Transportation

Air KBZ မှ ပြည်တွင်းခရီးစဉ်များ အတွက် "တစ်ဝက်ပေး၊ အသွားအပြန်ခရီး" အထူးအစီအစဉ်ပြုလုပ်

Air KBZ မှ ပြည်တွင်းခရီးစဉ်များ အတွက် "တစ်ဝက်ပေး၊ အသွားအပြန်ခရီး" အထူးအစီအစဉ်ပြုလုပ် AIR KBZ

ကိုဗစ်ကာလအတွင်း ပြည်တွင်းခရီးသွားများ ခရီးသွားလာမှု အဆင်ပြေလွယ်ကူစေရန် Air KBZ လေကြောင်းလိုင်းက "တစ်ဝက်ပေး၊ အသွားအပြန်ခရီး" အထူးအစီ ပြုလုပ်ပေးထားကြောင်းသိရပါတယ်။

 

အထူးသဖြင့် ယခုကဲ့သို့ ခရီးသွားလာခြင်းဆိုင်ရာ ကိစ္စရပ်များတွင် အခက်အခဲများဖြင့် ရင်ဆိုင်​ေနရသောကာလအတွင်း မဖြစ်မနေအကြောင်းများကြောင့် မိမိတို့၏ နေရပ်ဒေသများသို့ ပြန်ရန်စီစဉ်နေသူများ၊ ခရီးသွားလာရန်စီစဉ်နေသူများအားလုံး သွားလာရ လွယ်ကူအဆင်ပြေစေရန် ရည်ရွယ်၍ Air KBZ မှ ပြေးဆွဲနေသေ ာပြည်တွင်းခရီးစဉ်များအတွက် ယခင့် ယခင်ထက်ပိုမိုသက်သာသောစျေးနှုန်းများဖြင့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။

 

ရောင်းချပေးမည့် ခရီးစဉ်တစ်ကြောင်းစာ နှုန်းထားနှင့် အသွားအပြန်ခရီးစဉ်လက်မှတ်အားရရှိနိုင်သော"တစ်ဝက်ပေး၊ အသွားအပြန်ခရီး" အထူးလက်မှတ်စျေးနှုန်းများ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။

 

အဆိုပါ "တစ်ဝက်ပေး၊ အသွားအပြန်ခရီး" ၏ လက်မှတ်ဝယ်ယူရန်ကာလမှ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ ၂၀ ရက်နေ့အထိ ရောင်းချပေးမှာဖြစ်ပြီး ခရီးသွားရန်ကာလမှာ ၂၀၂၀ ခုနှစ် ဩဂုတ်လ ၁၄ ရက်နေ့မှ စက်တင်ဘာလ ၃၀ ရက်နေ့ထိဖြစ်ပါတယ်။ လက်မှတ်စျေးနှုန်းများတွင် လေဆိပ်အခွန်အခများအားထပ်ဆောင်းပေးဆောင်ရမည်ဖြစ်ပါတယ်။

 

ခရီးသွားမည့်ရက်အပြောင်းအလဲပြုလုပ်ခြင်းနှင့် ခရီးစဉ်အချိန်ပြောင်းလဲခြင်း (တစ်ကြိမ်) ကိုခရီးသွားမည့်ရက်မတိုင်မီ ၃ ရက်ကြိုတင်၍ Air KBZ ရုံးချုပ်လက်မှတ်အရောင်းဌာနသို့တိုက်ရိုက်ဆက်သွယ်အကြောင်းကြားခြင်းဖြင့် အခမဲ့ဆောင်ရွက်နိုင်ပါတယ်။

 

အထူးပရိုမိုးရှင်းလေးတွေဖြစ်လို့ *** Terms & Conditions Apply and Limited Seats Available ဖြစ်ကြောင်းအသိပေးအပ်ပါသည်။

 

Air KBZ ၏ Website – www.airkbz.com ၊ Mobile App ၊ K7Chatbot ၊ နယ်ရုံးခွဲများနှင့် လက်မှတ်အရောင်းကောင်တာများတွင် တိုက်ရိုက်ဝယ်ယူရရှိနိုင်မည်ဖြစ်သလို Air KBZ ၏ လက်မှတ်အရောင်းကိုယ်စားလှယ်များထံတွင်လည်း ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။

 

By Aung Win (Myanmar Logistic Guide)

Ref: AIR KBZ

Read times
Rate this item
(1 Vote)