင္း ထို႔ေၾကာင့္ မေကြးၿမိဳ႕ ၿမိဳ႕ေဟာင္း ရပ္ကြက္ရွိ ကုန္တင္ကုန္ခ်ဆိပ္ကမ္းသို႔ သေဘၤာမ်ား မဝင္ေရာက္ႏိုင္ေတာ့ဘဲ မင္းဘူး ၿမိဳ႕ဆိပ္ကမ္းတြင္သာ ကုန္တင္ကုန္ခ်ေနရ ေသာေၾကာင့္ သယ္ယူစရိတ္မ်ား ျမင့္တက္ လာေၾကာင္း သိရသည္။
အဆိုပါကဲ့သို႔ ေရလမ္းေၾကာင္း ပိတ္ သြားေသာေၾကာင့္ ျမသလြန္ေစတီေတာ္အ နီးမွ ဧရာဝတီျမစ္ကူးတံတား (မေကြး) ၏ေအာက္ဘက္အထိ မေကြးေရဆိပ္ေနရာ မ်ားသည္ အင္းကဲ့သို႔ ေရေသအိုင္ႀကီးျဖစ္ေန ေၾကာင္း၊ ထိုေရေသအိုင္ဧရိယာတြင္ မေကြး ၿမိဳ႕ေပၚမွ ေရဆိုးထုတ္ေျမာင္းမ်ားလည္း ခ်ိတ္ဆက္ဝင္ေရာက္ေနေၾကာင္း၊ ေရစီးဆင္း မႈမရွိေသာေၾကာင့္ မေကြးဘက္ဆိပ္ကမ္း ေနရာမ်ားတြင္ ေရညႇိႏွင့္ ႏုန္းအနယ္အႏွစ္ မ်ား တည္ရွိလာေၾကာင္း သို႔ေသာ္ မေကြးၿမိဳ႕ ဆုံရပ္ထိပ္ရွိ ၿမိဳ႕ေရေပးေရး ျမစ္ေရတင္စက္ အပါအဝင္ မေကြးၿမိဳ႕ေပၚမွ ျမစ္ေရကို အ သုံးျပဳသူမ်ားသည္ ထိုေရေသအိုင္မွ ေရကို သာ အသုုံးျပဳေနၾကရေၾကာင္း သိရသည္။
“ကြၽန္ေတာ္တို႔ ဒီဘက္ကမ္းမွာ ဝင္မရ ေတာ့ ေမာ္ေတာ္ကို အေနာက္ဘက္ကမ္းမွာ ကပ္ၿပီးေတာ့ အေနာက္ဘက္ကမ္းကို အ လုပ္သမားလည္း ဒီကေနေခၚၿပီး လုပ္ရပါ တယ္။ အခက္အခဲဆိုတာက စရိတ္စက လည္း နည္းနည္းေတာ့ တက္တယ္။ ဆန္ တစ္အိတ္ကို ပုံမွန္အေရွ႕ဘက္ကမ္းနား ကေန မေကြးၿမိဳ႕ေပၚဆိုုလိုု႔ရွိရင္ က်ပ္ ၁၂၀ ပါ။ အခု မင္းဘူးဘက္ကေန တိုက္ရေတာ့ လမ္းေၾကး၊ တံတားေၾကး ထပ္တက္သြား ေတာ့ က်ပ္ ၈၀ ထပ္တက္သြားေတာ့ က်ပ္ ၂၀၀ ျဖစ္သြားပါတယ္။ သေဘၤာလုပ္ငန္းရွင္ ေတြအေနနဲ႔ကေတာ့ ဒီဘက္ကို ေရေၾကာင္း ေလးေပါက္ေအာင္ ေဖာက္ေပးေစခ်င္ပါ တယ္။
သက္ဆိုင္ရာဌာနအေနနဲ႔ အဲဒီလို ေရာက္ေအာင္ ေဖာက္ေပးေစခ်င္ပါတယ္။ အခုက မေကြးၿမိဳ႕အဝင္က်မွ စရိတ္စကက ထပ္ကုုန္သြားတာျဖစ္ေနပါတယ္။ ရေတာ့ တန္ဆာခက က်ပ္ ၈၀၀၊ မေကြးၿမိဳ႕အဝင္က် မွ က်ပ္ ၈၀ ထပ္ကုန္သြားေတာ့ သူတို႔အတြက္ သိပ္မက်န္ပါဘူး။ သူတို႔က ေရလမ္းေၾကာင္း ေပါက္ေအာင္ ေဖာက္ေပးေစခ်င္ပါတယ္။ ေရသုံးတဲ့လူေတြလည္း ေသာက္သုံးေရက် အေတာ္အခက္အခဲျဖစ္ပါတယ္။ ေရက အင္းလိုျဖစ္သြားတာပါ။ ေရေၾကာင္းေလး ေဖာက္ေပးၿပီး သေဘၤာေတြလည္း အဝင္အ ထြက္လုပ္ႏိုင္မယ္။ ေသာက္သုံးေရ၊ ခ်ိဳးေရ သုံးေရလည္း သန႔္သန႔္ရွင္းရွင္းျဖစ္သြားမယ္” ဟု မေကြးၿမိဳ႕ ၿမိဳ႕ေဟာင္းရပ္ကြက္ အမွတ္ (၁) ကုန္တင္ကုန္ခ်ဆိပ္ကမ္းမွ ဦးေ႒းလႈိင္ က ေျပာၾကားသည္။
အဆိုပါေရေသအိုင္မွ ေရကို အသုံးျပဳ ေနသည့္အေျခအေနႏွင့္ပတ္သက္၍ မေကြး ၿမိဳ႕နယ္ စည္ပင္သာယာေရးအဖြဲ႕ တာဝန္ရွိ သူမ်ားထံ ဆက္သြယ္ေမးျမန္းခဲ့ရာ ျမစ္ေရ ကို သန႔္စင္ၿပီးမွ ၿမိဳ႕ေပၚသို႔ ျဖန႔္ေဝျခင္းျဖစ္ ေၾကာင္း မေကြးၿမိဳ႕ဆုံရပ္ထိပ္ ျမစ္ေရတင္ စက္မွ ေန႔စဥ္ေရဂါလံ ၇၀၀၀၀ ေက်ာ္ခန႔္ ျဖန႔္ေဝလ်က္ရွိၿပီး အမ်ားစုုကိုု အဝီစိတြင္းမွေရကိုအသုံးျပဳျခင္းျဖစ္ၿပီး ျမစ္ေရကို အနည္း ငယ္သာအသုံးျပဳေၾကာင္း ေျဖၾကားခဲ့သည္။
မေကြးၿမိဳ႕ဘက္ျမစ္ေရေၾကာင္း ပိတ္ သြားသည့္အေျခအေနႏွင့္ပတ္သက္၍ ခ်က္ ခ်င္းေဆာင္႐ြက္ရမည့္ကိစၥျဖစ္ေသာ္လည္း ယခုုလက္ရွိ မေဆာင္႐ြက္ႏုုိင္ေသးေၾကာင္း ျမစ္ေၾကာင္းစတင္ပိတ္သည့္ေနရာတြင္ ေရ ေၾကာင္းေဖာ္ႏိုင္ရန္ ေနာက္ႏွစ္ဘတ္ဂ်က္ တြင္ က်ပ္သန္း ၉၀ လ်ာထားေၾကာင္း တိုင္း ေဒသႀကီးအစိုးရအဖြဲ႕ ေဆာက္လုပ္ေရးဝန္ ႀကီး ဦးတင္ႏြယ္ဦးက ေျပာၾကားသည္။
ဧရာဝတီျမစ္၏ မေကြးဆိပ္ကမ္းအ ထက္ဘက္ ျမသလြန္ေစတီေတာ္ ေျခေတာ္ ရင္းတြင္ ၂၀၁၀ ျပည့္ႏွစ္ခန႔္မွစ၍ ျမသလြန္ ေစတီဘက္သို႔ ေရဦးတိုး၍ ကမ္းၿပိဳကမ္းစား မည္ကို ကာကြယ္သည့္အေနျဖင့္ ေရကာ မ်ား တည္ေဆာက္ခဲ့ဖူးေၾကာင္း ယခု အင္း ကဲ့သို႔ျဖစ္ေနသည့္ ေရဆိပ္ဘက္သို႔ မိုးဦးက် ခ်ိန္တြင္မွ ေရဝင္ေရာက္ႏိုင္မည္ဟုု ခန႔္မွန္း ရေၾကာင္း သိရသည္။
Source : Eleven
Courier Services & Delivery Services သယ္ယူပို႔ေဆာင္ရးဝန္ေဆာင္မႈ ၉၃ ခုကိုရွာေဖြရန္ႏွိပ္ပါ
Myanmar Logistics Guide