Transportation

Etihad မှ လူစစ်ဆေးရန်မလိုသောခရီးသည် ကျန်းမာရေး စစ်ဆေးမည့် အခန်း

အာရပ်စော်ဘွားများ နိုင်ငံမှ Etihad လေကြောင်းလိုင်းသည် တိုးတက်နေသည့် နည်းပညာအသုံးပြုကာလူမလို ကိရိယာမဲ့ကျန်းမာရေး စစ်ဆေးမည့် အခန်းငယ်များ ကို စမ်းသပ်အသုံးပြုတော့မည်သိရပါတယ်။

 

လူတွေတင်မက ပါဘူး အရာဝတ္တုများ ကိုပါ ရောဂါ ပိုးကပ်တွယ်မှု့ ရှိမရှိကို ထို အခန်းငယ်ထဲတွင် ထည့်သွင်း စစ်ဆေးမည်သိရပါတယ်။

 

၎င်း တီထွင်ခဲ့ခြင်းမှာ လူသားခြင်း ထိတွေ့မှု့ လျော့ချနိုင်ရေးအပြင် လေကြောင်းနယ်ပယ်အတွက် တိုးတက် လာရေးကို ရှေးရှုခဲ့တယ်သိရပါတယ်။

 

ထို စစ်ဆေး တဲ့ အခန်းငယ်တွေကို အာရပ်နိုင်ငံတွေရဲ့ မြို့တော်တွေ ဖြစ်တဲ့ ဒူဘိုလ်းမြို့ ၊ အဘူဒါဘီ မြို့ စတဲ့ မြို့က လေဆိပ်တွေမှာ ဧပြီ လကုန်အပြီး ထားရှိမယ်သိရပြီး မေလမှာ အဆိုပါ နည်းပညာစတင် အသုံးပြုမယ်သိရပါတယ်။

 

အကယ်၍ ခရီးသည်တစ်ယောက်က သူ ဝင်တယ်ဆိုပါတော့ ထိုခရီးသည်ရဲ့ ကိုယ်အပူချိန် ၊ နှလုံးခုန်နှုန်း ၊ အသက်ရှုနှုန်းတွေ ပါစစ်ဆေးကြည့်ရှု့သူရဲ့ Computer မျက်နှာပြင်ပေါ်မှာ ပေါ်လာမှာပါ။

 

ထို့ အပြင် ပစ္စည်း ကို ထည့်သွင်းပါကလည်း ထိုကဲ့သို့ ပေါ်လာမည် ဖြစ်ပြီး ပိုးသတ်ဆေး ဖြန်း system ပါဝင်ပါသေးတယ်သိရပါတယ်။အကယ်၍ ရောဂါရှိတဲ့ခရီးသည် ပါဝင်ပါက Alert အသံကျယ်ကြီး ထကြားရမည်ဖြစ်ပြီး ဝန်ထမ်းတွေကို အသိပေးသွားမှာလို့ ကြားသိရပါတယ်။

 

ရည်ရွယ်ချက်ကတော့ ၎င်း နည်းပညာက ရောဂါရှိနေတဲ့ သူတွေကို စစ်ဆေးတဲ့ လူတစ်ချို့ မတော်တဆ ကူးဆက်ပြီး အသက်ဘေး မကြုံရစေဖို့ ရယ်ရွယ်တယ်သိရပါတယ်။

 

UAE ဟာ ချမ်းသာတဲ့ နိုင်ငံ ဖြစ်တဲ့ အလျောက် လေဆိပ် ရဲ့ ခရီးသည် အဝင်နေရာ , ပစ္စည်း စစ်ရာနေရာ , လူဝင်မှု့ ကြီးကြပ်ရေး ဂိတ်စတဲ့နေရာတွေမှာ အသီးသီး ထားရှိပေးမယ်သိရပါတယ်။

 

အဆိုပါ အခန်းငယ်များကို သြစတေးလျ နည်းပညာ လုပ်ငန်းစုဖြစ်တဲ့ Elenium Automation မှ တီထွင်ခဲ့တာ ဖြစ်ပြီး စစ်ဆေးသူမဲ့ ( hand-free ) ဖြစ်လို့ အတော်လေး ပြသနာ နည်းပါးမယ်လို့ ထင်ရပါတယ်။

 

အာရှ နိုင်ငံတွေရဲ့ လေဆိပ်တွေမှာဆိုရင်တော့ ခရီးသည်တွေကို သာမာန်အပူချိန်တိုင်းကိရိယာ နဲ့သာ တိုင်းကျတယ်သိရပြီး သိကျ သေချာမူ့ လျော့ရဲမယ်လို့ သိရပါတယ်။

 

<<< Unicode >>>

 


--------------------------

 


 


 


 


 


 


 


 


 


 


 

The Jakartar Post

 

Myanmar Logistics Guide

Read times
Rate this item
(0 votes)