Transportation

လေဆိပ်မီးလောင်မှုကြောင့် ကားအစီးရေ ၃,၅၀၀ ပျက်စီး

ဖလော်ရီဒါအနောက်တောင်ပိုင်းရှိ နိုင်ငံတကာလေဆိပ်တွင် မီးလောင်မှုဖြစ်ပွားခဲ့ပြီး အဆိုပါမီးလောင်မှုကြောင့် အနီးနားရှိ ကားအငှားလုပ်ကိုင်သောကုမ္ပဏီ၏ အငှားကားအစီးရေ ၃,၅၀၀ ခန့်ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

 

ယခုနှစ်ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီခန့်က မီးစတင်လောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး နောက်နေ့မနက် ၁၀နာရီခွဲခန့် တွင်မီးငြိမ်းသတ်နိုင်ခဲ့သည်။ မီးလောင်ချိန်စုစုပေါင်း ၁၈ နာရီခန့်ရှိပြီး ဧရီယာအကျယ်အဝန်းအားဖြင့် ၁၅ ဧကခန့်မီးပျံ့နှံ့ခန့်သည်။

 

မီးအစတွင် ကားအစီးရေ ၂၀ခန့်သာမီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သော်လည်း လေယာဉ်ကွင်း၏မြက်တောကြောင့် မီးမှာပိုမိုအရှိအဟုန်ကောင်းစွာဖြင့် လောင်ကျွမ်းနိုင်ခဲ့ခြင်းဖြစ်သည်။ မီးသတ်ယာဉ်များရောက်ရှိလာသောအချိန် တွင်ကားအစီးရေ ၁၀၀ ခန့်လောင်ကျွမ်းနေခဲ့ပြီး မီးငြိမ်းသွားသောအခါတွင် စုစုပေါင်းကားအစီးရေ ၃,၅၀၀ ခန့် ပျက်စီးဆုံးရှုံးခဲ့ရသည်။

 

မီးလောင်ရခြင်းအကြောင်းကို မသိရှိသေးသော်လည်း ယခုလိုမီးလောင်ကျွမ်းမှုကြောင့် လေဆိပ်အဆောက် အဦးများဆုံးရှုံးမှုမရှိခဲ့သလို လေဆိပ်လုပ်ငန်းစဉ်များကိုထိခိုက်ခဲ့ခြင်းမရှိကြောင်းသိရသည်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 

ေလဆိပ္မီးေလာင္မႈေၾကာင့္ ကားအစီးေရ ၃,၅၀၀ ပ်က္စီး

 

ဖေလာ္ရီဒါအေနာက္ေတာင္ပိုင္းရွိ ႏိုင္ငံတကာေလဆိပ္တြင္ မီးေလာင္မႈျဖစ္ပြားခဲ့ၿပီး အဆိုပါမီးေလာင္မႈေၾကာင့္ အနီးနားရွိ ကားအငွားလုပ္ကိုင္ေသာကုမၸဏီ၏ အငွားကားအစီးေရ ၃,၅၀၀ ခန္႔ပ်က္စီးဆံုးရႈံးခဲ့ေၾကာင္း သိရသည္။

 

ယခုႏွစ္ဧၿပီလ ၃ ရက္ေန႔ ညေန ၅ နာရီခန္႔က မီးစတင္ေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ၿပီး ေနာက္ေန႔မနက္ ၁၀နာရီခဲြခန္႔ တြင္မီးၿငိမ္းသတ္ႏိုင္ခဲ့သည္။ မီးေလာင္ခ်ိန္စုစုေပါင္း ၁၈ နာရီခန္႔ရွိၿပီး ဧရီယာအက်ယ္အ၀န္းအားျဖင့္ ၁၅ ဧကခန္႔မီးပ်ံ႕ႏွံ႔ခန္႔သည္။

 

မီးအစတြင္ ကားအစီးေရ ၂၀ခန္႔သာမီးေလာင္ကၽြမ္းခဲ့ျခင္းျဖစ္ေသာ္လည္း ေလယာဥ္ကြင္း၏ျမက္ေတာေၾကာင့္ မီးမွာပိုမိုအရွိအဟုန္ေကာင္းစြာျဖင့္ ေလာင္ကၽြမ္းႏိုင္ခဲ့ျခင္းျဖစ္သည္။ မီးသတ္ယာဥ္မ်ားေရာက္ရွိလာေသာအခ်ိန္ တြင္ကားအစီးေရ ၁၀၀ ခန္႔ေလာင္ကၽြမ္းေနခဲ့ၿပီး မီးၿငိမ္းသြားေသာအခါတြင္ စုစုေပါင္းကားအစီးေရ ၃,၅၀၀ ခန္႔ ပ်က္စီးဆံုးရႈံးခဲ့ရသည္။

 

မီးေလာင္ရျခင္းအေၾကာင္းကို မသိရွိေသးေသာ္လည္း ယခုလိုမီးေလာင္ကၽြမ္းမႈေၾကာင့္ ေလဆိပ္အေဆာက္ အဦးမ်ားဆံုးရံႈးမႈမရွိခဲ့သလို ေလဆိပ္လုပ္ငန္းစဥ္မ်ားကိုထိခိုက္ခဲ့ျခင္းမရွိေၾကာင္းသိရသည္။

 

The fire sent plumes of smoke into the air near the airport.

 

View image on Twitter

 

View image on Twitter

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

 

 

 

 

Read times
Rate this item
(4 votes)