Transportation

Food Delivery ကဏ္ဍကို ဝင်ရောက်လာတဲ့ တက္ကဆီယာဉ်မောင်းများ

Food Delivery ကဏ္ဍကို ဝင်ရောက်လာတဲ့ တက္ကဆီယာဉ်မောင်းများ Google

Food Delivery ကဏ္ဍကို ဝင်ရောက်လာတဲ့ တက္ကဆီယာဉ်မောင်းများ

ကိုရိုနာဗိုင်းရပ်စ်ကာလတွင် အပြင်ထွက်သူအလွန်နည်းပါးလှသောကြောင့် ခရီးသည်ပို့ဆောင်ရေးတစ်ခုဖြစ်သည့် တက္ကဆီယာဉ်မောင်းများနှင့် Grab ကဲ့သို့သော ကုမ္ပဏီများအတွက် အခက်အခဲဖြစ်လာစေခဲ့သည်။ သို့သော် လက်ရှိ စင်ကာပူတွင် တက္က

ဆီယာဉ်မောင်းများအနေဖြင့် အစားအသောက်များသယ်ယူပို့ဆောင်ပေးခြင်းဖြင့် အပိုငွေရအောင် ရှာဖွေပြီး ကိုရိုနာဗိုင်းရပ်စ်ကာလ အကျပ်အတည်းကိုအဖြေရှာနေကြကြောင်း straitstimes.com ကဖော်ပြခဲ့သည်။

 

တက္ကဆီယာဉ်မောင်းဟုဆိုရင် ကုမ္ပဏီနှင့်ချိတ်ဆက်ထားသော တက္ကဆီယာဉ်မောင်းနှင့် ကိုယ်ပိုင်တက္ကဆီယာဉ်မောင်း ဟူ၍ ၂မျိုးရှိမည်ဖြစ်ပြီး အဆိုပါ ၂မျိုးစလုံးအနေဖြင့် ယခုလက်ရှိအအစားအသောက် မှာယူပို့ဆောင်ပေးသည့် လုပ်ငန်းဖြင့်

ကြားပေါက်ရှာနေကြခြင်းဖြစ်သည်။ တက္ကဆီဝန်ဆောင်မှုပေးသော ကုမ္ပဏီများ အနေဖြင့်လည်း အခြားသော fast-food မိတ်ဖက်များနှင့် ပူးပေါင်းပြီး သူတို့၏ယာဉ်မောင်းများအတွက် ဝင်ငွေရရှိစေ ရန်ဆောင်ရွက်ပေးလျှက်ရှိသည်။

 

သို့သော်တက္ကဆီယာဉ်မောင်းများ၏ အစားသောက်မှာယူပို့ဆောင်ပေးသောကဏ္ဍသို့ ဝင်ရောက်လာခြင်းသည် ထင်သလောက်မလွယ်ကူခဲ့ပေ။ ၁ နာရီအတွင်း မှယူမှု ၃ခုကိုပြီးမြောက်ပါက ပျမ်းမျှအားဖြင့်စင်ကာကူူဒေါ်လာ ၁၅ ဝန်းကျင်ခန့် ရရှိမည်

ဖြစ်သည်။ သို့သော် အချို့သောမှာယူမှုများအတွက် စားသောက်ဆိုင်များတွင်စောင့်ဆိုင်းရချိန်သည် ၄၅ မိနစ်ခန့်ကြာတတ်သလို အချို့သောဈေးဝယ်စင်တာကြီးများ၏ ကးပါကင်ခသည်လည်း စင်ကာပူဒေါ်လာ ၃ဒေါ်လာမှ ၄ ဒေါ်လာအထိ ကုန်ကျတတ်

သောကြောင့် အခက်အခဲများ ကိုလည်းရင်ဆိုင်ရလျှက်ရှိသည်။ သို့သော်သက်ဆိုင်ရာအနေဖြင့် ပါကင်အခက်အခဲဖြေရှင်းအတွက် မိနစ် ၂၀မှ မိနစ် ၃၀အထိကို အချို့သောနေရာများတွင် အခမဲ့ရပ်နားခွင့်ရရန် ဆောင်ရွက်လျှက်ရှိသည်။

 

ယခုလိုတက္ကဆီယာဉ်မောင်းများ၏ အစားသောက်ပို့ဆောင်မှုလုပ်ငန်းသို့ ဝင်ရောက်လာမှုအတွက် စင်ကာပူ၏အကြီး မားဆုံးသာအငှားယာဉ်ဝန်ဆောင်မှုကုမ္ပဏီကြီးဖြစ်သည့် ComfortDelGro လည်းပါဝင်လာခဲ့ပြီး Fast-food joints နှင့် Foodpanda

တို့နှင့်ပူးပေါင်းကာ အငှားယာဉ်အစီးရေ ၁၁၀နီးပါးဖြင့် ဝန်ဆောင်မှုပေးလျှက်ရှိသည်။

89597769_1658912260917480_4377376590149976064_n_1.png

 


Zawgyi

Food Delivery က႑ကို ၀င္ေရာက္လာတဲ့ တကၠဆီယာဥ္ေမာင္းမ်ား


ကို႐ိုနာဗိုင္းရပ္စ္ကာလတြင္ အျပင္ထြက္သူအလြန္နည္းပါးလွေသာေၾကာင့္ ခရီးသည္ပို႔ေဆာင္ေရးတစ္ခုျဖစ္သည့္ တကၠဆီယာဥ္ေမာင္းမ်ားႏွင့္ Grab ကဲ့သို႔ေသာ ကုမၸဏီမ်ားအတြက္ အခက္အခဲျဖစ္လာေစခဲ့သည္။ သို႔ေ

သာ္ လက္ရွိ စင္ကာပူတြင္ တကၠဆီယာဥ္ေမာင္းမ်ားအေနျဖင့္ အစားအေသာက္မ်ားသယ္ယူပို႔ေဆာင္ေပးျခင္းျဖင့္ အပိုေငြရေအာင္ ရွာေဖြၿပီး ကို႐ိုနာဗိုင္းရပ္စ္ကာလ အက်ပ္အတည္းကိုအေျဖရွာေနၾကေၾကာင္း

straitstimes.com ကေဖာ္ျပခဲ့သည္။

 

တကၠဆီယာဥ္ေမာင္းဟုဆိုရင္ ကုမၸဏီႏွင့္ခ်ိတ္ဆက္ထားေသာ တကၠဆီယာဥ္ေမာင္းႏွင့္ ကိုယ္ပိုင္တကၠဆီယာဥ္ေမာင္း ဟူ၍ ၂မ်ိဳးရွိမည္ျဖစ္ၿပီး အဆိုပါ ၂မ်ိဳးစလံုးအေနျဖင့္ ယခုလက္ရွိအအစားအေသာက္ မွာယူပို႔ေဆာင္ေပးသ

ည့္ လုပ္ငန္းျဖင့္ၾကားေပါက္ရွာေနၾကျခင္းျဖစ္သည္။ တကၠဆီ၀န္ေဆာင္မႈေပးေသာ ကုမၸဏီမ်ား အေနျဖင့္လည္း အျခားေသာ fast-food မိတ္ဖက္မ်ားႏွင့္ ပူးေပါင္းၿပီး သူတို႔၏ယာဥ္ေမာင္းမ်ားအတြက္ ၀င္ေငြ

ရရွိေစ ရန္ေဆာင္ရြက္ေပးလွ်က္ရွိသည္။

 

သို႔ေသာ္တကၠဆီယာဥ္ေမာင္းမ်ား၏ အစားေသာက္မွာယူပို႔ေဆာင္ေပးေသာက႑သို႔ ၀င္ေရာက္လာျခင္းသည္ ထင္သေလာက္မလြယ္ကူခဲ့ေပ။ ၁ နာရီအတြင္း မွယူမႈ ၃ခုကိုၿပီးေျမာက္ပါက ပ်မ္းမွ်အားျဖင့္စင္ကာကူူေ

ဒၚလာ ၁၅ ၀န္းက်င္ခန္႔ ရရွိမည္ျဖစ္သည္။ သို႔ေသာ္ အခ်ိဳ႕ေသာမွာယူမႈမ်ားအတြက္ စားေသာက္ဆိုင္မ်ားတြင္ေစာင့္ဆိုင္းရခ်ိန္သည္ ၄၅ မိနစ္ခန္႔ၾကာတတ္သလို အခ်ဳိ႕ေသာေစ်း၀ယ္စင္တာႀကီးမ်ား၏ ကးပါကင္ခသည္လည္း စ

င္ကာပူေဒၚလာ ၃ေဒၚလာမွ ၄ ေဒၚလာအထိ ကုန္က်တတ္ေသာေၾကာင့္ အခက္အခဲမ်ား ကိုလည္းရင္ဆိုင္ရလွ်က္ရွိသည္။ သို႔ေသာ္သက္ဆိုင္ရာအေနျဖင့္ ပါကင္အခက္အခဲေျဖရွင္းအတြက္ မိနစ္ ၂၀မွ မိနစ္ ၃၀အထိကို အခ်ိဳ႕ေ

သာေနရာမ်ားတြင္ အခမဲ့ရပ္နားခြင့္ရရန္ ေဆာင္ရြက္လွ်က္ရွိသည္။

 

ယခုလိုတကၠဆီယာဥ္ေမာင္းမ်ား၏ အစားေသာက္ပို႔ေဆာင္မႈလုပ္ငန္းသို႔ ၀င္ေရာက္လာမႈအတြက္ စင္ကာပူ၏အႀကီး မားဆံုးသာအငွားယာဥ္၀န္ေဆာင္မႈကုမၸဏီႀကီးျဖစ္သည့္ ComfortDelGro လည္းပါ၀င္လာခဲ့ၿပီး Fast-

food joints ႏွင့္ Foodpanda တို႔ႏွင့္ပူးေပါင္းကာ အငွားယာဥ္အစီးေရ ၁၁၀နီးပါးျဖင့္ ၀န္ေဆာင္မႈေပးလွ်က္ရွိသည္။

Read times
Rate this item
(0 votes)