Transportation

ဖိလစ်ပိုင်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့

ဖိလစ်ပိုင်တွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားများအား မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင်ခဲ့သည်။

၁။ နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှုယာယီရပ်ဆိုင်း ထားခြင်းကြောင့် ဖိလစ်ပိုင် နိုင်ငံတွင် အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသား(၈၁)ဉီးအား Air Asia Philippines ကယ်ဆယ်ရေး လေယာဉ်ဖြင့် ပြန်လည်ခေါ်ဆောင်ခဲ့ရာ ၁၈-၅-၂၀၂၀ ရက်နေ့၊ နံနက် (၁၀:၂၅) နာရီတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ အဆင်ပြေ ချောမွေ့စွာ ပြန်လည်ရောက်ရှိခဲ့သည်။
၂။ ၎င်းတို့ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိချိန်တွင် လူဝင်မှု ကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနှင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ကြေညာ ထားသည့် သတ်မှတ်ချက်များနှင့်အညီ သီးခြားသတ်မှတ် ပေးထားသည့်နေရာ သို့မဟုတ် သတ်မှတ်ဟိုတယ်များ၌ (၂၁)ရက်တာ အသွားအလာကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့မှ သက်ဆိုင်ရာ အခန်းကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့သည်။
၃။ ထိုသို့နိုင်ငံတကာခရီးသည်တင်လေယာဉ်များ ပျံသန်းမှု ယာယီ ရပ်ဆိုင်းထားခြင်းကြောင့် ပြည်ပနိုင်ငံအသီးသီးတွင် ပိတ်မိ၍ အခက်အခဲ ကြုံတွေ့နေကြသည့် မြန်မာနိုင်ငံသားများအား Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံခြားရေးဝန်ကြီးဌာန အနေဖြင့် သက်ဆိုင်ရာ နိုင်ငံများရှိ မြန်မာသံရုံးများနှင့် မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဝန်ကြီးဌာနတို့နှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးမှုဖြင့် ဂျပန်နိုင်ငံ၊ ကိုရီးယားသမ္မတနိုင်ငံ၊ ထိုင်းနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ စင်ကာပူနိုင်ငံ၊ အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ မလေးရှားနိုင်ငံ၊ အာရပ် စော်ဘွားများပြည်ထောင်စုနိုင်ငံ (ယူအေအီး)၊ ကာတာနိုင်ငံ၊ အီတလီနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနှင့် ဖိလစ်ပိုင်နိုင်ငံတို့မှ အခက်အခဲကြုံတွေ့နေရသည့် မြန်မာနိုင်ငံသားစုစုပေါင်း(၂၀၇၂)ဦးအား ကယ်ဆယ်ရေးလေယာဉ်များဖြင့် မြန်မာနိုင်ငံသို့ ပြန်လည်ခေါ်ဆောင် ပေးခဲ့ပြီးဖြစ်သည်။

Ministry of Foreign Affairs Myanmar

ဖိလစ္ပိုင္တြင္ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသားမ်ားအား ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ခဲ့

၁။ ႏိုင္ငံတကာခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းမႈယာယီရပ္ဆိုင္း ထားျခင္းေၾကာင့္ ဖိလစ္ပိုင္ ႏိုင္ငံတြင္ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသား(၈၁)ဉီးအား Air Asia Philippines ကယ္ဆယ္ေရး ေလယာဥ္ျဖင့္ ျပန္လည္ေခၚေဆာင္ခဲ့ရာ ၁၈-၅-၂၀၂၀ ရက္ေန႔၊ နံနက္ (၁၀:၂၅) နာရီတြင္ ရန္ကုန္အျပည္ျပည္ဆိုင္ရာ ေလဆိပ္သို႔ အဆင္ေျပ ေခ်ာေမြ႕စြာ ျပန္လည္ေရာက္ရွိခဲ့သည္။
၂။ ၎တို႔ ရန္ကုန္အျပည္ျပည္ဆိုင္ရာေလဆိပ္သို႔ ေရာက္ရွိခ်ိန္တြင္ လူဝင္မႈ ႀကီးၾကပ္ေရး၊ က်န္းမာေရးစိစစ္ေရးႏွင့္ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနမွ ထုတ္ျပန္ေၾကညာ ထားသည့္ သတ္မွတ္ခ်က္မ်ားႏွင့္အညီ သီးျခားသတ္မွတ္ ေပးထားသည့္ေနရာ သို႔မဟုတ္ သတ္မွတ္ဟိုတယ္မ်ား၌ (၂၁)ရက္တာ အသြားအလာကန႔္သတ္ေနထိုင္ေရးတို႔ကို အလုပ္သမား၊ လူဝင္မႈႀကီးၾကပ္ေရးႏွင့္ ျပည္သူ႔အင္အားဝန္ႀကီးဌာန၊ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာနႏွင့္ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔မွ သက္ဆိုင္ရာ အခန္းက႑အလိုက္ တာဝန္ယူ ေဆာင္႐ြက္ေပးခဲ့သည္။
၃။ ထိုသို႔ႏိုင္ငံတကာခရီးသည္တင္ေလယာဥ္မ်ား ပ်ံသန္းမႈ ယာယီ ရပ္ဆိုင္းထားျခင္းေၾကာင့္ ျပည္ပႏိုင္ငံအသီးသီးတြင္ ပိတ္မိ၍ အခက္အခဲ ႀကဳံေတြ႕ေနၾကသည့္ ျမန္မာႏိုင္ငံသားမ်ားအား Coronavirus Disease 2019 (COVID-19) ကာကြယ္၊ ထိန္းခ်ဳပ္၊ ကုသေရး အမ်ိဳးသားအဆင့္ ဗဟိုေကာ္မတီ၏ လမ္းၫႊန္ခ်က္ႏွင့္အညီ ႏိုင္ငံျခားေရးဝန္ႀကီးဌာန အေနျဖင့္ သက္ဆိုင္ရာ ႏိုင္ငံမ်ားရွိ ျမန္မာသံ႐ုံးမ်ားႏွင့္ ျမန္မာႏိုင္ငံရွိ သက္ဆိုင္ရာဝန္ႀကီးဌာနတို႔ႏွင့္ ပူးေပါင္းညႇိႏႈိင္း ေဆာင္႐ြက္ေပးမႈျဖင့္ ဂ်ပန္ႏိုင္ငံ၊ ကိုရီးယားသမၼတႏိုင္ငံ၊ ထိုင္းႏိုင္ငံ၊ ဘဂၤလားေဒ့ရွ္ႏိုင္ငံ၊ စင္ကာပူႏိုင္ငံ၊ အေမရိကန္ျပည္ေထာင္စု၊ ၿဗိတိန္ႏိုင္ငံ၊ အင္ဒိုနီးရွားႏိုင္ငံ၊ မေလးရွားႏိုင္ငံ၊ အာရပ္ ေစာ္ဘြားမ်ားျပည္ေထာင္စုႏိုင္ငံ (ယူေအအီး)၊ ကာတာႏိုင္ငံ၊ အီတလီႏိုင္ငံ၊ ဗီယက္နမ္ႏိုင္ငံႏွင့္ ဖိလစ္ပိုင္ႏိုင္ငံတို႔မွ အခက္အခဲႀကဳံေတြ႕ေနရသည့္ ျမန္မာႏိုင္ငံသားစုစုေပါင္း(၂၀၇၂)ဦးအား ကယ္ဆယ္ေရးေလယာဥ္မ်ားျဖင့္ ျမန္မာႏိုင္ငံသို႔ ျပန္လည္ေခၚေဆာင္ ေပးခဲ့ၿပီးျဖစ္သည္။
Ministry of Foreign Affairs Myanmar

Read times
Rate this item
(0 votes)