Transportation

ကိုဗစ်ဆေးစက်ကိရိယာများ တင်ဆောင်သည့် ရုရှားစစ်လေယာဉ် အမေရိကန်သို ဆိုက်ရောက်

ကိုဗစ်ဆေးစက်ကိရိယာများ တင်ဆောင်သည့် ရုရှားစစ်လေယာဉ် အမေရိကန်သို ဆိုက်ရောက် google

အမေရိကန်သို့ ဆိုက်ရောက်လာခဲ့သည်။ အဆိုပါစစ်လေယာဉ်သည် ဧပြီလ ၁ ရက်တွင် အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ဂျွန်အက်ဖ်ကနေဒီ နိုင်ငံတကာလေဆိပ်သို့ ဆိုက်ရောက်ခဲ့ခြင်း ဖြစ်သည်။

 

ဤသည်မှာ ရုရှားသမ္မတဗလာဒီမာပူတင်နှင့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဖုန်းဖြင့် တိုက်ရိုက်အကူအညီတောင်းခံခြင်း၏ ရလဒ် ဖြစ်သည်။ ထရန့်သည် အမေရိကန်နိုင်ငံအတွင်း ventilators နှင့် PPE (personal protective equipment) မလုံမလောက် ဖြစ်နေသည်ကို ဖြည့်တင်းရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ရုရှားသမ္မတ ပူတင်ထံသို့လည်း ဖုန်းဆက်ပြီး အကူအညီ တောင်းခံခဲ့ရာ ပူတင်က ချက်ချင်းတုံ့ပြန်ကာ ယခုလို အကူအညီပေးအပ်ခဲ့ခြင်း ဖြစ်သည်။

 

ကိုဗစ်တိုက်ပွဲခေါ်သံအတွက် လိုအပ်နေသော ဗင်တီလေတာများ၊ မတ်စ်များ၊ အသက်ရှူမျက်နှာဖုံးစွပ်များနှင့်တကွ အခြားဆေးဘက်ဆိုင်ရ အသုံးအဆောင်များ စုစုပေါင်း တန် ချိန် ၆၀ ကို စစ်လေယာဉ်ဖြင့် အားချင်းပို့ပေးခဲ့ခြင်း ဖြစ်သည်။အမေရိကန်နိုင်ငံတွင် ကိုဗစ်လူနာဦးရေ နှစ်သိန်းကျော် ရှိနေပြီး သေဆုံးသူ ၄၅၀၀ ဦး ရှိပြီ ဖြစ်သည်။ရုရှားနိုင်ငံတွင် ကိုဗစ်လူနာဦးရေ ၂၃၃၇ ဦး ရှိပြီး သေဆုံးသူဦးရေ ၁၇ ဦး ရှိပြီ ဖြစ်သည်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 

ကိုဗစ္ေဆးစက္ကိရိယာမ်ား တင္ေဆာင္သည့္ ႐ုရွားစစ္ေလယာဥ္ အေမရိကန္သို ဆိုက္ေရာက္

 

ထရန႔္ -ပူတင္ ဖုန္းျဖင့္ ေျပာဆိုျခင္း၏ ရလဒ္အျဖစ္ ႐ုရွားစစ္ေလယာဥ္တစ္စင္းသည္ ေဆးဘက္သုံး စက္ကိရိယာမ်ားတင္ေဆာင္ၿပီးအေမရိကန္သို႔ ဆိုက္ေရာက္လာခဲ့သည္။ အဆိုပါစစ္ေလယာဥ္သည္ ဧၿပီလ ၁ ရက္တြင္ အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕ရွိ ဂြၽန္အက္ဖ္ကေနဒီ ႏိုင္ငံတကာေလဆိပ္သို႔ ဆိုက္ေရာက္ခဲ့ျခင္း ျဖစ္သည္။

 

ဤသည္မွာ ႐ုရွားသမၼတဗလာဒီမာပူတင္ႏွင့္ အေမရိကန္သမၼတ ေဒၚနယ္ထရန႔္က ဖုန္းျဖင့္ တိုက္႐ိုက္အကူအညီေတာင္းခံျခင္း၏ ရလဒ္ ျဖစ္သည္။ ထရန႔္သည္ အေမရိကန္ႏိုင္ငံအတြင္း ventilators ႏွင့္ PPE (personal protective equipment) မလုံမေလာက္ ျဖစ္ေနသည္ကို ျဖည့္တင္းရန္ နည္းလမ္းမ်ိဳးစုံျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္လ်က္ရွိရာ ႐ုရွားသမၼတ ပူတင္ထံသို႔လည္း ဖုန္းဆက္ၿပီး အကူအညီ ေတာင္းခံခဲ့ရာ ပူတင္က ခ်က္ခ်င္းတုံ႔ျပန္ကာ ယခုလို အကူအညီေပးအပ္ခဲ့ျခင္း ျဖစ္သည္။

 

ကိုဗစ္တိုက္ပြဲေခၚသံအတြက္ လိုအပ္ေနေသာ ဗင္တီေလတာမ်ား၊ မတ္စ္မ်ား၊ အသက္ရႉမ်က္ႏွာဖုံးစြပ္မ်ားႏွင့္တကြ အျခားေဆးဘက္ဆိုင္ရ အသုံးအေဆာင္မ်ား စုစုေပါင္း တန္ ခ်ိန္ ၆၀ ကို စစ္ေလယာဥ္ျဖင့္ အားခ်င္းပို႔ေပးခဲ့ျခင္း ျဖစ္သည္။အေမရိကန္ႏိုင္ငံတြင္ ကိုဗစ္လူနာဦးေရ ႏွစ္သိန္းေက်ာ္ ရွိေနၿပီး ေသဆုံးသူ ၄၅၀၀ ဦး ရွိၿပီ ျဖစ္သည္။႐ုရွားႏိုင္ငံတြင္ ကိုဗစ္လူနာဦးေရ ၂၃၃၇ ဦး ရွိၿပီး ေသဆုံးသူဦးေရ ၁၇ ဦး ရွိၿပီ ျဖစ္သည္။

 

ေလဆိပ္ ၂၆ ခုမာတိကာ

 

ေလဆိပ္ ၂၆ ခုမာတိကာ

 

 

Read times
Rate this item
(0 votes)