Transportation

Emirates လေကြောင်းလိုင်း အမြတ် အမေရိကန်ဒေါ်လာ ၂၂၈ သန်း ရရှိကြောင်း ထုတ်ပြန်

ယူအေအီး (အာရပ်စော်ဘွားများ ပြည်ထောင်စု)မှ လေကြောင်းလိုင်း Emirates က ၂၀၁၉ ဧပြီလ ၁ ရက်မှ ၂၀၂၀ မတ်လ ၃၁ ရက်အထိ

ဘဏ္ဍာရေးတစ်နှစ်စာ ထုတ်ပြန်ကြေညာရာ အမေရိကန်ဒေါ်လာ ၂၂၈ သန်း ရရှိကြောင်း ဖော်ပြထားပြီး ၃၂ နှစ်ဆက်တိုက် အမြတ်ရရှိခဲ့သည်။ ယူအေအီးမှ အခြားလေကြောင်းလိုင်းတစ်ခု ဖြစ်သော   Etihad Airways မှာမူ အမေရိကန်ဒေါ်လာ သန်း ၈၇၀ အရှုံးပေါ်သည်။ နှစ်စဉ် အရှုံးပြနေခဲ့သည်မှာ ပြီးခဲ့သည့် လေးနှစ်တာတွင် အမေရိကန်ဒေါ်လာ ၅ . ၆ ဘီလျံ ဆုံးရှုံးခဲ့သည်။

 

Emirates ၏ အဓိကကျသော ကိန်းဂဏန်းများကို ပြီးခဲ့သည့်နစ်နှင့် နှိုင်းယှဉ် ပြောဆိုမည် ဆိုပါလျှင်

ဝင်ငွေသည် ၆% လျော့ကျ၊ အမေရိကန်ဒေါ်လာ ၂၅. ၁ ဘီလျံ

ခရီးသည်ထိုင်ခုံခုရေလည်း ၆% လျော့ကျ 

Emirates လေယာဉ်အုပ်စုသည် စီးရေ ၂၇၀ တသမတ်တည်း ထားရှိသည်။ Airbus A380 ၆ စီး အသစ်ဝယ်သည်။ Boeing 777 အဟောင်း ၆ စီး ရောင်းထုတ်လိုက်သည်။

Emirates လေယာဉ် ၂၇၀ စီး၏ ပျမ်းမျှသက်တမ်းမှာ ၆ . ၈ နှစ် ဖြစ်သည်။

လေယာဉ်ဆီ ဈေး ၉ % လျော့ကျသဖြင့် လည်ပတ်စရိတ် လျော့ကျသည်။

 

 

ပျံသန်းမှုနယ်ပယ်များကို ဒေသများ ခွဲခြားသတ်မှတ်ထားပြီး ဝင်ငွေ ရရှိမှု မျှတသည်။ မည်သည့် ဒေသမှ ဝင်ငွေ စုစုပေါင်း၏ ၃၀% ထက် ပိုများခြင်း မရှိချေ။

 

ဥရောပဒေသ ဝင်ငွေ အမေရိကန်ဒေါ်လာ ၇ . ၁ ဘီလျံ

အာရှအရှေ့ပိုင်းနှင့် ဩစတေးလျ ဝင်ငွေ အမေရိကန်ဒေါ်လာ ၆ . ၆ ဘီလျံ

အမေရိက ဝင်ငွေ အမေရိကန်ဒေါ်လာ ၄ ဘီလျံ

အာဖရိက ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ . ၄ ဘီလျံ

ပင်လယ်ကွေ့နှင့် အရှေ့အလယ်ပိုင်းဒေသ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ . ၁ ဘီလျံ

အာရှအနောက်ပိုင်းနှင့် အိန္ဒိယသမုဒ္ဒရာဒေသ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂ . ၇ ဘီလျံ

Emirates လေကြောင်းလိုင်းသည် ဖေဖော်ဝါရီ လလယ်မှစ၍ ကူးစက်ရောဂါကပ်ဘေးကြောင့် အထိနာသည်။ မိခင်နိုင်ငံ ဒူဘိုင်း အပြည်ပြည်ဆိုင်ရာလေဆိပ်သည ၄၅ ရက်တိုင်တိုင် ပိတ်ထားခဲ့သည်။ အမေရိကန်ဒေါ်သည် Emirates ပျံသန်းနေသော ဒေသများရှိ ငွေကြေးများထက် ခိုင်မာနေသဖြင့် ငွေလဲနှုန်းများကြောင့် လေကြောင်းလိုင်းသည် အမေရိကန်ဒေါ်လာ ၂၆၂ သန်း နစ်နာဖွယ် ရှိသည်။ လေယာဉ်ဆီများ ကြိုပွိုင့် ဝယ်ယူသည့် ဈေးနှုန်းသည် ရေနံဈေးထိုးကျသဖြင့် ဖြစ်ပေါ်နေသော ကာလပေါက်ဈေးထက် ဈေးကြီးနေသည်။ ထို့အတွက် လေကြောင်းလိုင်းသည် အမေရိကန်ဒေါ်လာ ၂၉၉ သန်း နစ်နာဖွယ် ရှိသည်။

 

Emirates first class

zawgyi

Emirates ေလေၾကာင္းလိုင္း အျမတ္ အေမရိကန္ေဒၚလာ ၂၂၈ သန္း ရရွိေၾကာင္း ထုတ္ျပန္

ယူေအအီး (အာရပ္ေစာ္ဘြားမ်ား ျပည္ေထာင္စု)မွ ေလေၾကာင္းလိုင္း Emirates က ၂၀၁၉ ဧၿပီလ ၁ ရက္မွ ၂၀၂၀ မတ္လ ၃၁ ရက္အထိ ဘ႑ာေရးတစ္ႏွစ္စာ ထုတ္ျပန္ေၾကညာရာ အေမရိကန္ေဒၚလာ ၂၂၈ သန္း ရရွိေၾကာင္း ေဖာ္ျပထားၿပီး ၃၂ ႏွစ္ဆက္တိုက္ အျမတ္ရရွိခဲ့သည္။ ယူေအအီးမွ အျခားေလေၾကာင္းလိုင္းတစ္ခု ျဖစ္ေသာ Etihad Airways မွာမူ အေမရိကန္ေဒၚလာ သန္း ၈၇၀ အရႈံးေပၚသည္။ ႏွစ္စဥ္ အရႈံးျပေနခဲ့သည္မွာ ၿပီးခဲ့သည့္ ေလးႏွစ္တာတြင္ အေမရိကန္ေဒၚလာ ၅ . ၆ ဘီလ်ံ ဆုံးရႈံးခဲ့သည္။

Emirates ၏ အဓိကက်ေသာ ကိန္းဂဏန္းမ်ားကို ၿပီးခဲ့သည့္နစ္ႏွင့္ ႏႈိင္းယွဥ္ ေျပာဆိုမည္ ဆိုပါလွ်င္
ဝင္ေငြသည္ ၆% ေလ်ာ့က်၊ အေမရိကန္ေဒၚလာ ၂၅. ၁ ဘီလ်ံ
ခရီးသည္ထိုင္ခုံခုေရလည္း ၆% ေလ်ာ့က်
Emirates ေလယာဥ္အုပ္စုသည္ စီးေရ ၂၇၀ တသမတ္တည္း ထားရွိသည္။ Airbus A380 ၆ စီး အသစ္ဝယ္သည္။ Boeing 777 အေဟာင္း ၆ စီး ေရာင္းထုတ္လိုက္သည္။
Emirates ေလယာဥ္ ၂၇၀ စီး၏ ပ်မ္းမွ်သက္တမ္းမွာ ၆ . ၈ ႏွစ္ ျဖစ္သည္။
ေလယာဥ္ဆီ ေဈး ၉ % ေလ်ာ့က်သျဖင့္ လည္ပတ္စရိတ္ ေလ်ာ့က်သည္။

ပ်ံသန္းမႈနယ္ပယ္မ်ားကို ေဒသမ်ား ခြဲျခားသတ္မွတ္ထားၿပီး ဝင္ေငြ ရရွိမႈ မွ်တသည္။ မည္သည့္ ေဒသမွ ဝင္ေငြ စုစုေပါင္း၏ ၃၀% ထက္ ပိုမ်ားျခင္း မရွိေခ်။

ဥေရာပေဒသ ဝင္ေငြ အေမရိကန္ေဒၚလာ ၇ . ၁ ဘီလ်ံ
အာရွအေရွ႕ပိုင္းႏွင့္ ဩစေတးလ် ဝင္ေငြ အေမရိကန္ေဒၚလာ ၆ . ၆ ဘီလ်ံ
အေမရိက ဝင္ေငြ အေမရိကန္ေဒၚလာ ၄ ဘီလ်ံ
အာဖရိက ဝင္ေငြ အေမရိကန္ေဒၚလာ ၂ . ၄ ဘီလ်ံ
ပင္လယ္ေကြ႕ႏွင့္ အေရွ႕အလယ္ပိုင္းေဒသ ဝင္ေငြ အေမရိကန္ေဒၚလာ ၂ . ၁ ဘီလ်ံ
အာရွအေနာက္ပိုင္းႏွင့္ အိႏၵိယသမုဒၵရာေဒသ ဝင္ေငြ အေမရိကန္ေဒၚလာ ၂ . ၇ ဘီလ်ံ


Emirates ေလေၾကာင္းလိုင္းသည္ ေဖေဖာ္ဝါရီ လလယ္မွစ၍ ကူးစက္ေရာဂါကပ္ေဘးေၾကာင့္ အထိနာသည္။ မိခင္ႏိုင္ငံ ဒူဘိုင္း အျပည္ျပည္ဆိုင္ရာေလဆိပ္သည ၄၅ ရက္တိုင္တိုင္ ပိတ္ထားခဲ့သည္။ အေမရိကန္ေဒၚသည္ Emirates ပ်ံသန္းေနေသာ ေဒသမ်ားရွိ ေငြေၾကးမ်ားထက္ ခိုင္မာေနသျဖင့္ ေငြလဲႏႈန္းမ်ားေၾကာင့္ ေလေၾကာင္းလိုင္းသည္ အေမရိကန္ေဒၚလာ ၂၆၂ သန္း နစ္နာဖြယ္ ရွိသည္။ ေလယာဥ္ဆီမ်ား ႀကိဳပြိဳင့္ ဝယ္ယူသည့္ ေဈးႏႈန္းသည္ ေရနံေဈးထိုးက်သျဖင့္ ျဖစ္ေပၚေနေသာ ကာလေပါက္ေဈးထက္ ေဈးႀကီးေနသည္။ ထို႔အတြက္ ေလေၾကာင္းလိုင္းသည္ အေမရိကန္ေဒၚလာ ၂၉၉ သန္း နစ္နာဖြယ္ ရွိသည္။


Emirates first class

 

Read times
Rate this item
(0 votes)