Transportation

ကိုဗစ် ၁၉ကျရောက်မှုကြောင့်အလုပ်ရပ်နားခဲ့သည့်ကနေဒါလေကြောင်းလိုင်းမှဝန်ထမ်း များအားအလုပ်ပြန်ခန့်မည်

ကိုဗစ် ၁၉ကျရောက်မှုကြောင့်အလုပ်ရပ်နားခဲ့သည့်ကနေဒါလေကြောင်းလိုင်းမှဝန်ထမ်း များအားအလုပ်ပြန်ခန့်မည် google

ကိုဗစ် ၁၉ ကျရောက်မှုကြောင့် နောက်ဆက်တွဲအနေနဲ့ထိခိုက်နစ်နာမှုများပေါ်ပေါက်လာသည့်အတွက် ကနေဒါလေကြောင်းလိုင်းမှအလုပ်ရပ်နားခဲ့ရသည့်

ဝန်ထမ်းပေါင်း ၁၆၅၀၀ ကိုအလုပ်ပြန်ခန့်မည်ဖြစ်ကြောင်း ယင်းလေကြောင်းလိုင်းက ဧပြီလ ၈ ရက်နေ့ကကြေညာခဲ့သည်။


စီးပွားရေးလုပ်ငန်းများအတွက်အစိုးရကသက်သာချောင်ချိရေးအစီအစဉ်တစ်ရပ်ကိုကြေညာခဲ့ပြီးနောက်တွင် ဝန်ထမ်းများအားပြန်လည်ခေါ်ယူရန်

 

ဖြစ်လာခဲ့ကြောင်းကနေဒါလေကြောင်းလိုင်းမှ တာဝန်ရှိသူတစ်ဦးကပြောကြားသည်။


အစိုးရက ထိုအစီအစဉ်ကို ပြီးခဲ့သည့်မတ်လအတွင်းဝင်ငွေ၏ ၁၅ ရာခိုင်နှုန်းကျော်ကိုထိခိုက်ဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ရသည့် ကုမ္ပဏီများကိုယခုအခါ ပြန်လည်ဖွင့်လှစ်နိုင်စေလိမ့်မည်ဖြစ်ကြောင်

 

း ကနေဒါဝန်ကြီးချုပ်ဂျပ်စတင်ထရူးဒိုးက နေ့စဉ်သတင်းစာရှင်းလင်းမှုအတွင်းကြေညာခဲ့ကြောင်းသိရသည်။


နိုင်ငံအတွင်း ကိုဗစ် ၁၉ ကျရောက်မှုကြောင့်ခုရီးသွားလာမှုကန့်သတ်ချက်များထုတ်ပြန်ခဲ့ရပြီး လေယာဉ်ခရီးစဉ်များပျံသန်းမှုကိုရပ်တန့်ခဲ့ရမှုကြောင့်

 

စီးပွားရေးလုပ်ငန်းများ၏ ၉၀ ရာခိုင်နှုန်းအထိ လုပ်ငန်းထိခိုက်နစ်နာမှုများဖြစ်ပေါ်ခဲ့သည်။


ထိုသို့ဖြစ်ပေါ်ခဲ့ပြီးနောက် မတ်လ ၃၀ ရက်နေ့တွင် ကနေဒါလေကြောင်းလိုင်းက ကနေဒါအခြေစိုက်ထားသည့် လုပ်သားအင်အားပေါင်း၃၆၀၀၀ ၏ထက်ဝက်ခန့်ကိုအလုပ်ဖြုတ်ခဲ့ရသည်။


ကိုဗစ် ၁၉ ကြောင့်အလုပ်လက်မဲ့ဖြစ်ခဲ့ရသူများကို လုပ်ငန်းခွင်သို့ပြန်လည်ဝင်ရောက်နိုင်စေရေးအတွက်အထောက်အကူဖြစ်စေရန် ရေးဆွဲထားသည့်

 

အရေးပေါ်ထောက်ပံ့ကြေးအစီအစဉ်ကိုဧပြီ ၁ ရက်နေ့တွင် ကနေဒါအစိုးရကစတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါထောက်ပံ့ရေးအစီအစဉ်အရ အစိုးရက ကိုဗစ် ၁၉ ကြောင့်အထိနာခဲ့သည့် ကုမ္ပဏီများရှိ လစာစာရင်း၏ ၇၅ ရာခိုင်နှုန်းကို ဇွန် ၆ ရက်နေ့မှ စတင်ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

 

<<<Zawgyi>>>



















 

 

 

Read times
Rate this item
(0 votes)