Transportation

မြန်မာနိုင်ငံရောက် အမေရိကန်နိုငံသားများ ပြည်တော်ပြန် အစီအစဉ်

မြန်မာနိုင်ငံရောက် အမေရိကန်နိုငံသားများ ပြည်တော်ပြန် အစီအစဉ် Credit ေအးဝါလႈိင္, MRTV

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အမေရိကန်နိုင်ငံသားများကို ကယ်ထုတ်မယ့် အစီအစဉ်ကို ဧပြီလ ၁ ရက်နေ့က ကြေညာခဲ့ပါတယ်။ အမေရိကန်သံရုံးအနေဖြင့် ပြန်လည်ခေါ်ယူတဲ့ လေကြောင်းခရီးစဉ်ကို ရန်ကုန်မြို့မှ စတင်စေမှာဖြစ်ပြီး လာမယ့် သီတင်းပတ်အတွင်းမှာ ဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

 

အမေရိကန်နိုင်ငံသို့ ပြန်လိုသူများအတွက်သာ ဖြစ်ပြီး အမေရိကန်နိုင်ငံရှိ မည်သည့် လေဆိပ်သို့ ပို့ဆောင်မယ်ဆိုတာ မဆုံးဖြတ်ရသေးကြောင်းကိုလည်း အသိပေးထားပါတယ်။

 

ပြန်ခေါ်ယူတဲ့ ခရီးစဉ်မှာ လိုက်ပါမည့် ခရီးသည်များကို အခမဲ့ ပို့ဆောင်ပေးမှာ မဟုတ်ဘဲ မြန်မာမှ အမေရိကန်သို့ ပြန်လျှင် စီးကြသည့် လေကြောင်းလိုင်းများမှ ကောက်ခံတဲ့ နှုန်းထားဖြင့် လေယာဉ်စီးခ ကောက်ခံမယ်လို့လည်း ဖော်ပြထားပါတယ်။

 

ထိုသို့ ခေါ်ယူခြင်းကို တစ်ကြိမ်သာ ဆောင်ရွက်ပေးမှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။ ယနေ့ မွန်းလွဲပိုင်းမှာ အဆိုပါ ခရီးစဉ်ကို ဆောင်ရွက်ခဲ့တယ်လို့ သိရပါတယ်။

 

ဖြည့်စွက်ချက်(၀၇ ဧပြီ)
ရန်ကုန်မြို့ရှိ အမေရိကန်သံရုံး Facebook တွင် ယခုလို ဆုမွန်ကောင်းတောင်းပြီး ကျေးဇူးတင်စကား မြန်မာ အင်္ဂလိပ် နှစ်ဘာသာဖြင့် တင်ပြထားပါတယ်။

တစ်ခါမျှမကြုံဖူးသော ယခုကဲသို့ အခက်အခဲ ကာလအတွင်း နေရပ်ပြန်ကြသူ အမေရိကန်နိုင်ငံသားများနှင့် အမေရိကားတွင် နေထိုင်သူ ၂၆၇ ဦးကို အမေရိကန်သံရုံးက ယနေ့အကူအညီများပေးအပ်ခဲ့ပါသည်။ အမေရိကန်အစိုးရက စီစဉ်ပေးသော လေယာဉ်ဖြင့် မြန်မာနိုင်ငံမှ ပြန်လည်ထွက်ခွာသွားကြသူများ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းဖြင့် ဘေးအန္တရာယ်ကင်းရှင်းစွာ အိမ်ပြန်ရောက်ကြပါစေကြောင်း မိမိတို့ဆုမွန်ကောင်းတောင်းပါသည်။ ဤလေယာဉ်ခရီးစဉ်အဆင်ပြေချောမွေ့စေရေးအတွက် အကူအညီပေးအပ်ကြသော မြန်မာအာဏာပိုင်များကိုလည်း ကျေးဇူးအထူးတင်ပါသည်။
မြန်မာနိုင်ငံသားများအတွက်လည်း အမေရိကန်သံရုံးသည် ကိုဗစ်-၁၉ ရောဂါ တုံ့ပြန်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရပ်ရွာလူမှုအဖွဲ့အစည်းများနှင့်အတူ အနီးကပ်လက်တွဲ၍ တစ်စိုက်မတ်မတ်ဆောင်ရွက်လျက်ရှိပါသည်။ ရေနှင့်ကျန်းမာသန့်ရှင်းရေးအထောက်အပံ့ပစ္စည်းများ၊ ကိုဗစ်-၁၉ ရောဂါကူးစက်မှုစီမံခန့်ခွဲရေး၊ ရောဂါစောင့်ကြပ်ကြည့်ရှုရေး၊ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရေးနှင့်များစွာသော ကိစ္စများအပါအဝင် ကိုဗစ်-၁၉ ရောဂါတုံ့ပြန်တိုက်ဖျက်ရေးအတွက် ဒေါ်လာ ၃.၈ သန်းအကူအညီပေးရန် အမေရိကန်နိုင်ငံတကာဖွံ့ဖြိုးရေးအေဂျင်စီကလည်း မကြာသေးမီက ကတိကဝတ်ပြုခဲ့ပါသည်။ နိုင်ငံတစ်ဝန်းရှေ့တန်းမှဆောင်ရွက်နေကြသော ကျန်းမာရေးဝန်ထမ်းများအတွက်လည်း နည်းပညာအကူအညီများကို အမေရိကန်ရောဂါထိန်းချုပ်ရေးနှင့်ကာကွယ်တားဆီးရေးဗဟိုဌာန (CDC) ကဆက်လက်ပေးအပ်နေပါသည်။ ဤအကူအညီများအားလုံးသည် ကျန်းမာရေးကဏ္ဍအကူအညီအတွက် ဒေါ်လာ ၁၇၆ သန်းကျော်ထည့်ဝင်သုံးစွဲ၍ မြန်မာနိုင်ငံအတွင်းကျန်းမာရေးကဏ္ဍအပေါ် ကာလရှည်ကြာထားရှိထားသော မိမိတို့ကတိကဝတ်၏ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပါသည်။
ဘေးကင်း၍ကျန်းမာအောင်မည်သို့နေထိုင်ရမည့်အကြောင်းနှင့်ပတ်သက်၍ အားလုံးနိုးနိုးကြားကြား နေထိုင်ကြရန်ကိုလည်း မိမိတို့တိုက်တွန်းနိုးဆော်အပ်ပါသည်။


Today, the U.S. Embassy helped 267 American citizens and residents return home during this time of unprecedented challenges. To those who departed Myanmar on a U.S. government-organized flight, we wish you a safe and healthy return home. Thank you to the Myanmar authorities for facilitating this flight.
To the people of Myanmar, the U.S. Embassy remains committed to working closely with the Ministry of Health and Sports and communities to respond to COVID-19. Recently, USAID committed $3.8 million for COVID-19 response, including for water and sanitation supplies, COVID-19 case management, disease surveillance, coordination, and more. CDC continues to provide technical assistance to frontline health workers across the country. All of this is part of our long-standing commitment to health in Myanmar, where we have invested more than $176 million in health assistance.
We encourage everyone to stay informed on how to remain safe and healthy.

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 


ျမန္မာႏိုင္ငံေရာက္ အေမရိကန္ႏိုငံသားမ်ားကို ကယ္ထုတ္ခဲ့တဲ့ အစီအစဥ္

 

ျမန္မာႏိုင္ငံမွာ ေရာက္ရွိေနတဲ့ အေမရိကန္ႏိုင္ငံသားမ်ားကို ကယ္ထုတ္မယ့္ အစီအစဥ္ကို ဧၿပီလ ၁ ရက္ေန႔က ေၾကညာခဲ့ပါတယ္။ အေမရိကန္သံ႐ုံးအေနျဖင့္ ျပန္လည္ေခၚယူတဲ့ ေလေၾကာင္းခရီးစဥ္ကို ရန္ကုန္ၿမိဳ႕မွ စတင္ေစမွာျဖစ္ၿပီး လာမယ့္ သီတင္းပတ္အတြင္းမွာ ေဆာင္႐ြက္မွာ ျဖစ္ေၾကာင္း ေဖာ္ျပထားပါတယ္။

 

အေမရိကန္ႏိုင္ငံသို႔ ျပန္လိုသူမ်ားအတြက္သာ ျဖစ္ၿပီး အေမရိကန္ႏိုင္ငံရွိ မည္သည့္ ေလဆိပ္သို႔ ပို႔ေဆာင္မယ္ဆိုတာ မဆုံးျဖတ္ရေသးေၾကာင္းကိုလည္း အသိေပးထားပါတယ္။

 

ျပန္ေခၚယူတဲ့ ခရီးစဥ္မွာ လိုက္ပါမည့္ ခရီးသည္မ်ားကို အခမဲ့ ပို႔ေဆာင္ေပးမွာ မဟုတ္ဘဲ ျမန္မာမွ အေမရိကန္သို႔ ျပန္လွ်င္ စီးၾကသည့္ ေလေၾကာင္းလိုင္းမ်ားမွ ေကာက္ခံတဲ့ ႏႈန္းထားျဖင့္ ေလယာဥ္စီးခ ေကာက္ခံမယ္လို႔လည္း ေဖာ္ျပထားပါတယ္။ထိုသို႔ ေခၚယူျခင္းကို တစ္ႀကိမ္သာ ေဆာင္႐ြက္ေပးမွာ ျဖစ္ေၾကာင္းလည္း ေဖာ္ျပထားပါတယ္။ ယေန႔ မြန္းလြဲပိုင္းမွာ အဆိုပါ ခရီးစဥ္ကို ေဆာင္႐ြက္ခဲ့တယ္လို႔ သိရပါတယ္။

 

ျဖည့္စြက္ခ်က္(၀၇ ဧၿပီ)
ရန္ကုန္ၿမိဳ႕ရွိ အေမရိကန္သံ႐ုံး Facebook တြင္ ယခုလို ဆုမြန္ေကာင္းေတာင္းၿပီး ေက်းဇူးတင္စကား ျမန္မာ အဂၤလိပ္ ႏွစ္ဘာသာျဖင့္ တင္ျပထားပါတယ္။

တစ္ခါမွ်မႀကဳံဖူးေသာ ယခုကဲသို႔ အခက္အခဲ ကာလအတြင္း ေနရပ္ျပန္ၾကသူ အေမရိကန္ႏိုင္ငံသားမ်ားႏွင့္ အေမရိကားတြင္ ေနထိုင္သူ ၂၆၇ ဦးကို အေမရိကန္သံ႐ုံးက ယေန႔အကူအညီမ်ားေပးအပ္ခဲ့ပါသည္။ အေမရိကန္အစိုးရက စီစဥ္ေပးေသာ ေလယာဥ္ျဖင့္ ျမန္မာႏိုင္ငံမွ ျပန္လည္ထြက္ခြာသြားၾကသူမ်ား စိတ္၏ခ်မ္းသာျခင္း၊ ကိုယ္၏က်န္းမာျခင္းျဖင့္ ေဘးအႏၲရာယ္ကင္းရွင္းစြာ အိမ္ျပန္ေရာက္ၾကပါေစေၾကာင္း မိမိတို႔ဆုမြန္ေကာင္းေတာင္းပါသည္။ ဤေလယာဥ္ခရီးစဥ္အဆင္ေျပေခ်ာေမြ႕ေစေရးအတြက္ အကူအညီေပးအပ္ၾကေသာ ျမန္မာအာဏာပိုင္မ်ားကိုလည္း ေက်းဇူးအထူးတင္ပါသည္။
ျမန္မာႏိုင္ငံသားမ်ားအတြက္လည္း အေမရိကန္သံ႐ုံးသည္ ကိုဗစ္-၁၉ ေရာဂါ တုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ ျမန္မာႏိုင္ငံက်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရပ္႐ြာလူမႈအဖြဲ႕အစည္းမ်ားႏွင့္အတူ အနီးကပ္လက္တြဲ၍ တစ္စိုက္မတ္မတ္ေဆာင္႐ြက္လ်က္ရွိပါသည္။ ေရႏွင့္က်န္းမာသန႔္ရွင္းေရးအေထာက္အပံ့ပစၥည္းမ်ား၊ ကိုဗစ္-၁၉ ေရာဂါကူးစက္မႈစီမံခန႔္ခြဲေရး၊ ေရာဂါေစာင့္ၾကပ္ၾကည့္ရႈေရး၊ ေပါင္းစပ္ညႇိႏႈိင္းေဆာင္႐ြက္ေရးႏွင့္မ်ားစြာေသာ ကိစၥမ်ားအပါအဝင္ ကိုဗစ္-၁၉ ေရာဂါတုံ႔ျပန္တိုက္ဖ်က္ေရးအတြက္ ေဒၚလာ ၃.၈ သန္းအကူအညီေပးရန္ အေမရိကန္ႏိုင္ငံတကာဖြံ႕ၿဖိဳးေရးေအဂ်င္စီကလည္း မၾကာေသးမီက ကတိကဝတ္ျပဳခဲ့ပါသည္။ ႏိုင္ငံတစ္ဝန္းေရွ႕တန္းမွေဆာင္႐ြက္ေနၾကေသာ က်န္းမာေရးဝန္ထမ္းမ်ားအတြက္လည္း နည္းပညာအကူအညီမ်ားကို အေမရိကန္ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ကာကြယ္တားဆီးေရးဗဟိုဌာန (CDC) ကဆက္လက္ေပးအပ္ေနပါသည္။ ဤအကူအညီမ်ားအားလုံးသည္ က်န္းမာေရးက႑အကူအညီအတြက္ ေဒၚလာ ၁၇၆ သန္းေက်ာ္ထည့္ဝင္သုံးစြဲ၍ ျမန္မာႏိုင္ငံအတြင္းက်န္းမာေရးက႑အေပၚ ကာလရွည္ၾကာထားရွိထားေသာ မိမိတို႔ကတိကဝတ္၏ အစိတ္အပိုင္းတစ္ရပ္ျဖစ္ပါသည္။
ေဘးကင္း၍က်န္းမာေအာင္မည္သို႔ေနထိုင္ရမည့္အေၾကာင္းႏွင့္ပတ္သက္၍ အားလုံးႏိုးႏိုးၾကားၾကား ေနထိုင္ၾကရန္ကိုလည္း မိမိတို႔တိုက္တြန္းႏိုးေဆာ္အပ္ပါသည္။


Today, the U.S. Embassy helped 267 American citizens and residents return home during this time of unprecedented challenges. To those who departed Myanmar on a U.S. government-organized flight, we wish you a safe and healthy return home. Thank you to the Myanmar authorities for facilitating this flight.
To the people of Myanmar, the U.S. Embassy remains committed to working closely with the Ministry of Health and Sports and communities to respond to COVID-19. Recently, USAID committed $3.8 million for COVID-19 response, including for water and sanitation supplies, COVID-19 case management, disease surveillance, coordination, and more. CDC continues to provide technical assistance to frontline health workers across the country. All of this is part of our long-standing commitment to health in Myanmar, where we have invested more than $176 million in health assistance.
We encourage everyone to stay informed on how to remain safe and healthy.

 

Transportation Services သယ္ယူပို႔ေဆာင္ေရးလုပ္ငန္းေပါင္း ၇၉၀ ကိုရွာရန္ႏိွပ္ပါ

 

Myanmar Logistics Guide

 

Read times
Rate this item
(0 votes)