Transportation

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ် စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိ

ချင်းပြည်နယ် ဖလမ်း(ဆူရ်ဘုန်) လေဆိပ်အား ယခုနှစ် ဇွန်လကုန်တွင်

လုပ်ငန်းများ ပြီးစီးကာ စက်တင်ဘာလတွင် ပုံမှန်လေကြောင်းခရီးစဉ်များ စတင်ပြေးဆွဲနိုင်ရေး မျှော်မှန်းဆောင်ရွက်လျက်ရှိကြောင်း ချင်းပြည်နယ် အစိုးရအဖွဲ့ ပြည်နယ် စည်ပင်သာယာရေး ၊ လျှပ်စစ် နှင့် စက်မှု ဝန်ကြီး ဦးစိုးထက်က ဆင်ဟွာသို့ ယနေ့ ပြောကြားခဲ့သည်။

"COVID-19 ကာလမှာကို လူ ၃၀၀ ၊ ၄၀၀ လောက် လုပ်သားတွေကို မပြန်ခိုင်းဘဲနဲ့ နေ့ည ဆက်တိုက် လုပ်နေပါတယ်။ ဇွန်လကုန်လောက် ပြီးဖို့ မှန်းထားပါတယ်။ ဇွန်လကုန် ပြီးတာနဲ့ Test run လုပ်မှာပေါ့။Test run လုပ်ပြီးလို့ အဆင်ပြေပြီ ဆိုတာနဲ့ အဲဒီနောက်ပိုင်း ဆက်တိုက် လေယာဉ် ဆင်းနိုင်အောင် အဲလိုလေး မှန်းထားပါတယ်။ပြေးလမ်းရော ၊ အခြား အဆောက်အဦပိုင်း ဆိုင်ရာရော တော်တော်များများ ပြီးနေပါပြီ ။ အခုကတော့ လက်ကျန် လုပ်ငန်းလေးတွေကို လက်စသတ်နေတာပေါ့။ ကျွန်တော်တို့ ဒီလုပ်ငန်း မရပ်တန့်သွားအောင် COVID-19 ဖြစ်တဲ့ကာလမှာလည်း တောက်လျေှာက် လုပ်သားတွေ ခေါ်ပြီး ဆက်တိုက် လုပ်နေတဲ့ အတွက် ဇွန်လကုန်တော့ ပြီးမှာပေါ့။”ဟု ပြည်နယ် အစိုးရ အဖွဲ့ ဝန်ကြီး ဦးစိုးထက်က ပြောကြားခဲ့သည်။

ချင်းပြည်နယ် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် လမ်းပန်းဆက်သွယ်ရေး တိုးတက် ကောင်းမွန်ရေးတို့အတွက် လေကြောင်း ဝင်ပေါက် (Gateway of Chin State Airport) တစ်ခုအနေဖြင့် ဖလမ်း(ဆူရ်ဘုန်)လေဆိပ် တည်ဆောက်ရေးလုပ်ငန်းကို ၂၀၁၅ - ၂၀၁၆ ဘဏ္ဍာရေးနှစ်မှ စတင်ခဲ့ပြီး၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးအောင် ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ ဖလမ်း(ဆူရ်ဘုန်)လေဆိပ်သစ်တည်ဆောက်ရေးစီမံကိန်းသည် ဖလမ်းမြို့ ၏အနောက်ဘက် ၈ ဒသမ ၅ မိုင်အကွာရှိ ဆူရ်ဘုန်တောင်ကြော၌တည်ရှိပြီး လေယာဉ်ပြေးလမ်း အလျားပေ ၆၀၀၀၊ အကျယ် ပေ ၁၀၀ ရှိကြောင်း နှင့် ATR 72 လေယာဉ်များဆင်းသက်နိုင်မည်ဖြစ်ကြောင်း သိရသည်။

ဆူရ်ဘုန်လေဆိပ် တည်ဆောက်ပြီးစီးပါက ချင်းပြည်နယ်၏ အဓိက လေကြောင်း ဝင်ပေါက်ဖြစ်လာပြီး ပြည်တွင်း၊ ပြည်ပ ခရီးသွားဧည့်သည်များ အချိန်တိုအတွင်း လာရောက်လည်ပတ်နိုင်မည့် အပြင် ဒေသထွက်ကုန်များနှင့် တိုင်းရင်းသားများအနေဖြင့် မြန်မာနိုင်ငံအတွင်းရှိ ဒေသအနှံ့အပြားသို့ လွယ်ကူလျင်မြန်စွာ သွားလာနိုင်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

ZAWGYI

ခ်င္းျပည္နယ္ ဖလမ္း(ဆူရ္ဘုန္) ေလဆိပ္ စက္တင္ဘာလတြင္ ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား စတင္ေျပးဆြဲႏိုင္ေရး ေမွ်ာ္မွန္းေဆာင္႐ြက္လ်က္ရွိ

ခ်င္းျပည္နယ္ ဖလမ္း(ဆူရ္ဘုန္) ေလဆိပ္အား ယခုႏွစ္ ဇြန္လကုန္တြင္ လုပ္ငန္းမ်ား ၿပီးစီးကာ စက္တင္ဘာလတြင္ ပုံမွန္ေလေၾကာင္းခရီးစဥ္မ်ား စတင္ေျပးဆြဲႏိုင္ေရး ေမွ်ာ္မွန္းေဆာင္႐ြက္လ်က္ရွိေၾကာင္း ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ ျပည္နယ္ စည္ပင္သာယာေရး ၊ လွ်ပ္စစ္ ႏွင့္ စက္မႈ ဝန္ႀကီး ဦးစိုးထက္က ဆင္ဟြာသို႔ ယေန႔ ေျပာၾကားခဲ့သည္။

"COVID-19 ကာလမွာကို လူ ၃၀၀ ၊ ၄၀၀ ေလာက္ လုပ္သားေတြကို မျပန္ခိုင္းဘဲနဲ႔ ေန႔ည ဆက္တိုက္ လုပ္ေနပါတယ္။ ဇြန္လကုန္ေလာက္ ၿပီးဖို႔ မွန္းထားပါတယ္။ ဇြန္လကုန္ ၿပီးတာနဲ႔ Test run လုပ္မွာေပါ့။Test run လုပ္ၿပီးလို႔ အဆင္ေျပၿပီ ဆိုတာနဲ႔ အဲဒီေနာက္ပိုင္း ဆက္တိုက္ ေလယာဥ္ ဆင္းႏိုင္ေအာင္ အဲလိုေလး မွန္းထားပါတယ္။ေျပးလမ္းေရာ ၊ အျခား အေဆာက္အဦပိုင္း ဆိုင္ရာေရာ ေတာ္ေတာ္မ်ားမ်ား ၿပီးေနပါၿပီ ။ အခုကေတာ့ လက္က်န္ လုပ္ငန္းေလးေတြကို လက္စသတ္ေနတာေပါ့။ ကြၽန္ေတာ္တို႔ ဒီလုပ္ငန္း မရပ္တန႔္သြားေအာင္ COVID-19 ျဖစ္တဲ့ကာလမွာလည္း ေတာက္ေလွ်ာက္ လုပ္သားေတြ ေခၚၿပီး ဆက္တိုက္ လုပ္ေနတဲ့ အတြက္ ဇြန္လကုန္ေတာ့ ၿပီးမွာေပါ့။”ဟု ျပည္နယ္ အစိုးရ အဖြဲ႕ ဝန္ႀကီး ဦးစိုးထက္က ေျပာၾကားခဲ့သည္။

ခ်င္းျပည္နယ္ ေဒသဖြံ႕ၿဖိဳးတိုးတက္ေရးႏွင့္ လမ္းပန္းဆက္သြယ္ေရး တိုးတက္ ေကာင္းမြန္ေရးတို႔အတြက္ ေလေၾကာင္း ဝင္ေပါက္ (Gateway of Chin State Airport) တစ္ခုအေနျဖင့္ ဖလမ္း(ဆူရ္ဘုန္)ေလဆိပ္ တည္ေဆာက္ေရးလုပ္ငန္းကို ၂၀၁၅ - ၂၀၁၆ ဘ႑ာေရးႏွစ္မွ စတင္ခဲ့ၿပီး၂၀၁၉ - ၂၀၂၀ ဘ႑ာေရးႏွစ္တြင္ ၿပီးစီးေအာင္ ေဆာင္႐ြက္လ်က္ ရွိေၾကာင္း သိရသည္။

အဆိုပါ ဖလမ္း(ဆူရ္ဘုန္)ေလဆိပ္သစ္တည္ေဆာက္ေရးစီမံကိန္းသည္ ဖလမ္းၿမိဳ႕ ၏အေနာက္ဘက္ ၈ ဒသမ ၅ မိုင္အကြာရွိ ဆူရ္ဘုန္ေတာင္ေၾကာ၌တည္ရွိၿပီး ေလယာဥ္ေျပးလမ္း အလ်ားေပ ၆၀၀၀၊ အက်ယ္ ေပ ၁၀၀ ရွိေၾကာင္း ႏွင့္ ATR 72 ေလယာဥ္မ်ားဆင္းသက္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။

ဆူရ္ဘုန္ေလဆိပ္ တည္ေဆာက္ၿပီးစီးပါက ခ်င္းျပည္နယ္၏ အဓိက ေလေၾကာင္း ဝင္ေပါက္ျဖစ္လာၿပီး ျပည္တြင္း၊ ျပည္ပ ခရီးသြားဧည့္သည္မ်ား အခ်ိန္တိုအတြင္း လာေရာက္လည္ပတ္ႏိုင္မည့္ အျပင္ ေဒသထြက္ကုန္မ်ားႏွင့္ တိုင္းရင္းသားမ်ားအေနျဖင့္ ျမန္မာႏိုင္ငံအတြင္းရွိ ေဒသအႏွံ႔အျပားသို႔ လြယ္ကူလ်င္ျမန္စြာ သြားလာႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ (Xinhua)

Read times
Rate this item
(0 votes)