Transportation

ဓနုဖြူမြို့အဝင်ဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက်

ဓနုဖြူမြို့အဝင်ဂိတ်များ၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ် ထိန်းချုပ်ရေးလုပ်ငန်းများ နေ့စဉ်ဆောင်ရွက် google

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်အတွင်းကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ဓနုဖြူမြို့အဝင်ဂိတ်များတွင် ကိုယ်ပိုင်ကားများ၊ ခရီးသယ်တင်ကား၊ ဆိုင်ကယ်၊ သုံးဘီဆိုင်ကယ်များပေါ်ရှိ ခရီးသွားပြည်သူများကို ယနေ့ နံနက်ပိုင်းက ကိုရိုနာဗိုင်းရပ်စ်ရောဂါ ကြိုတင်ကာကွယ်ရေးအနေဖြင့် အပူချိန်တိုင်းတာခြင်း၊ နှာခေါင်းစည်း (Mask)ဝေခြင်း၊ ကျန်းမာရေးအသိပညာပေးလက်ကမ်းစာစောင်ဖြန့်ဝေခြင်းများ နေ့စဉ်အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာအကြီးအကဲများ၊ သက်ဆိုင်ရာရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ အဖွဲ့ဝင်များ၊ လူမှုရေး အသင်းအဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီ အဖွဲ့များက ကျန်းမာရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်း၍ မြို့ဝင်ဂိတ်များတွင် ဝင်/ထွက် သွားလာနေသော ခရီးသွားပြည်သူများအား နေ့စဉ်စနစ်တကျ ကျန်းမာရေးစစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

89597769_1658912260917480_4377376590149976064_n.png

 

<<<Zawgyi>>>

 


 


 


 

Courier Services & Delivery Services သယ်ယူပို့ဆောင်ရးဝန်ဆောင်မှု ၉၃ ခုကိုရှာဖွေရန်နှိပ်ပါ 

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)