Transportation

စင်ကာပူ၏ STCW နှင့် GOC/ROC နှင့် မြန်မာ၏ SEA အလိုအလျောက်သက်တမ်းတိုး သတ်မှတ်မှုများ

မြန်မာနိုင်ငံသည် သင်္ဘောပိုင်ရှင်များအား သင်္ဘောသားများအလုပ်ခန့်ရန်သဘောတူညီချက် (Seafarers Employment Agreement (SEA))သက်တမ်းကုန်ဆုံးပြီးဖြစ်သော မြန်မာသင်္ဘောသားများအား ပထမဆုံးဖြစ်နိုင်သည့်ဆိပ်ကမ်းတွင် ပြန်ပို့ရန်အတွက် အားထုတ်ရန် တိုက်တွန်းထားသည်။

 

Department of Marine Administration (DMA) မှ အကယ်၍ ပြန်လွှတ်ရန် မဖြစ်နိုင်သေးသဖြင့် သင်္ဘောပေါ်တွင် တာဝန်ထမ်းဆောင်နေသော မြန်မာ သင်္ဘောသားများ၏ SEA များကို သက်တမ်းကုန်ဆုံးသည့်နေ့မှ နောက်ထပ် သက်တမ်းတိုးပေးကြောင်း အသိပေးကြေညာထားသည်။ သို့သော် မည်သည့် အကြောင်းနှင့်မဆို သင်္ဘောသားများအတွက် သင်္ဘောပေါ်တွင် အဆက်မပြတ် တာ၀န်ထမ်းဆောင်မှုကာလသည် အများဆုံး ၁၅ လထက်မပိုရန် ဦးစီးဌာနက သင်္ဘောပိုင်ရှင်များအား သတိပေးခဲ့သည်။

 

သင်္ဘောသားများသည် စာချုပ်သက်တမ်း ကျော်လွန်နေပြီ ဖြစ်သော်လည်း COVID-19 ကြောင့် ခရီးသွားလာမှုများ ကန့်သတ်ချုပ်ချယ်ခြင်းများနှင့် quarantine ဝင်ရန် သတ်မှတ်ချက်များကြောင့် အိမ်ပြန်မရ ဖြစ်နေကြသည်။

 

“ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းနေသော သင်္ဘောသားတစ်ဦး သည် ရေကြောင်းဆိုင်ရာ ထိခိုက်ပျက်စီးမှုတွင်ပါ ၀ င်မှုနှုန်း မြင့်မားနိုင်သည်။ ထို့ကြောင့်သင်္ဘောပိုင်ရှင်သည် SEA သက်တမ်းကုန်ဆုံးသွားသောအခါ ပထမဆုံးရရှိနိုင်သည့်ဆိပ်ကမ်းမှ သင်္ဘောသားများပြန်ပို့ရန် အစွမ်းကုန်ကြိုးစားရမည်” ဟု၎င်းကထပ်လောင်းပြောကြားခဲ့သည်။

 

သင်္ဘောပိုင်ရှင်များသည် သင်္ဘောသားများ၏ ပင်ပန်းနွမ်းနယ်မှုကိုရှောင်ရှားရန်နှင့် ကျန်းမာရေးကို အထောက်အကူပြုရန် အလုပ်ခွင်ပုံစံများကို ပြန်လည်စီစဉ်ခြင်း၊ အနားယူချိန်ပိုမိုခွင့်ပြုခြင်းစသည့် ဖြေလျော့ရေး အစီအစဉ်များကို စဉ်းစားရန်လိုအပ်သည်။

 

စင်ကာပူ (STCW) နှင့် (GOC/ROC) သက်တမ်းတိုး

စက်တင်ဘာ ၂၃ ရက်တွင်စင်ကာပူအာဏာပိုင်များသည်သင်္ဘောသားများအတွက် Standards of Training, Certification, and Watchkeeping for seafarers (STCW) နှင့် General/Restricted Operator’s Certificate (GOC/ROC) တို့ကို အလိုအလျောက် သက်တမ်း ၆ လ တိုးမြှင့်ကြောင်း ကြေညာသည်။

 

၂၀၀၀ ပြည့်နှစ်အောက်တိုဘာ ၁ ရက်မှ ၂၀၂၁ မတ်လအကြားသက်တမ်းကုန်ဆုံးမည့်လက်မှတ်များ အကျုံးဝင်ဝင်ပြီး ၆ လသက်တမ်းတိုးခြင်းသည် သက်တမ်းကုန်ဆုံးမည့်ရက်မှ စတင်မည်ဖြစ်သည်။

 

COVID-19 ခရီးသွားလာခွင့် ကန့်သတ်ချက်များကြောင့် သင်္ဘောသားများ အိမ်ပြန်ခွင့်မရသဖြင့် သက်တမ်းတိုးးခြင်း မပြုနိုင်သောကြောင့် လူကိုယ်တိုင် မလာရောက်နိုင်သဖြင့် အွန်လိုင်းမှ တင်ပြလျှောက်ထားပြီး သက်တမ်းတိုးရန် သက်ဆိုင်ရာအာဏာပိုင်များက သဘောတူခဲ့ခြင်း ဖြစ်သည်။

 

Myanmar Logistic Guide

Ref: safetyatsea.net

Read times
Rate this item
(0 votes)