Transportation

သင်္ကြန်အတွင်း မြစ်ကြီးနား- မန္တလေး ရထားအချို့ ပြေးဆွဲမှု ယာယီရပ်ဆိုင်းမည်

သင်္ကြန်အတွင်း မြစ်ကြီးနား- မန္တလေး ရထားအချို့ ပြေးဆွဲမှု ယာယီရပ်ဆိုင်းမည် google

သင်္ကြန်ကာလအတွင်း မြစ်ကြီးနား-မန္တလေး ရထားလမ်းပိုင်းရှိ ရထားအချို့ ပြေးဆွဲမှုကို ယာယီ ရပ်ဆိုင်းထားမည် ဖြစ်ကြောင်း သိရသည်။

 

မြစ်ကြီးနား-မန္တလေး အစုန်ရထားများဖြစ်ကြသည့် အမှတ် ၃၂၊ ၃၄၊ ၅၈ ရထားများ၊ မန္တလေး-မြစ်ကြီးနား အဆန်ရထားများဖြစ်ကြသည့် အမှတ် ၃၁၊ ၃၃၊ ၅၇ ရထားများနှင့် RBE ရထားများကို ဧပြီ ၁၃ ရက်မှ ၁၆ ရက်အထိ ပြေးဆွဲမှု ရပ်ထားထားမည် ဖြစ်သည်။ခရီးရထားများကို ဧပြီ ၁၂ ရက်မှ ၁၆ ရက်အထိလ ပြေးဆွဲမှု ယာယီ ရပ်နားထားမည် ဖြစ်ပြီး အမှတ် ၃၁-၃၂ အစုန်-အဆန် အဲကွန်းလေအိတ် အထူးရထား ပြေးဆွဲမှုကို ဧပြီ ၄ ရက်မှစ၍ ရက်အကန့် အသတ်မရှိ ယာယီရပ်နားထားမည် ဖြစ်သည်။

 

အမှတ် ၅၅၅၆၊ ၄၁-၄၂ အစုန်/အဆန်ရထားများနှင့် နဘားလော်ကယ်ရထားများကိုမူ ပုံမှန်အတိုင်း ဆက်လက်ပြီး အချိန်မှန် ပြေးးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

 

89597769_1658912260917480_4377376590149976064_n_1.png

 

<<<Zawgyi>>>

 


 


 


 


 

Transportation Services သယ်ယူပို့ဆောင်ရေးလုပ်ငန်းပေါင်း ၇၉၀ ကိုရှာရန်နှိပ်ပါ

 

Myanmar Logistics Guide

 
Read times
Rate this item
(0 votes)