Transportation

ရန်ကုန်-လှော်ကား၊ အင်းစိန်- မဂ်လာဒုံ-ရန်ကုန်နှင့် ရန်ကုန်-တိုးကြောင်ကလေး- အုတ်ဖိုစုလမ်းပိုင်းများတွင် မြို့ပတ်ရထားများ တိုးချဲ့ပြေးဆွဲမည်

နေ့စဥ်ပြေးဆွဲနေသောမြို့ပတ် ရထားများမှာ ရထားတွဲဆိုင်းနှင့် စီးနင်းသည့်ခရီးသည် မျှတမှု

ရှိသော်လည်း အကြီးအကဲများ၏ လမ်းညွှန်ချက်အရ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် Social Distancing ဖြစ်စေရေးအတွက် မနက်ပိုင်းနှင့် ညနေပိုင်းရုံးချိန်ရထားများကို မေလ၁၈ရက်မှစ၍ 

ရန်ကုန်-လှော်ကား၊
အင်းစိန်- မဂ်လာဒုံ-ရန်ကုန်နှင့်
ရန်ကုန်-တိုးကြောင်ကလေး- အုတ်ဖိုစုလမ်းပိုင်းများ
လမ်းပိုင်း(၃)ခုတွင် တစ်စီးစီ တိုးချဲ့ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-လှော်ကား လမ်းပိုင်းတွင်
=========
လှော်ကားမှ မနက်၀၇၂၀ နာရီ ထွက်ခွာပြီး ရန်ကုန်သို့ မနက်၉နာရီတွင် ရောက်ရှိပါမည်။
ညနေပိုင်းတွင် ရန်ကုန်ဘူတာကြီးမှ ၆နာရီ ထွက်ခွာပြီး ​လှော်ကားသို့ ၇နာရီ ၄၀မိနစ်တွင်ရောက်ရှိပါမည်။

အင်းစိန်-မဂ်လာဒုံ-ရန်ကုန်လမ်းပိုင်းတွင်
===========
အင်းစိန်မှ မနက် ၇နာရီ ၂၅မိနစ်နှင့် မဂ်လာဒုံမှ ၈နာရီ၁၀မိနစ်တို့တွင် ထွက်ခွာ၍ ရန်ကုန်သို့ ၉နာရီ ၁၅မိနစ်တွင် ရောက်ရှိပါမည်။
ညနေပိုင်းတွင် ရန်ကုန်မှ ၅နာရီ ၄၅မိနစ်တွင် ထွက်ပြီး မဂ်လာဒုံသို့ ညနေ ၆နာရီ၅၀ မိနစ
အင်းစိန်သို့ ၇နာရီ ၃၅မိနစ်တွင် ရောက်ရှိမည် ဖြစ်ပါသည်။

ရန်ကုန်-တိုးကြောင်က လေး-အုတ်ဖိုစုလမ်းပိုင်း
==============
အုတ်ဖိုစုမှ မနက် ၇နာရီ ၃၅ မိနစ်တွင် ထွက်ခွာပြီး ရန်ကုန်သို့ ၉နာရီ ၁၀မိနစ်တွင် ရောက်ရှိပါမည်။
ညနေပိုင်းတွင် ရန်ကုန်မှ ၅နာရီ ၅၀မိနစ်တွင် ထွက်ခွာပြီး အုတ်ဖိုစုသို့ ၇နာရီ၂၅မိနစ်တွင် ရောက်ရှိမည် ဖြစ်ပါသည်။

ရထားအချိန်စာရင်း အသေး စိတ်အား သက်ဆိုင်ရာဘူတာ များတွင် ကြေငြာပေးသွားမည် ဖြစ်ကြောင်း သိရသည်

zawgyi


ရန်ကုန်-လှော်ကား၊

=========

===========

==============


Read times
Rate this item
(0 votes)